ဟားခါးတွင် အင်အားအသင့်အတင့်ရှိ ၆ ဒသမ ၀ အဆင့် မြေငလျင်လှုပ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၂၆ ရက် နံနက် ၆နာရီ ၁၅ မိနစ်ကျော်အချိန်တွင် အင်အားအသင့်အတင့်ရှိသော ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။ငလျင်လှုပ်ခတ်ရာတွင် အချိန်အနည်းငယ် ကြာမြင့်ကြောင်း ဒေသခံများထံမှ သိရသည်။

”ဟားခါးမှာ အရင်ကလည်း မြေငလျင်လှုပ်နေတာပဲ။ အခုတစ်ခါထက်ပြင်းတာတွေ ရှိခဲ့ဖူးတယ်။ ဒီတစ်ခါကျတော့ နဲနဲလေးကြာတယ်။ ပြီးတော့ ဘယ်ညာလွယ် နေသလို (လွဲပေးနေသလို) ခံစားရတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။”နိုဝင်ဘာလ ၂၆ ရက် ၊ မြန်မာစံ တော်ချိန် ဝး၆ နာရီ၊ ၁၅ မိနစ်၊ ၄၂စက္ကန့် အချိန်တွင် ဟားခါး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၀မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ထန်တလန်မြို့၏ အရှေ့မြောက်ဘက် ငါး မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၇၄ ဒီဂရ ီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၄၈ ဒီဂရီ၊ အနက် ၄၆ ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ဝအဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်”ဟု မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါမြေငလျင်ကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဟားခါး၊ ဖလမ်းနှင့်ကလေးမြို့များတွင်ပါ လှုပ်ခတ်သွားသည်ဟုသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s