ယမန်နေ့ ဟိုဖိတ်ရွာ တိုက်ပွဲတွင် စစ်ကောင်စီက ရွာသား ၇ ဦးကို လူသားဒိုင်းလုပ်ကာ ဆုတ် ခွာသွား၊ စစ်ကောင်စီက ဒေသခံများကို လူ သား ဒိုင်းအဖြစ် အသုံးချနေသည်မှာ ၅ ကြိမ် ရှိပြီဖြစ်

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာစဉ် အပြစ်မဲ့ ဒေသခံရွာသား ၇ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ကာ ငွေတောင်ကျေးရွာအနီးရှိ ခမရ ၄၂၇ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားပြီး နေ့လယ်မှ ပြန်လွှတ်ပေးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ် ပြန်သည်။

ယမန်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော်သည် ဟိုဖိတ်ရွာသို့ စစ်ကြောင်းထိုးလာပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ကာ အဆိုပါ တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့သည်။ဟိုဖိတ်ရွာတိုက်ပွဲတွင် လွိုင်ကော်ရှိ စစ်ကောင်စီအ မြှောက်တပ်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။စစ်​ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်း ဆိုးဝါးသည့် လူ့အခွင့်အ​​ရေးချိုး​ဖောက်မှုများဖြစ်​သော လူသားဒိုင်းအသုံးပြုခြင်း၊ ​​ကျေးရွာများအတွင်း ​မြေမြုပ်မိုင်း​ထောင်ခြင်း၊ လူ​နေအိမ်များအား မီးရို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများအား ဖမ်းဆီးညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်​ဖြတ်ခြင်း၊ ဘာသာ​ရေးအ​ဆောက်အုံများအား ပစ်ခတ်ဖျက်ဆီးခြင်းနှင့် ဝင်​ရောက်တပ်စွဲခြင်းနှင့် လူသားခြင်းစာနာ​ထောက်ထားမှု အကူအညီများအား ဟန့်တား ဖမ်းဆီး ဖျက်ဆီးခြင်း စသည့် လူ့အခွင့်​ရေးချိုး​ဖောက်မှုများအား ​နေ့စဥ်ရက်ဆက် ကျူးလွန်လျက်ရှိနေကြောင်း ကရင်နီလူ့အခွင့်အ ရေးအဖွဲ့က ဆိုသည်။

ယမန်နေ့ဖြစ်စဉ်အပါအဝင် ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုသည်မှာ (၅) ကြိမ်​အထိရှိလာနေပြီး ဖယ်ခုံမြို့နယ်တွင် ၂ ကြိမ်၊ လွိုင်​ကော်မြို့နယ်တွင် ၁ ကြိမ်၊ ဖရူဆိုမြို့နယ်တွင် ၁ ကြိမ်နှင့် ဒီ​မောဆိုမြို့နယ်တွင် ၁ ကြိမ် အသုံးပြုခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s