ရန်ကုန်၊ ဒလမြို့နယ်ရှိ မှော်စက်ရပ်ကွက်အုပ် ချုပ်ရေးရုံး ဗုံးခွဲခံရပြီး သေနတ်ဖြင့်ပစ်ခံရ၊ မန္တလေး မြန်မာ့စီးပွားရေးဘဏ်၂ ကိုလည်း ဗုံးဖြင့်ပစ်ခတ်၊ မြောင်တွင် မိုင်းခွဲခံရပြီး စစ်သား ၇ ဦးသေဆုံး

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ မှော်စက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် မန္ တလေးတိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ ၂ ကို ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် ၂၄ လမ်း၊ ၈၃ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၂ ကို ဆိုင်ကယ်သမားတစ်ဦးက ဆိုင်ကယ်စီးလျက်ဖြင့် ဗုံးဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“တစ်ယောက်ထတည်းစီးလာတဲ့ဆိုင်ကယ်သမားက ဗုံးနဲ့ ဘဏ် ၂ ကို ပစ်သွားတာကို စစ်တပ်နဲ့ရဲက ဆိုင်ကယ်သမားကို လိုက်ပစ်တယ်လို့ ကြားတယ်။ ရဲနဲ့စစ်တပ်က ပစ်တာ အမျိုးသမီးတစ်ဦး ကျည်ထိတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။ အလားတူ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မှော်စက်လမ်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာလ ၂၆ ရက် နံနက် ၄ နာရီ ၄၅ မိနစ် အချိန် လက်ပစ်ဗုံးဖြင့်ပစ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့ ပြည်သူ့တပ်မတော်(မြောင်)-MUA နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်)-M2W နှင့် Myaung Special People’s Defense Force- MSPDF တို့အတူပူးပေါင်းပြီး စစ်ကောင်စီတပ်များကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

မြောင်မြို့နယ်၊ နဘတ်ကျေးရွာနှင့် ဆွဲလဲအိုကျေးရွာအကြားတွင် စစ်ကောင်စီတပ်များကို PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီမှ ၆ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ မြောင်မြို့နယ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ (၅) နာရီ (၃၀)မိနစ်အချိန်ခန့်တွင် ပြည်သူ့တပ်မတော် (မြောင်)-MUA ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM နှင့် Zamani Revolution Force/MMU Myaung တို့ ၏ ပွဲဦးထွက် မဟာမိတ်စစ်ဆင်ရေးအဖြစ် ပူးပေါင်းပြီး စစ်ကောင်စီကားများကို ဆက်လက်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s