သံတောင်ကြီးတွင် လူငယ်တစ်ဦးကို စစ်ကားဖြင့်ကြိတ်ပြီး သတ်ဖြတ်၊ ရေဦးတွင် ကိုစိုးမြင့်ကို လမ်းပြအဖြစ် ခေါ်ဆောင်ပြီးနောက် ​စစ် တပ်က ခေါင်းဖြတ်သတ်၊ မူဆယ်တွင် ဦးလျဖာသိန် စစ်တပ်ကပစ်သတ်၊ ဘုတလင်တွင် စစ်ဘေးရှောင်ပြည်သူ ၇ ဦးကို စစ်တပ်က ပစ် ခတ်၊ ၄ ဦးသေဆုံးဖွယ်ရှိ

အကြမ်းဖက် စစ်ကောင်စီတပ်များက သံတောင်ကြီးမြို့နယ်၊ ရေဦးမြို့နယ်၊ မူဆယ်မြို့နယ်နှင့်ဘုတလင်မြို့နယ်တွင် ပြည်သူ အများအပြားကို ပစ်ခတ်သဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးတွင် လူငယ်တစ်ဦးကို စစ်ကားဖြင့် တိုက်သတ်

=======================================================

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်သံတောင်မြို့ ၁၃မိုင်မှ ထွက်ခွာဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီကားယာဉ်တန်းအား သံတောင်၊ပျားစခန်းလမ်း ၁၁ မိုင်ကုန်းအဆင်းတွင် ယနေ့ညနေပိုင်း (၆:၁၅)မိနစ်၀န်းကျင်လောက်က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားတစ်စီး တိမ်းမှောက်သွားကြောင်း၊ ယင်းနောက်စစ်ကောင်စီတပ်များသည် ဘောဂလိလမ်းမှ အရှိန်ဖြင့် ပြန်ဆင်းပြီး ဘောဂလိလမ်းရှိ သစ်စေးတောင်တွင် ဆိုင်ကယ်စီး လူငယ်တစ်ဦးကို စစ်ကားဖြင့် တိုက်သတ်သွားကြောင်း သိရှိရသည်။”စစ်ယာဉ်တန်းက မိုင်းဆွဲခံရပြီးတော့ အမြန်မောင်းလာတာ အဲဒါ ဆိုင်ကယ်နဲ့ လူငယ်ကို ကြိတ်သွားတယ်။ လူက ဆိုင်ကယ်နဲ့ ကွမ်းသီး သယ်လာတဲ့လူငယ်တစ်ဦးပါ။ ပွဲချင်းပြီး ဆုံးပါတယ်” ဟု သံတောင်ဒေသခံတစ်ဦးက ပြောသည်။

ရေဦးမြို့နယ်တွင် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ ကိုစိုးမြင့် ကို စစ်တပ်က ခေါင်းဖြတ်သတ်

====================================================================

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာတွင် စစ်ကောင်စီများက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီးနောက် လမ်းပြအဖြစ် ကျေးရွာသား ကိုစိုးမြင့် ကို ခေါ်ဆောင်သွားပြီး ခေါင်းဖြတ်သတ်ခဲ့ကြောင်း ၊ အလောင်းပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ “နိုဝင်ဘာလ ၂၃ ရက်နေ့ ရွာကိုဝင်စီးတယ်။ ကိုစိုးမြင့်ကို လမ်းပြအဖြစ် ခေါ်သွားပြီး လမ်းမှာ ခေါင်းဖြတ် သတ်ခဲ့တယ်။ နေ့ချင်းပဲ အလောင်းပြန်ရပါတယ်။ သဂြိုလ်ပြီးပါပြီ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

မူဆယ်မြို့နယ် မန့်ဟန်ရွာဦးလျဖာသိန် ကို စစ်တပ်က ပစ်သတ်

==============================================

နိုဝင်ဘာလ ၂၂ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန့်ဟန်ရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ပြောက်ကျားအဖွဲ့ တပ်စခန်းကို ဝင်စီးပြီး အနီးရှိ တောင်ယာစိုက်ပျိုးနေသူ ဦးလျဖာသိန်ကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၅ နာရီ မိနစ် ၃၀ တွင် မူဆယ် People Security and Defence Army (PSDA) စခန်းကို ဝင်ရောက် စီးနင်းပြီး နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက်တောင်ယာစိုက်ပျိုးနေသူ မန့်ဟန်ရွာခံ အသက် ၅၆ နှစ်အရွယ် ဦးလျဖာသိန်ကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

ဘုတလင်တွင် စစ်ဘေးရှောင် ပြည်သူ ၇ ဦးကို စစ်တပ်ပစ်ခတ်၊ ၄ ဦး သေဆုံးဖွယ်ရှိ

==========================================================

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ၊သာယာကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မရုံတွင် စစ်ဘေးရှောင်များ ပုန်းရှောင်နေထိုင်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာသား ၇ ဦးကျည်ထိမှန်ပြီး ၄ ဦးသေဆုံးဖွယ်ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။ စစ်ကောင်စီတပ်များသည် ရေဘုတလင်‌ကျေးရွာ မြသိန်းတန်ဘုရားကျောင်းတောင်ပေါ်တွင် တပ်အထိုင်ချထားပြီး စစ်ဘေးရှောင်များ ရှိနေသည့် ဓမ္မရုံအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရွာသား၇ဦးကျည်ထိမှန်ထားပြီး ၄ ဦး သေဆုံးဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s