Monthly Archives: Nov 2021

ကမ္ဘာမှာ ကိုဗစ်မျိုးကွဲသစ် ကူးစက်လာချိန် ထားဝယ်မြို့ စစ်ဆေးရေးဂိတ်တွေမှာ ကိုဗစ်ကာကွယ်ရေး Mask မတပ်ရလို့ စစ်ကောင်စီက အမိန့်ထုတ်

ကမ္ဘာမှာ အိုမေခရွန်လို့ အမည်ပေးထားတဲ့ ကူးစက်မြန်ကိုဗစ်မျိုးကွဲသစ်အတွက် ကမ္ဘာတစ်ဝှမ်းက စိုးရိမ်နေကြပေမယ့် တနင်္သာရီတိုင်း၊ ထား ဝယ်မြို့မှာတော့ နှာခေါင်းစည်းတွေကို စစ်တပ်က ချွတ်ခိုင်းနေတုန်းပဲလို့ မြို့ခံတွေကပြောပါတယ်။ ထားဝယ်မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက Mask နဲ့ ဆိုင်ကယ်ဦးထုပ်တွေ ချွတ်ဖို့ အော်လံနဲ့အော်တာ၊ စာကပ်ထားတာတွေလုပ် ဆောင်နေတယ်လို့သိရပါတယ်။

ဗျောတောဝဂိတ်ကို ဖြတ်ချိန်မှာ ဆိုင်ကယ်၊ ကားနဲ့ လာသူတွေကို ခြေလျင်လျှောက်ခိုင်းပြီး နှာခေါင်းစည်းမတပ်ဖို့ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတည်းက တားမြစ်ခံရတယ်လို့ ထားဝယ်အရှေ့တောမှာနေတဲ့ အမျိုးသားတစ်ယောက်က ဆိုပါတယ်။ “ဂိတ်မှာတော့ တပ် မလာနဲ့။ ခင်ဗျားတို့တပ်မယ်ဆိုရင် အခြားကြိုက်တဲ့နေရာမှာ တပ်လို့ပြောတယ်”လို့ အဲဒီအမျိုးသားက ပြောပါတယ်။

ကမြောကင်းတံတားဂိတ်မှာလည်း စစ်ကောင်စီတပ်သားတွေက သူတို့မသင်္ကာတဲ့သူတွေဆို ခေါ်ပြီး နှာခေါင်းစည်းအပါအဝင် ဆိုင်ကယ်ဦး ထုပ်ကိုပါ ချွတ်ခိုင်းတယ်လို့ လောင်းလုံးမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။ အိုမေခရွန်လို့ခေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ စိုးရိမ်စရာဖြစ်တယ်လို့ WHO ကလည်း ထုတ်ပြန်ထားပြီး ဘယ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေး စတဲ့နိုင်ငံတွေမှာ စပြီးတွေ့ရှိနေရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ရဲ့လုံခြုံရေးအတွက် Mask တွေကို ချွတ်ခိုင်းနေဆဲဖြစ်ပါတယ်။ khit thit

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YP DF)သင်တန်းဆင်း

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းအ ပတ်စဉ် (၃) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၅  ရက်နေ့က ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ တပ်စခန်းတွင်းမှာ စစ်ရေးပြအခမ်း အနားနဲ့ ကျင်းပခဲ့ပါတယ်။ 

YPDFရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ယောလေးက  “မိမိတို့ တပ်ဖွဲ့က အခုမှလသားအရွယ်လေးပဲရှိသေးတယ်။ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဆိုတော့ ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူကို မပြည့်မစုံနဲ့ ရင်ဆိုင်ရတာဖြစ်လို့ တော်လှန်ရေးကို သိုသိုသိပ်သိပ်ပဲ လုပ်ပါတယ်။ တယောက်ချင်းစီရဲ့ စုပေါင်းအားနဲ့ မိမိတို့ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားပါမယ်လို့”လို့ ပြောပါတယ်။

သင်တန်းက တလကျော် ကြာမြင့်ခဲ့ပြီး ဒေသခံလူငယ်တွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲကို YPDFရဲ့ ဗဟိုဦးဆောင်ကော်မတီဝင်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

YPDF ကို စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဇွန်လဆန်းပိုင်းကတည်းက စတင်ကာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

YPDFကို ဒေသခံ ယောလူမျိုးတွေတင်မက ချင်း၊ ဗမာစတဲ့ တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်ကို ရရာနည်းလမ်းတွေနဲ့ တွန်းလှန်တိုက်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ယောဒေသအတွင်း  စစ်တပ်ကလေကြောင်းပစ်ကူအားယူပြီး ထိုးစစ်ဆင်တာတွေ၊ ဖမ်းဆီးတာတွေ၊ နေအိမ်မီးရှို့တာတွေ၊ ဒေသခံတွေရဲ့ ပစ္စည်းတွေ လုယက်ယူငင်တာ၊ အိမ်မွေးတိရစ္ဆာန်တွေ ဖမ်းယူစားသောက်တာတွေ ပြုလုပ်နေပါတယ်။ 

လတ်တလောမှာတော့ ဒေသတွင်းမှာ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ဆက်သွယ်ရေးအခက်အခဲတွေလည်း ကြုံ တွေ့နေရကာ ပြည်တွင်း ပြည်ပ အလှုရှင်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ DVB

ရေစကြိုမှ မအူကျေးရွာသို့ ထွက်လာသည့် စစ်ကောင်စီ ရေယာဉ် ၅ စီး ပစ်ခတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့မှ မအူကျေးရွာသို့ ထွက်လာသော စစ်ကောင်စီ ရေယာဉ် ငါးစီးကို မြင်းခြံ တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အင်အားစုထဲ ပါဝင်သည့် နှလုံးလှ လူမိုက်ကြီးများ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သူတို့ ထွက်လာမှာကို သတင်းကြိုရလို့ ကျွန်တော်တို့အဖွဲ့ စောင့်နေတာ။ စက်လှေက ငါးစီး၊ တစ်စီးကတော့ တော်တော်ကြီးတယ်။ တစ်စီးကို သူတို့ ၁၅ ယောက်လောက်တော့ ပါတယ်။ အဲ့ဒီနေရာမှာ လေးယောက်ကျတယ်။ ကျန်တဲ့ ထိခိုက်မှုတော့ မသိနိုင်သေးဘူး”ဟု ယင်းအဖွဲ့ တာ ဝန် ရှိသူက ပြောသည်။တိုက်ခိုက်မှုကို မြင်းခြံအင်းအားစု တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ MGN Ranger၊ Burmese Guerrilla Force-BGF ၊ PDF Taloke၊ MGN Tiger ၊မြောင်မြို့နယ် ပြည့်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) နှင့် မြင်းမူ လျှပ်စီးပြောက်ကျားအဖွဲ့ ညီနောင် မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း မြောင်မြို့နယ် နဘက်ကျေးရွာနှင့် ဆွဲလဲအို ကျေးရွာကြားတွင် အင်အား ၅၀ ခန့် ရှိသော စစ်ကောင်စီ စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ခြောက်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားခဲ့သည်ဟု ဒေသပြောက်ကျား တပ်ဖွဲ့များထံက သိရသည်။ mizzima

ရေစကြိုမြို့နယ်၌ စစ်ဘေးရှောင် ပြည်သူလူ ထုနေအိမ်များကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီး၊ပစ္စည်းခိုးယူ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊  မအူအောက်ဆိပ်ကျေးရွာမှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ဘေးရှောင် ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ငွေကြေးနဲ့ ရွှေထည်ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

မအူရဲစခန်းကို နိုဝင်ဘာ ၁၈ ရက်နေ့က ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ခိုက်ခဲ့ပြီးနောက် မအူရဲစခန်းမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်လောက် ရောက်ရှိ တပ်စွဲနေခဲ့ကြတာပါ။

ဒီနောက် စစ်ကောင်စီတပ်တွေဟာ  မအူအောက်ဆိပ်ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့လို့  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့စဉ် ကျေးရွာအတွင်းက အိမ်တွေကို ဖျက်ဆီးခံရတာ၊ အိမ်တွင်းပစ္စည်းတွေ ရိုက်ခွဲခံရတာ၊ အိမ်ထဲမှာရှိတဲ့ ဆန်အိတ်၊ ဆီပုံး၊ ရွှေထည်ပစ္စည်းတွေ ခိုးယူခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျေးရွာသားတစ်ဦးက “သူတို့ခိုးတာက ပေါ်တင်ခိုးတာ သူတို့ခိုးတာပါလို့ ကမ္ဘာက သိအောင် သေနတ်တွေ ပစ်ဖောက် အိမ်တွေ ဖျက်ဆီးပြီးမှ ဝင်ခိုးတာ။ ခိုးတာကလည်းတန်ဖိုးကြီးတွေချည်းပဲ သူတို့ မကိုင်ဖူး၊ မမြင်ဖူးတဲ့ဟာတွေကို ရွေးခိုးတာ။ အခုမှသာ ပြန်လာနိုင်လို့ အခုမှသိရတာ။ ဘယ်နေ့ကတည်းက စိတ်ကြိုက် ဝင်ခိုးနေကြတာလဲမသိဘူး။ ရွှေထည်တွေရောခိုးတာ စားစရာမရှိတော့ ဆန်တွေ ဆီတွေကိုပါခိုးတာ၊ပိုက်ဆံတွေ့ရင် ပိုက်ဆံယူတာ ယူတာတင်မကဘူး အကုန်ရိုက်ခွဲသွားသေးတာ ဒင်းတို့မြန်မြန်သေမှအေးမှာပဲ “လို့ ပြောပါတယ်။

နေအိမ်ကပစ္စည်းတွေ ခိုးယူခံထားရတဲ့ ဒေသခံတစ်ဦးကလည်း  “ TVတွေ ရိုက်ခွဲတယ်။ တချို့ကောင်းတဲ့ TV ဆိုရင် ယူသွားကြတယ်။ အိမ်တွေကို ဖျက်လို့ဖျက်ဆီးလုပ်သွားကြတယ်။ ဆန်အိတ်တွေ ယူသွားတယ်။ စောင်တွေ၊ အကျီတွေပါ မချန်ယူသွားကြတယ်။ ပြီးတော့ ရွာကိုပတ်ပြီး သေနတ်ပစ်ဖောက် ခြောက်ကြတယ်။ အဲဒီလိုတွေ သူတို့ပတ်လုပ်နေလို့လည်း ကျုပ်တို့ရွာကို မပြန်ရဲကြတာလေဗျာ။ အခုအိမ်ကိုပြန်ရောက်တော့မှ ဘာဆိုဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ ရွာသားတွေ အိမ်ပြန်လာစဉ် အပျက်အစီးတွေ တွေ့ခဲ့ရတာဖြစ်ပြီး နိုဝင်ဘာ  ၂၇ ရက်အထိ စာရင်းအရ  နေ အိမ်၂ လုံး ဖျက်ဆီးခံရ၊ TV နှစ်လုံး ရိုက်ခွဲဖျက်ဆီး၊ နှစ်လုံး ခိုးယူသွား၊ ဆန် ၁၁ အိတ် ၊ ဆီ ၁၂ ပုံး၊ ရွှေ ငါးမူးသားနဲ့ ၂ ပဲသားလက်စွပ်နှစ်ကွင်း၊ ငွေသား ကျပ်  ၃ သိန်းနီးပါးနဲ့ စောင် ခြင်ထောင်ခေါင်းအုံး၊ အဝတ်အထည်တွေ ပျောက်ဆုံးသွားတယ် ဒေသခံတွေဆီက  သိရပါတယ်။

ရွာမှာ သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေဟာ ရွာကိုရေ ာအိမ်ကိုရော ပစ်ပြီးထွက်ပြေးကြရပြီး  ရွာမှာ တချို့ မလိုက်နိုင်တဲ့ သက်ကြီးရွယ်အိုတချို့သာ ကျန်ရစ်ခဲ့တာပါ။ လက်ရှိအချိန် ရွာသား တချို့ အိမ်ပြန်သွားပေမဲ့ အများအပြားကတော့ စစ်တပ်ရန်ကို ကြောက်လို့ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ DVB

တန့်ဆည်တွင် ဆိုင်ကယ် စီးလာသူ ကိုဇော်ဝင်းထွန်းကို စစ်တပ်က ပစ်သတ်၊ ရန်ကုန် လှည်းကူးမှ ဦးကျော်စိုးမိုးကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည် လမ်းဆုံတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈နာရီ ၅မိနစ်အချိန် အသက် ၂၃နှစ်အရွယ် ကိုဇော်ဝင်းထွန်း ဆိုင်ကယ် စီးလာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများနှင့် သေဆုံးသူ၏ မိတ် ဆွေများက ရန်ကုန်ခေတ် သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ သေဆုံးသူ ကိုဇော်ဝင်းထွန်းသည် ရန်ကုန် သန်လျင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဆန့်တည်မြို့နယ် အင်းတောရိုးရွာတွင်ကို အလည်လာရောက်သူဖြစ်ပြီး ရန်ကုန်သို့ ပြန်ရန် ကားဂိတ်သို့ သွားရောက်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ “သူအပစ် မခံရစဉ်က ကင်းလှည့်လာတဲ့ စစ်ခွေးတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေသွားတယ်။ အဲလို မိုင်းဆွဲခံရပြီးနောက် သူတို့က ရမ်းပြီးပစ်တာ ကိုဇော်ဝင်းထွန်းကို ပေါင်ကို ပထမတစ်ချက်ကျည်ထိတယ်။ ပြီးတော့ ခေါင်းကို ပစ်ထည့်လိုက်တာပဲ” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သေဆုံးသူ ကိုဇော်ဝင်းထွန်းအလောင်းကို မိသားစုထံ ပြန်လည်မပေးဘဲ သင်္ဂြိုလ်လိုက်ကာ ၎င်းစီးနှင်းလာသည့် ဆိုင်ကယ်ကိုပါ စစ်တပ်က သိမ်းယူသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေများ ပြောဆိုချက်အရ သိရသည်။

အလားတူ ရန်ကုန် လှည်းကူးမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လယ်ယာလုပ်ကိုင်သည့် ဦးကျော်စိုးမိုးကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် PDFနှင့် ပတ်သတ်သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း ဦးကျော်စိုးမိုး မိသားစုနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။“ကိုကျော်စိုးမိုး သေသွားပြီ။ အလောင်းလာယူသူပါ ဖမ်းမယ် ပြောနေပါတယ် အကြမ်းဖက် စစ်တပ်က ၂၃ ရက်နေ့က ဖမ်းသွားတယ်။ ၂၇ ရက်နေ့ ရေကြည်အိုင် စစ်ကြောရေးမှာ ဆုံးသွားပါတယ်” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ khit thit

ဆားလင်းကြီးမြို့နယ်တွင် သစ်ခိုးထုတ်နေသော ကား ၂ စီး မိုင်းဆွဲခံရ

ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်း တစ်နေရာတွင် သစ်ခိုးထုတ်နေသော ကားနှစ်စီးကို ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၅ နာရီတွင် မိုင်းဆွဲ ဖျက်ဆီးလိုက်ကြောင်း Salingyi Special Task Force (SSTF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သူတို့ကို မလုပ်ဖို့ အရင်က တည်းက သတိပေးထားတယ်။

အဲ့ဒါကို ဒီမနက်ပိုင်းမှာ ခိုးထုတ်နေတာ။ မိုင်းကတော့ သူတို့အတွက် ထောင်ထားတာတော့ မဟုတ်ဘူး။ သူတို့က အဲ့ဒီလို လုပ်တာနဲ့ တိုက်ဆိုင်သွားလို့ ဆွဲလိုက်တာ။ ပြီးတော့ သူတို့က စစ်ကောင်စီနဲ့ ပေါင်းပြီး လုပ်တာ။ ကားနှစ်စီးလုံး ကတော့ လုံးဝ ပျက်စီးသွားတယ်။ လူလည်း ထိလောက်တယ်”ဟု ၎င်းက ပြောသည်။

သစ်ခိုးထုတ်မှုများနှင့် ပတ်သက်၍ ယခင်အကြိမ်များက သတိပေး တားမြစ်ထားပြီး ဖြစ်သော်လည်း ထပ်မံ ဖြတ်သန်းနေသည့်အတွက် နမူနာ အနေဖြင့် ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း SSTF က ထုတ်ပြန်ထားသည်။ အဆိုပါ ဖောက်ခွဲမှုကို ဆားလင်းကြီးမြို့နယ်ရှိ ညီနောင်မဟာမိတ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

ခရမ်းမြို့နယ် PDFအဖွဲ့ခေါင်းဆောင်၏ နေ အိမ် ချိပ်ပိတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းထွန်း၀င်း(ခ)ကိုမီးပွား၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက နိုဝင်ဘာလ ၁၉ ရက်က ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။ခရမ်းမြို့ပေါ်ရှိ နေအိမ်ကို စစ်ကောင်စီတပ်သားများဖြစ်သည့် စစ်သားနှင့်ရဲအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး မကြာခဏဆိုသလို အိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခြင်းများလည်း ရှိခဲ့သည်ဟု ကိုထွန်းထွန်းဝင်းက မဇ္စျိမကို ပြောသည်။

“ခဏခဏ ဝင်စစ် ဖျက်ဆီးနေတာ ချိပ်ပိတ်လိုက်တော့ အေးရော။ တော်လှန်ရေးမှာ အသက်တွေပေးဆပ်နေတဲ့ ကလေးတွေ လူတွေ အများကြီးပါ။ သူတို့နဲ့နှိုင်းရင် ကျုပ်က ဘာမှမဟုတ်သေးပါဘူး။ အိမ်စောင့်စစ်ခွေးတွေရေ ငါ့အိမ်ကို စောင့်ရှောက်ထားကြပါ။ တော်လှန်ရေးပြီး သ ခင်ငါပြန်လာမှ အရိုးကျွေးမယ်။ ခရမ်း​​​မြို့မှ ပြည်သူအ​​ပေါင်းတို့ စိတ်မပျက်ပါနဲ့ ရှေ့ဆက်ကြမယ်။ သွေးမပျက်ပါနဲ့ ရှေ့ဆက်ကြမယ်။ မီးပွားတွေစုရင် မီးဟုန်းဟုန်းတောက်ရမယ် ။ အရေးတော်ပုံ အောင်နေပြီ” ဟု ၎င်းက ဆိုသည်။

ကိုထွန်းထွန်းဝင်းသည် ၅၀၅ (က) ထုတ်ခံရသည့် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်ကာ အိမ်သို့ ပြန်ခြင်းမရှိတော့ဘဲ တော်လှန်ရေးလုပ်ငန်းများကို ယခုအချိန်ထိ လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ်သည်။၎င်း၏ ဇနီးဖြစ်သူသည်လည်း CDM ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး ခုနှစ်တန်းအရွယ်သားတစ်ဦးနှင့် လေးတန်းအရွယ် သမီးတစ်ဦးတို့နှင့်အတူ မတ်လကတည်းက အဆိုပါ ချိပ်ပိတ်ခံရသည့်အိမ်တွင် နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေကြရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူများကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်နေသည့်အပြင် ၎င်းတို့၏ နေအိမ်မျာကိုလည်း ချိပ်ပိတ်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေခြင်းဖြစ်သည်။ mizzima

စစ်ကိုင်းမြို့နယ်၌ ဆိုင်ကယ်စီးလူငယ် ၂ ဦးကို ရဲက ဖမ်းဆီးပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက် ငွေညှစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ   ရွာသား လူငယ်နှစ်ယောက်ကို ဆိုင်ကယ်နှစ်ယောက်တွဲစီးတာကြောင့်  ရှိမ်းမကားရဲစခန်းကနေ  ဖမ်းဆီးပြီး  ငွေကျပ်  သိန်း ၃၀ နဲ့  ပြန်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာသားနဲ့ ကျောက်တာကျေးရွာသားလို့သိရပြီး   နိုဝင်ဘာ ၂၃ ရက်နေ့က ဆိုင်ကယ်နှစ်ယောက်တွဲ စီးနင်းကာ ကျောက်တာကျေးရွာကို ခရိုင်ချင်းဆက်လမ်းပေါ်ကနေ ကူးသန်းသွားလာကြစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာပါ။

လူငယ် နှစ်ယောက်ကို  ရှိမ်းမကားရဲစခန်းကိုခေါ်ဆောင်ကာ   နိုဝင်ဘာ ၂၆ ရက်က  ခြိမ်းခြောက် ငွေတောင်းခဲ့တာလို့ ဒေသခံက ပြောပါတယ်။

“ရဲစခန်းက ဖမ်းဆီးခံရတဲ့သူတွေရဲ့ အိမ်ကိုဆက်သွယ်ပြီး ပိုက်ဆံ ကျပ်သိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်။ သူတို့နှစ်ဦးကို လာမရွေးရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ သူတို့နှစ်ဦးရဲ့ မိသားစုဝင်တွေက ပိုက်ဆံ ကျပ်သိန်း ၃၀ ပေးပြီး ရှိမ်းမကားရဲစခန်းကနေ ရွေးခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုဝင်ဘာလကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့  အမျိုးသား ၂ ယောက်အတူတွဲပြီး ဆိုင်ကယ်မစီးဖို့အပါအဝင် ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်လို့ ကန့်သတ် တားမြစ်ချက်တွေကို အမျိုးမျိုးထုတ်ပြန်ထားခဲ့ပြီး မလိုက်နာသူတွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတဲ့အထိ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ DVB

« Older Entries