မတူပီ – ပလက်ဝ လမ်းရှိ စစ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ အကျ အဆုံးရှိ

ချင်းပြည်နယ် ၊ မတူပီ – ပလက်ဝ လမ်းပေါ်ရှိ စစ်ကောင်စီ၏ ခလရ (၃၀၄) တပ်ရင်း ကင်းစခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (မတူပီ) က ယနေ့ ထုတ်ပြန် ကြေညာသည်။ ချင်းကာကွယ်ရေးတပ် (မတူပီ)( CDF-Matupi) နှင့် ချင်းအမျိုးသား တပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကာ ငါးဦး ထက်မနည်း ဒဏ်ရာ ရသွားသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အဲဒီဂိတ်က ပြည်သူတွေကို အနှောင့်အယှက်ပေးပြီး အနိုင်ကျင့်နေတဲ့ အတွက် ဝင်တိုက်ခိုက်ခဲ့တာပါ” ဟု CDF-Matupi မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။ ဒေသခံပြည်သူများ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စများဖြင့် မတူပီမြို့သို့ လာရောက်ရာတွင် အဆိုပါ ကင်းစခန်းက ခြိမ်း ခြောက် စစ်ဆေးခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယနေ့ နိုဝင်ဘာ လ ၂၆ ရက် နံနက်တွင်လည်း မတူပီ – ဟားခါး လမ်းပေါ်ရှိ ခရိုင်ထွေအုပ်ရုံး အနီးတွင် လည်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်းလည်း CDF-Matupi အဖွဲ့ထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s