KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါး ကွယ်လွန်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၌ မိသားစုနှင့်အတူနေထိုင်နေသူ KIO အစိုးရ၏ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါးသည် ယနေ့ နိုဝင်ဘာလ ၂၆ရက်တွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူထံက သိရသည်။အသက် (၈၁)နှစ် ရှိပြီဖြစ်သည့် Du Up Daju Nbang Bum Sin Wa (ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါး) သည် ဖျားနာ၍ ယနေ့ နံနက် ၉နာရီကျော်တွင် လိုင်ဇာမြို့ရှိ ၎င်း၏နေအိမ်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့်နီး စပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်မှူးချုပ် အင်ဘန်ဘွမ်ဆင်ဝါးသည် KIO အစိုးရအဖွဲ့၏ သက်တော်ရှည် ဝါရင့် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ၁၉၄၀ ခုနှစ်တွင် ကချင် ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန် (Kawa Pang) ကျေးရွာ၌ မွေးဖွားခဲ့သူဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြော သည်။

လက်ရှိအချိန်တွင် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် COVID-19 ကူးစက်ရောဂါကြောင့် ကန့်သတ်မှုများ ပြုလုပ်ထားသည့်အ တွက် ဗိုလ်မှူးချုပ်၏ နောက်ဆုံးခရီးကို မည်သို့လုပ်ဆောင်ကြမည်ကို KIO အစိုးရအဖွဲ့က စီစဉ်နေဆဲဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s