ရန်ကုန်နှင့်မန္တလေးတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး ရဲစခန်းကို ပစ်ခတ်မှုဖြစ်ပေါ်၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး သေဆုံး

ရန်ကုန်နှင့်မန္တလေးတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး ရဲစခန်းကို ပစ်ခတ်မှုဖြစ်ပေါ်၊ခဲ့ပြီး နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်၏ နိုဝင်ဘာလ ၂၅ ရက်နေ့ အချက်အလက်များအရ သိရှိရသည်။

ရန်ကုန်တောင်မြောက်လမ်းဆုံအနီးရှိ ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက လက်နက်ဖြင့် ပစ်ခတ်မှု ရဲတစ်ဦး သေဆုံး၊ ဗုံးပေါက်ကွဲသံများလည်း ထွက်ပေါ်

=============================================================================================

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်မြောက်လမ်းဆုံးအနီးရှိ ရဲစခန်းကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် အမည်မသိ အဖွဲ့တစ်ခုက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားပြီး ရဲတစ်ဦး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများ၏ ပြောဆိုချက် အရသိရှိရသည်။ “ရဲစခန်းကို လမ်းပေါ်ကနေ ပစ်သွားတာ။ အစောင့်ရဲတစ်ဦး သေတယ်ကြားတယ်ဗျ။ အခုတော့ လုံခြုံရေးတွေ အရမ်းရှုပ်နေပြီ။ ပစ်တဲ့အချိန်တုန်းက သေနတ်သံ တော်လျှောက်ကြားရတာ။ တောက်လျှောက် ဆွဲပစ်တဲ့အသံဗျ” ဟု တောင်ဒဂုံ၊ တောင်မြောက်လမ်းဆုံအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ ဒေသတင်းရင်းမြစ်ဖြစ်သည့် South Dagon Information Team က တောင်/မြောက်လမ်းဆုံ ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက ယနေ့မွန်းလွဲပိုင်း ၁၂နာရီကျော်ခန့်အချိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရဲစခန်းအတွင်းမှလည်း ပြန်လည်ပစ်ခတ်မှု ရှိခဲ့ကြောင်း သတင်းဖော်ပြသည်။ အလားတူ တောင်ဒဂုံတွင် ယနေ့ မွန်းလွဲ ၂ နာရီကလည်း အလွန်ကျယ် လောင်သော ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများက ပြောဆိုသည်။ အလားတူ နိုဝင်ဘာလ ၂၅ ရက်​နေ့ ဒဂုံဆိပ်ကမ်းမြို့သစ်လျှပ်စစ်ရုံးအနီးစက်ဘီးများပေါ်တွင် ထောင်ထားသောလက်လုပ်ဗုံးများ ပေါက်ကွဲ​ကြောင်း သိရှိရသည်။ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းနှင့် နိုင်းမြစ်လမ်းထောင့်၊ မြို့နယ်လျှပ်စစ်ရုံးအနီး ၂ ကြိမ် ဗုံး​ပေါက်ကွဲခဲ့​ကြောင်း သိရှိရသည်။နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ဒဂုံ ရဲလိုင်းခန်းများနှင့် ဝန်ထမ်းလိုင်းခန်းများအနီးတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ စုပေါင်းရုံးဝင်းအတွင်း ဗုံးပေါက်၊ စစ်ကောင်စီဘက်တော်သား ၂ ဦး အပြင်းအထန်ဒဏ်ရ ၊ ယနေ့ မန္တလေးနေရာအနှံ့ ဗုံးများပေါက်

=========================================================================

မန္တလေးမြို့၊ စုပေါင်းရုံးဝင်း ယာဉ်ထိန်းရဲရုံးရှေ့အနီးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီဘက်တော်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးဖွယ်ရှိကြောင်း ပေါက်ကွဲမှု အခြေ အနေကို မျက်မြင်တွေ့ရှိရသူ ပြည်သူများထံမှ သိရှိရသည်။ “ဒီနေ့ နေ့လည်ပိုင်း ဂျူတီချိန်းချိန် မန္တလေးစုပေါင်းရုံး ယာဉ်ထိန်းရဲရုံးရှေ့မှာ ဗုံးပေါက်ပါတယ်။ နှစ်ကောင်ထိသွားတယ်။ ကားပေါ်တင်ပြီး ခေါ်သွားတာ သွေးတွေ ရွှဲနစ်နေတာ မလှုပ်တော့ဘူး။ သေလောက်မယ်ထင်ပါတယ်။ ကားနှစ်စီးလည်း ပျက်စီးတယ်” ဟု အခင်းဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ရသူက ပြော သည်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် ၁၀၇ လမ်းထောင့်တွင်လည်း ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ဗုံးပေါက်ကွဲပြီး ထိခိုက်သူမရှိကြောင်း သိရှိရသည်။ အလားတူ ယနေ့ နံနက် ၁၀ နာရီ မန္တလေးဈေးချိုတော်အနီး ၂၇ လမ်း နှင့် ၈၅ လမ်းထောင့်ဗုံးတွေ့ရှိရပြီး စည်ပင်ရုံးနှင့် အမရပူရမြို့တွင် ဗုံများ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ယနေ့ နံနက် ၆ နာရီ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးနီး CCTV ကေဘယ်လ်ပုံး ဗုံးခွဲခံရကြောင်း၊ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင်ပင် အမရပူရမြို့နယ် မှန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အမရပူရမြို့ ဆည်တဲရပ်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ မှန်တန်းရပ်ကွက်၊ စစ်ကိုင်း-မန္တလေးသွားကားလမ်း၊ မြဝတီထရွန်ဇေးရှင်း ကုမ္ပဏီခြံဝင်းအနီးတွင်လည်း မိုင်းပေါက်ကွဲကြောင်း သိရှိရသည်။

ကလေးတွင် စစ်သား ၂၀ ဦးသေဆုံး

========================

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဇီးချောင်းပြင်မှာ အခြေစိုက်သည့် 𝗣𝗗𝗙 – 𝗨𝗚𝗙(𝗨rban 𝗚uerrillas 𝗙orce) ပြောက်ကျားစခန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စစ်တပ်က ဝင်စီးရာ ပဒေသာမိုင်းခွဲလိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

သထုံတွင် စစ်သား ၃ ဦးသေဆုံး

=========================

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် သထုံမြို့နယ် ဓားရိုးရွာနှင့် ညာဓဝယ်ရွာ အကြားတွင်သထုံခရိုင် KNLA တပ်မဟာ(၁) တပ် ရင်း ၂ အဖွဲ့ဝင်များ၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)နှင့် သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ (TPG) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် စစ်ကောင်စီတပ်သား ၅ ဦးပါဝင်သောအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အင်းတော်ကြီးဒေသ၊ K.I.A တပ်ရင်း ၂၆ စခန်းသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်

=========================================================================

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် အင်းတော်ကြီးဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တပ်ရင်း ၂၆ စခန်းတစ်ခုအား ယနေ့နံ နက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း K.I.A သတင်းရင်းမြစ်ထံမှ သိရှိရသည်။အင်းတော်ကြီးဒေသ သုန်ပြင် (တုံပင်) ကျေးရွာအနီးရှိ K.I.A တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၂၆ စခန်းအား ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ၁ ကြိမ်၊ ၂ နာရီခွဲတွင် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်။

မုံးကိုး၊ ချင်ချိုင့်ထန်တောင်ကုန်းတွင် စစ်သား ၃ ဦးသေဆုံး

=========================================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ ချင်ချိုင့်ထန်တောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့ကြား နိုဝင်ဘာလ ၂၄ ရက် ယမန်နေ့ နေ့လယ် ၁၁ နာရီ ၅၂ မိနစ်မှ စတင်ကာ ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၃ ဦးကျဆုံးကြောင်း၊ MNDAA ဘက်မှ ၁ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က ရေးသားဖော်ပြသည်။စစ်ကောင်စီသည် ကိုးကန့် MNDAA ရှိရာ မန်ရန်ဒေသနှင့် ရှိကျိကျတောင်တန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ရက်အတွင်း လက်နက် ကြီးကျည် စုစုပေါင်း (၁၂၀)ကျော်ပစ်ခတ်ခဲ့ပြီး ကိုးကန့်MNDAA ဘက်မှ (၂)ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ခလရ ၄၁ သည် ကိုးကန့်အထူးဒေသ ၁ မုံးကိုးခရိုင်အတွင်းရှိ တပ်စခန်း ၁ ခုသို့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ချဉ်းကပ်လာသည့်အတွက် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အလားတူ နမ်လောဒေသ အနောက်ဘက် တောင်ကုန်းကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ထပ်မံကြားဖြတ်တိုက်ခိုက်ပြီး မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Kokang က ရေးသားထားသည်။

ဒီးမော့ဆို၊ ဟိုဖိတ်ရွာအနီး တိုက်ပွဲပြင်းထန်ပြီး ကရင်နီတပ်သား ၄ ဦးကျဆုံး

=====================================================

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ရွာအနီး ယနေ့နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကရင်နီတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲပြင်းထန်ပြီး ကရင်နီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s