ခရမ်းမြို့နယ် PDFအဖွဲ့ခေါင်းဆောင်၏ နေ အိမ် ချိပ်ပိတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းထွန်း၀င်း(ခ)ကိုမီးပွား၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက နိုဝင်ဘာလ ၁၉ ရက်က ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။ခရမ်းမြို့ပေါ်ရှိ နေအိမ်ကို စစ်ကောင်စီတပ်သားများဖြစ်သည့် စစ်သားနှင့်ရဲအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး မကြာခဏဆိုသလို အိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခြင်းများလည်း ရှိခဲ့သည်ဟု ကိုထွန်းထွန်းဝင်းက မဇ္စျိမကို ပြောသည်။

“ခဏခဏ ဝင်စစ် ဖျက်ဆီးနေတာ ချိပ်ပိတ်လိုက်တော့ အေးရော။ တော်လှန်ရေးမှာ အသက်တွေပေးဆပ်နေတဲ့ ကလေးတွေ လူတွေ အများကြီးပါ။ သူတို့နဲ့နှိုင်းရင် ကျုပ်က ဘာမှမဟုတ်သေးပါဘူး။ အိမ်စောင့်စစ်ခွေးတွေရေ ငါ့အိမ်ကို စောင့်ရှောက်ထားကြပါ။ တော်လှန်ရေးပြီး သ ခင်ငါပြန်လာမှ အရိုးကျွေးမယ်။ ခရမ်း​​​မြို့မှ ပြည်သူအ​​ပေါင်းတို့ စိတ်မပျက်ပါနဲ့ ရှေ့ဆက်ကြမယ်။ သွေးမပျက်ပါနဲ့ ရှေ့ဆက်ကြမယ်။ မီးပွားတွေစုရင် မီးဟုန်းဟုန်းတောက်ရမယ် ။ အရေးတော်ပုံ အောင်နေပြီ” ဟု ၎င်းက ဆိုသည်။

ကိုထွန်းထွန်းဝင်းသည် ၅၀၅ (က) ထုတ်ခံရသည့် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်ကာ အိမ်သို့ ပြန်ခြင်းမရှိတော့ဘဲ တော်လှန်ရေးလုပ်ငန်းများကို ယခုအချိန်ထိ လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ်သည်။၎င်း၏ ဇနီးဖြစ်သူသည်လည်း CDM ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး ခုနှစ်တန်းအရွယ်သားတစ်ဦးနှင့် လေးတန်းအရွယ် သမီးတစ်ဦးတို့နှင့်အတူ မတ်လကတည်းက အဆိုပါ ချိပ်ပိတ်ခံရသည့်အိမ်တွင် နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေကြရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူများကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်နေသည့်အပြင် ၎င်းတို့၏ နေအိမ်မျာကိုလည်း ချိပ်ပိတ်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s