မိုးကုတ်မြို့ ဆင်တောင်ဘုန်းကြီးကျောင်းနေသူ ၃ ဦးကို စစ်တပ်ကဖမ်းဆီး

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းက ဆင်တောင်ဘုန်းကြီးကျောင်းကို  နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ကဝင်စီးပြီး ဘုန်းကြီးကျောင်းနေသူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဦးပဥ္ဇင်း တစ်ပါးကို လာရှာတာလို့ ပြောတယ်။ လာရှာသူကိုမတွေ့တော့ ရှိတဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့သူ ၃ယောက်ကို ဖမ်းသွားတယ်။ ဦးပဥ္ဇင်း အခန်းကိုလည်း ဝင်ရှာသွားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနက်ပိုင်း ၅ နာရီခွဲလောက် စစ်ကောင်စီတပ်က အင်အား ၃၀ လောက်နဲ့ ဆင်တောင် ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် မနက် ၆ နာရီမှာ ဘုန်းကြီးကျောင်းနေသူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဦးပဥ္ဇင်းကို ဝင်ရှာတယ်ဆိုတာနဲ့ ကျန် ၃ ဦးကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို မသိရဘူးလို့ မြို့ခံက ပြောပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း အနည်းဆုံး အရပ်သား ၁၃ ဦးလောက် ဖမ်းဆီးခံထားရပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s