သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်အမှု တရားလိုကို စတင်စစ်ဆေး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်  ပါမောက္ခ ရှောင်တာနယ်ရဲ့အမှုကို နိုဝင်ဘာ ၂၅ ရက်  ဒီကနေ့​​​​ နေပြည်တော်ဇမ္ဗူသီရိအထူးတ ရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ စီးပွားရေးအကြံပေး  ရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်အက်ဥပဒေ ၃(၁)(ဂ)၊ လ၀က ဥပဒေတို့နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ အစိုးရလျှို့ဝှက်အက်ဥပဒေ ၃(၁)(ဂ) အမှုမှာ  တရားလို ရဲမှူး အောင်မျိုးလွင်ကို စတင်စစ် ဆေးတယ်၊ စစ်ဆေးမှုတွေ မပြီး ပြတ်တဲ့အတွက် နောက်တစ်ပတ် ဒီဇင်ဘာ ၂ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ စစ်ဆေးချက်အသေးစိတ်ကိုတော့ မရဘူး   တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

လ၀က အက်ဥပဒေအမှုနဲ့ပတ်သက်ပြီး တရားလိုဘက်က ခွင့်တိုင်ကြားတဲ့အတွက် နောက်တစ်ပတ် ဒီဇင်ဘာ ၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ ရုံးချိန်းထွက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ငါးဦးစလုံး ကျန်းမာရေးကောင်း မွန်တယ်လို့လည်း အဆိုပါ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

မစ္စတာရှောင်တာနယ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန် ကြီး)၊ ဦးဆက်အောင် (စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s