မြန်မာပလာဇာကို တော်လှန်ရေးအင်အားအ များစုက ရှုတ်ချကြောင်း ထုတ်ပြန်ပြီးနောက် တစ်ဝင်းလုံး လက်နက်ကိုင်စစ်တပ်ဖြင့် လုံ ခြုံရေးအပြည့်ချထား

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို ရိုက်နှက် ထိုးကြိတ်ခဲ့သော မြန်မာပလာဇာမှ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကို နိုင်ငံတစ် ဝန်းရှိ တော်လှန်ရေးအင်အားစုက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက် မြန်မာပလာဇာတစ်ဝင်းလုံးကို လုံခြုံရေး တင်းကျပ်ထားကာ လက်နက်ကိုင် စစ်သားများ အပြည့် ချထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။”လက်တုံ့ပြန်မယ်လို့ ကြေညာတဲ့ တော်လှန်ရေးအင်အားစုတွေလည်းရှိတော့ ဗုံးခွဲခံရမှာ ကြောက်လို့ထင်တယ်။ တစ်ဝင်းလုံး အပြင်ရော အတွင်းမှာရော ကားပါကင်မှာရော Melia Hotel ဘက်အခြမ်းမှာရော လက်နက်ကိုင်တွေ အပြည့်ပဲ။ အရင် ပလာဇာနားမှာ ရပ်နေတဲ့ တက္ကစီ ကားတွေ လည်းမရှိတော့ဘူး” ဟု ရန်ကုန်ကင်း ထောက်လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာပလာဇာ စျေးဝယ်စင်တာအတွင်း မနေ့က(နိုဝင်ဘာလ ၂၅ရက်)ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးသည့် ဖြစ်ရပ်အပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကကန့်ကွက်ရှုတ်ချလိုက်ပြီး ပြည်သူများအနေဖြင့် မြန်မာပလာဇာတွင် စျေးမဝယ်ကြရန် GSCB က မေတ္တာရပ်ခံတောင်းဆိုသည်။အလားတူ မန္တလေး သပိတ်အင်အားစုကလည်း ယနေ့နိုဝင်ဘာ(၂၅)ရက်နေ့၂၀၂၁ခုနှစ်တွင် ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ Myanmar Plaza ၏ Promotion Area တွင် အကြမ်းမဖက် တပါးသူကို မထိခိုက်စေသော Sost Strike Camp တစ်ခုကို LGBT ကွန်ယက်မှ တက်ကြွ လှုပ်ရှားသူများက လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်း အချို့က ထိုးကြိတ်ဖမ်းဆီးခဲ့မှုကို ပြင်း ထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အလားတူ အမျိုးသမီမဟာမိတ်အင်အားစု (WAB)ကလည်း ရန်ကုန်မြို့ ၊ မြန်မာပလာဇာမှာ ဖြစ်ပွားခဲ့သည့် မတရားမှုကိုဆန့်ကျင်ဆန္ဒပြလူ ငယ်များကို ပလာဇာလုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးမှုကြောင့် မြန်မာပလာဇာတွင် ပြည်သူများ စျေးမဝယ်ကြဘဲ သ ပိတ်မှောက်ကြရန် တောင်းဆိုထားသည်။

အလားတူ OCTOPUS ( ရေဘဝဲ-ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)ကလည်း နိုဝင်ဘာလ (၂၅) ရက်နေ့ ၊ ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၊ရန် ကင်းမြို့နယ်ရှိ Myanmar Plaza ၏ Promotion ပရဝုဏ်အတွင်း အကြမ်းမဖက်သော ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ( Soft Stricke Campaign) တစ်ခုကို LGBT ကွန်ယက်မှ တက်ကြွ လှုပ်ရှားသူများသည် လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန် ထမ်း အချို့က ကိုယ်ထိလက်ရောက် ထိုးကြိတ် ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့သည့်အပေါ် ရေဘဝဲ (ပြည်သူ့အ ကျိုးပြု လူငယ်အဖွဲ့အစည်း) က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း​ ကြေညာချက် ထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s