Monthly Archives: Nov 2021

ရွှေဘို၊ အင်ကြင်းပင်ရွာအနီး စစ်ကောင်စီတပ် ဖွဲ့ကို မဟာမိတ် ၂ ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး ၂ နာ ရီခန့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး၊ ၅ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေး ၂ ဖွဲ့ဖြစ်သည့် Fight for Freedom (F.F.F) နှင့် ခင်ဦးမဟာမိတ်ညီအစ်ကိုများ အဖွဲ့က နိုဝင်ဘာလ ၂၇ ရက် ယနေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရကြောင်း (F.F.F) အဖွဲ့က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား အင်ကြင်းပင်သင်္ချိုင်းအနီးတွင် ၂ နာရီခန့် အပြန်အ လှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်က လက်ဖြောင့်တပ်သားများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ တိုက်ပွဲဖြစ်ရာနေရာသို့ နေရာအနှံ့မှ ဝင်ရောက်လာသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် ရွှေဘိုမြို့ဘက်မှာ လာရောက်ခဲ့သော ဒေသခံကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တစ်ခုမှလည်း လက်နက်ကြီး ပစ်ကူများ ပေးခဲ့ကြောင်း Fight for Freedom က ယနေ့ သတင်းထုတ်ပြန်သည်။ khit thit

ဟိုဖိတ်ကျေးရွာတိုက်ပွဲတွင် ကျဆုံးသွားသော KNDF ရဲဘော် ၄ ဦး၏ နောက်ဆုံးခရီး

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်အုပ်စုရှိ ဟိုဖိတ်ကျေးရွာအနီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးသွားသော KNDF ရဲဘော်လေးဦး၏ ဈာပနအခမ်းအနားကို ယမန်နေ့နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

အင်အား ၁၀၀ ဝန်း ကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီဒေသကာကွယ်ရေး KNDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက် ပွဲတွင် ဟိုဖိတ်ကျေးရွာသား ဒေသခံ ခုနှစ်ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် အသုံးပြုခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်ရေးတိုက်ပွဲ၌ အသက်ပေးသွားခဲ့သော ရဲဘော်တို့၏ စျာပနခရီးအား ဆွေမျိုးသားချင်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူများ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်ထားသည်။ mizzima

မန္တလေးတွင် ကင်းစောင့်စစ်သားများ ဗုံးပစ်ခံရ၊ ဒဏ်ရာ ရရှိသူများရှိဟု မြို့ခံများပြော

မန္တလေးမြို့ (၄၁) လမ်း ကုန်စိမ်းတန်း ညစျေးအနီး ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယနေ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦး ဒဏ်ရာ ရသွားကြောင်း မြို့ခံစျေးသည် တစ်ဦးက ပြောသည်။“အဲဒီ အနားမှာ ရဲကင်းတစ်ခုလည်း ရှိတယ်။ ပေါက်တာက ပေါ်တော်မူ ဘုရားနဲ့ (၄၁) လမ်းစျေး ကြားမှာ ပေါက်တာပါ။

ဟိုရက်က စစ်ကား ဗုံးနဲ့ ပစ်ခံရလို့ အဲဒီအနားမှာ စစ်သားတွေ နေ့တိုင်း ကင်းပုန်း ချထားတာ တွေ့ရတယ်။ အဲဒီနား ပေါက်တာပါ။ စစ်သားနှစ်ယောက် အတော် ထိသွားတယ်။ သေမသေတော့ မသိဘူး” ဟု အဆိုပါ စျေးသည်က ပြောသည်။ဗုံးပေါက်အပြီး စစ်ကောင်စီတပ်သားများ ရမ်းသမ်း ပစ်ခတ်မှုကြောင့်လည်း အရပ်သားနှစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာ ရသွားသည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အဲဒီနားမှာ စည်ပင်နဲ့ ရဲတွေရော စစ်သားတွေရော ကျူး (ကမ်းနားလမ်း ကျူးကျော်တဲများ) ရှင်းနေတယ်။ ကျူးရှင်းတဲ့ စစ်သားတွေကို ပစ်တာလား၊ ကင်းပုန်းကို ပစ်တာလားတော့ မသိဘူး။ အဲဒီမှာ စစ်သားတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ရမ်းပစ်တယ်။ နောက်တော့ အ ရပ်သား နှစ်ယောက် ဒဏ်ရာရလို့ ဆိုပြီး ရပ်ကွက်ထဲ ဆူညံသွားတာပဲ” ဟု ၎င်းက ပြောသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း (၄၁) လမ်း ကုန်စိမ်းတန်း ညစျေးအနီးတွင် စျေးဝယ်လာသည့် စစ်ကားတစ်စီး နို၀င်ဘာလ ၂၄ ရက်နေ့တွင် ဗုံးပစ်ခတ် တိုက်ခိုက်ခံရပြီး စစ် သားများ ဒဏ်ရာရရှိခဲ့သည်။ယနေ့ ညနေပိုင်းတွင်မူ ဈေးအရောင်းအဝယ်များ ပြန်ရှိနေပြီဟု ဒေ သ ခံများက ပြောသည်။ mizzima

အင်းဝမြို့ဟောင်းက မြင်းလှည်းမောင်းသမားများ ခရီးသည်မရှိသဖြင့် ကျပန်းအလုပ် ပြောင်းလဲလုပ်ကိုင်လာရ

မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းမှာ ခရီးသွားဧည့်သည်လာသူ မရှိလောက်နည်းပါးလာတာကြောင့် မြင်းလှည်းမောင်းလုပ်ငန်းလုပ်သူတွေဟာ ဝင်ငွေမရှိ စီးပွားရေးကျပ်တည်းလာတာကြောင့်  ကြုံရာကျပန်းအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာရတယ်လို့ မြင်းလှည်းယာဉ်အသင်းက သိရပါတယ်။

ဧည့်သည် အဝင်ရပ်သွားတာဟာ ၂၀၂၀ မတ်လကတည်းက ဖြစ်ပြီး မြင်းစာကျွေးနိုင်ဖို့တောင် အခက်အခဲဖြစ်လာတယ်လို့ မြင်းလှည်းယာဉ် မောင်းသူတွေကဆိုပါတယ်။

လက်ရှိမှာ နိုင်ငံခြားသား ဧည့်သည် လုံး၀ဝင်ရောက်မှုမရှိတော့ဘဲ ပြည်တွင်းခရီးသွားတချို့သာ အနည်းငယ် ဝင်ရောက်လာကာ ကားနဲ့ လာရောက်ကြသူတွေများပြားတယ်လို့သိရပါတယ်။

ကိုဗစ် တတိယလှိုင်းမဝင်ရောက်ခင်က ပြည်တွင်းဧည့်တချို့က  မြင်းလှည်းငှားစီးတာ  အနည်းငယ်ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ လုံး၀ မရှိသလောက်ဘဲလို့ အင်းဝမြို့ဟောင်း ဒေသခံတွေကပြောပါတယ်။

အင်း၀ မြင်းလှည်းမောင်းသူတစ်ဦးက “ကိုဗစ်တတိယလှိုင်းခေါ်မှာပေါ့နော် အဲ့ဒီမတိုင်ခင်တုန်းကတော့ အဖိတ်၊ ဥပုသ်၊ စနေ၊ တနင်္ဂနွေ ပိတ်ရက်ကလေးတွေပေါ့။ အဲ့လိုရက်လေးတွေမှာတော့ သူဟာနဲ့သူ ပြည်တွင်းဧည့်သည်ကလေးတွေလာတယ်။ မြင်းလှည်းလည်း ထိုက်သင့်သလောက်သုံးတယ်ပေါ့ဗျာ။ အခုကျတော့ တတိယလှိုင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဧည့်သည်အနေအထားကလည်း ပါးသွားတယ်။ ပါးသွားတဲ့အကြောင်းအရင်း ကလည်း သူတို့လည်ပတ်မှုအင်အားကလည်း ငွေအင်အားနည်းတယ်လို့ ထင်တယ်ပေါ့ဗျာ။ တစ်ပတ်ကို နှစ်စီးသုံစီးပဲ အလွန်ဆုံးထွက်ရတယ်။ မထွက်ရတဲ့ရက်ကများပါတယ်။”လို့ ပြောပါတယ်။

မြင်းလှည်းမောင်းသူတွေအနေနဲ့ စားဝတ်နေရေးကျပ်တည်းလာတာကြောင့် ကြုံရာကျပန်းလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်လာကြရတယ်လို့ဆိုပါတယ်။

ပန်းရံလုပ်ငန်း၊ လမ်းလုပ်ငန်း၊ လက်သမားလုပ်ငန်းစတဲ့ ကြုံရာ ရရာအလုပ်တွေကို လုပ်ကိုင်လာရပြီး မြင်းလှည်းယာဉ်ဂိတ်ကိုတော့ ပိတ်ထားရတယ်လို့ မြင်းလှည်းယာဉ်မောင်းသူတစ်ဦးကပြောပါတယ်။

“စားဝတ်နေရေးကတော့ ၂၀၂၀၊  ၃ လပိုင်းကတည်းက ကျပ်တည်းခဲ့တာပေါ့ အဲ့ကတည်းက နေပြီးတော့ ဒီမှာကြုံရာကျပန်းလေးတွေလုပ်စားတယ်။ မြင်းလှည်း ကတော့လုံးဝကို လုပ်စားပိုင်ခွင့်မရှိတော့ဘူးပေါ့။ လုပ်စားပိုင်ခွင့်မရှိတော့ကျတော့ ပန်းရံလိုက်လုပ်ပြီးတော့ လုပ်ကိုင်စားပါတယ်။”

တော်တော်ကို လုံးလုံးကို ပါးသွားတာပေါ့ တစ်ယောက်မှကိုမလာဘူး ဂိတ် ပိတ်သွားသလိုကို ဖြစ်သွားတာလို့ အင်းဝမြင်းလှည်းမောင်းသူနောက် တစ်ဦးက ထပ်မံပြောပါတယ်။ 

ပုံမှန်နှစ်စဉ်နှစ်တိုင်းမှာ ရေလမ်းကြောာင်းက ဝင်ရောက်လေ့ရှိတဲ့ ကမ်းတို့ဆိပ်ကမ်းကိုလည်း ပိတ်ထားရတာကြောင့် မြင်းလှည်း ငှားစီးသူ မရှိသလောက်နည်းပါးနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းနေရာက စစ်အာဏာသိမ်းမှု ကြောင့် အခြေအနေပိုဆိုးရွားလာပြီး တိုင်းပြည်စီးပွားရေး ပျက်ကပ်ဆိုက်နေကာ ပြည်သူလူထုတွေဟာ စီးပွားရေးပိုမိုကျပ်တည်း၊ အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်  ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။  DVB

ယောနယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ခန့်သေဆုံးတယ်လို့ပြော

မကွေးတိုင်း၊ ယောနယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သား ၅၀ခန့်သေဆုံးပြီး ယောဒေသ ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။နိုဝင်ဘာ ၁၉ရက်၊ ၂၃ရက်၊ ၂၅ရက်တွေမှာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၉ရက် တိုက်ပွဲမှာ စစ်သား ၄၀ခန့်နဲ့ ၂၃ရက် တိုက်ပွဲမှာ စစ်သား ၁၀ခန့်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆောနဲ့ကျောက်ထု ယောဒေသကာကွယ်ရေးတပ်က ဆိုပါတယ်။

နိုဝင်ဘာ ၁၉ရက်က YDF (Saw&Kyaukhtu) ၊ CDF (Mindat)၊ CDF (Kanpetlet) ၊ PDF (Saw) အဖွဲ့ တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တောမနဲ့ ကျင်းလိန်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။အဲဒီနေ့မှာ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ရက်မှာ YDF (Saw&Kyaukhtu) ၊ CDF (Kanpetlet)အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အောက်လက်မွန်နဲ့ အထက် လက်မွန်ရွာကြားမှာ နေ့လယ် ၁နာရီခွဲခန့်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။တိုက်ပွဲကြာချိန် ၂နာရီခန့် ကြာခဲ့ပြီး အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ဦးခန့်သေဆုံးခဲ့ပြီး YDF (Saw&Kyaukhtu) ဘက်က ရဲဘော်၂ ဦး ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ရက်မှာ ကံချောင်းရွာနား တပ်စွဲထားတဲ့ စစ်သား ၅၉ဦးဟာ ကျောက်ထု လေယာဥ်ကွင်းဘက်ကို ဆုတ်ခွာချိန် ကျောက်ပုံ အနီးမှာ YDF (Saw&Kyaukhtu) က စလစ်အိုးအကြီးတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YDF ကဖော်ပြပါတယ်။ khit thit

ထန်တလန်မြို့ သို့ လှူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်ဆုရှင် ၈ ဦး၏ တံဆိပ်ခေါင်းများ လေလံတင်

ငြိမ်းချမ်းရေးနိုဘယ်ဆု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှစ်ဦး၏ တံဆိပ်ခေါင်းများကို ထန်တလန်မြို့နယ် ရံပုံငွေရရှိရေး လေလံတင် ရောင်းချသွားမည်ဟု CRPH Support Group, Norway က ယမန်နေ့တွင် ထုတ်ပြန် သည်။

အဆိုပါ တံဆိပ်ခေါင်း စီးရီးများကို နော်ဝေနိုင်ငံတွင် ၂၀၀၁ ခုနှစ်က ရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး အကန့်အသတ်နှင့်သာ ရှိတော့သည်ဟု ဆိုသည်။တံဆိပ်ခေါင်းများ လေလံတင် သတ်မှတ်ကာလကို ယနေ့၊ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက် နော်ဝေ စံတော်ချိန် ည ၁၂ နာရီအထိ နောက် ဆုံးထား သတ်မှတ်ထားသည်။တံဆိပ်ခေါင်းများကို ကြမ်းခင်းဈေး ၁၅ ဒေါ်လာမှစပြီး လေလံတင်မည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် တံ ဆိပ်ခေါင်းကိုမှု ဒေါ်လာ ၂၀ ဖြင့် စတင် သတ်မှတ်ထားသည်ဟု ဆိုထားသည်။

အဆိုပါ တံဆိပ်ခေါင်းများကို နော်ဝေးနိုင်ငံမှ နာမည်ကြီး တံဆိပ် ခေါင်း ထုတ်လုပ်သူပညာရှင် Sverre Morken နှင့် ဒီဇိုင်းဆွဲသူ Enzo Finger တို့က အထင်ကရ နိုဘယ်ဆုရှင် ရှစ်ဦးဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။အဆိုပါ တံဆိပ်ခေါင်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တံဆိပ် ခေါင်းသည် အလှဆုံးဟု သုံးသပ်နေကြသည်ဟုလည်း CRPH Support Group (Norway) က ရေးသားထားသည်။

နှစ်တစ်ရာပြည့် နိုဘယ်ဆုရှင် တံဆိပ်ခေါင်းထဲမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များမှာ Henry Dunant (1901)၊ Fridtjof Nansen (1922) ၊ Martin Luther King (1964) ၊ Mikhail Sergeyevish Gorbachev (1990) ၊ Aung San Suu Kyi (1991)၊ Rigoberta Menchu (1992) နှင့် Nelson Mandela (1993) တို့ ဖြစ်ကြသည်။ mizzima

ဘုတလင်နှင့် ကြို့ပင်ကောက်ဒေသတွင် စစ် တပ်ပိုင် Mytel တာဝါတိုင် ၂ တိုင် မိုင်းခွဲ ဖျက် ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရုံတောကျေးရွာအနီးက  စစ်တပ်ပိုင် Mytel တာဝါတိုင်ကို နိုဝင်ဘာ ၂၆ ရက် မနေ့ ညနေ ၄ နာရီလောက်က  မိုင်းဆွဲဖျက်ဆီးခံရတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

အဆိုပါ  မိုင်းခွဲဖျက်ဆီးမှုကို  ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သူတို့ လက်ချက်လို့  အတည်ပြု ပြောပါတယ်။ 

“ကျနော်တို့ မြို့နယ်အတွင်း စစ်ကောင်စီ ဒေါက်တိုင်မှန်သမျှ မရှိစေချင်လို့ အခုလိုဖျက်ဆီးရတာဗျ။ ပထမက အဲတိုင်ကို ကျနော်တို့ ပြီးခဲ့တဲ့လတုန်းက ဖျက်ဆီးထားတာကို ဒီကောင်တွေ ပြန်ပြင်ဖို့ ကြိုးစားလာတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခုလို မိုင်းဆွဲဖျက်ဆီးပစ်ရတာ” လို့ ဘုတလင် ပကဖအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်တပ်ပိုင်  Mytel တာဝါတိုင် ဖျက်ဆီးတာတွေသာမက စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုပါ နိုဝင်ဘာ ၂၅ ရက်က ရေဘုတလင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ယောက်ထက်မနည်း  သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အနောက်ဘုရားကြီးကျေးရွာအနီးမှာလည်း Mytel တာဝါတိုင်ကို ကြို့ပင် ကောက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (GBK-PDF) က နိုဝင်ဘာ ၂၆ ရက်က ည ၁၁ နာရီဝန်းကျင်က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ဗုံးခွဲဖျက်ဆီးခံရမှု ကြောင့် တာဝါတိုင်အောင်ခြေစက်ခန်းထဲက စက်တွေပျက်စီးသွားတယ်လို့ GBK-PDF တာဝန်ခံက အတည်ပြုပြောဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက ”ကျနော်တို့ အခုလို Mytel တိုင်တွေ လိုက်ဖျက်နေရတာကလည်းတပိုင်းပေါ့။ ပြည်သူတဦးချင်းစီအနေနဲ့လည်း ဖက်စစ်စစ်တပ်ရဲ့ Mytel အပါအဝင်အခြားပစ္စည်းတွေကိုမသုံးစွဲကြဘဲ စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်ကြပါလို့ တောင်းဆိုချင်ပါတယ်” လို့ ပြော ပါတယ်။

ကြို့ပင်ကောက်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တပတ်အတွင်းနုတ်ထွက်ကြဖို့ ပြင်းထန်စွာသတိပေးထားပြီး မလိုက်နာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စတင်တိုက်ခိုက်တော့ယ်လို့ GBK-PDG က သတိပေးကြေညာထားပါတယ်။

ပြည်သူ့ခုခံစစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးလုပ်တာ၊ ဗုံးပေါက်ကွဲတဲ့နေရာတွေကို သွားရောက်စပ်စုကြည့်ရှုတာ၊ စစ်ကောင်စီတပ်တွေနဲ့ နီးကပ်စွာနေထိုင်တာတွေကို အထူးဂရုပြုရှောင်ကြဉ်ကြဖို့လည်း  မေတ္တာရပ်ခံထားပါတယ်။

NUGအစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြောင်း ကြေညာခဲ့တဲ့ စက်တင်ဘာလကတည်းက ဒီကနေ့အချိန်အထိ  မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစု စီးပွားရေးဆက်နွှယ်နေတဲ့  Mytel ကုမ္ပဏီရဲ့ တာဝါတိုင် ပေါင်း  ၃၀၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့  မှတ်တမ်းပြုစုထားတဲ့အဖွဲ့ဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီဟာ နိုင်ငံတဝန်းမှာ Mytel တာဝါတိုင် ၁၂၀၀၀ လောက်စိုက်ထူခွင့်ရထားတယ်လို့  Justice for Myanmar ရဲ့မှတ်တမ်းအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် Mytel ကုမ္ပဏီဟာ ၃ လအတွင်း ဒေါ်လာ ၂၄ ဒသမ ၉ သန်း ထိခိုက်ဆုံးရှုံးပြီး သုံးစွဲသူဦးရေ ၂ သန်းနီးပါးဆုံးရှုံးခဲ့တယ်လို့လည်း  နိုဝင်ဘာလဆန်းပိုင်းမှာ Mytel ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ DVB

ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်

ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာများ ခရီးသွားလာရာတွင် ခွင့်ပြုချက်ယူရန်နှင့် နယ်ကျော်သွားလာခြင်းမပြု လုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရာအမိန့်ထုတ်ထားသည်။ “တိုင်းရင်းသား မဟုတ်သူများ ခရီးသွားလာခြင်းနှင့် ပတ် သက်၍ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်း” ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။တိုင်းရင်းသားမဟုတ်သူများဆိုသည်မှာ စစ်ကောင်စီအတွက် ရိုဟင်ဂျာများကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့နေထိုင်ရာမြို့နယ်မှ အခြားသောမြို့နယ်ကို ကူးလူးသွားလာခြင်းကို နယ်ကျော်သွားလာခြင်းဟု ဆိုသည်။ ဥပမာ- ဘူးသီးတောင်မြို့နယ်ထဲတွင် နေထိုင်သည့် ရိုဟင်ဂျာတစ်ဦးအနေဖြင့် မောင်တောမြို့နယ်ကို သွားလာရန် ပုံစံ (၄) ကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင်သွား ထုတ်ကာ ပုံစံဖြည့်ရသည်။

အဆိုပါပုံစံတွင် အမည်၊ နေရပ်လိပ်စာနှင့် မောင်တောမြို့နယ်ကို မည်သည့်ကိစ္စကြောင့် သွားရောက်မည်တို့ကို ဖြည့်တင်းရသည်။ ခရီးသွားလာခွင့်ထောက်ခံစာ ပုံစံ (၄) ကိုင်ဆောင်ထားလျှင် ဘူးသီးတောင်မှ မောင်တော၊ မောင်တောမှ ဘူးသီးတောင် အထိသာ သွားလာခွင့်ရသည်။စစ်အုပ်စုအမွေခံ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ၎င်းတို့က “ဘင်္ဂါလီ” ဟုသတ်မှတ်သော ရိုဟင်ဂျာများအတွက် ထောက်ခံချက်ယူပြီးမှသာ ခရီးသွားရမည်ဟု ပြဌာန်းခဲ့သော်လည်း ၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက်ပိုင်း ပုံစံမယူဘဲ ခရီး သွားလာခွင့်ပြုခဲ့သည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီက ခရီးသွားကန့်သတ်ချက်ကိုပြန်လည်အသက်သွင်းလာခြင်းဖြစ်သည်။ ထွေအုပ်ရုံးထုတ်ပြန်ချက်တွင် “တားမြစ်ချက်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေပုဒ်မ ၁၈၈ တို့အရ ထိရောက်စွာ အရေးယူခံ ရမည်” ဟု ပါရှိပြီး အမိန့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ နှစ်လပြည့်မြောက် သည့်နေ့အထိ အတည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ရိုဟင်ဂျာဆိုသောအသုံးအနှုန်းကို လက်ခံကျင့်သုံး လာခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဦးအောင်ကျော်မိုးက စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်သည် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ပြောသည်။

“စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်က ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်တယ်။ နဂိုကတည်းက သွားလာမှု ကန့်သတ်ထားတဲ့လူမျိုးစုတစ်စုအပေါ် ဒေသန္တရာအမိန့်ဆိုပြီး ၁၉၉၀ ကျော်က နယ်စပ်လူဝင်မှုကွပ်ကဲရေးက လုပ်ခဲ့သလို တစ်ရွာကတစ်ရွာကို သွားလာခွင့်ကို ပိုမိုတင်းကျပ်တဲ့ အမိန့်များနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် တာက လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ရိုဟင်ဂျာတွေရဲ့ ရှင်သန်ခွင့် အပေါ် ဆိုးရွာတဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။

ပုံစံ (၄) ကို ထုတ်ယူရသည်ကလည်း လွယ်လွယ်ကူကူမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးရုံးနှင့် လ၀ကရုံးဝန်ထမ်းများကို လာဘ်ထိုးရသည်ဟု ဘူးသီးမြို့နယ်တွင် နေထိုင်သူ ရိုဟင်ဂျာတစ်ဦးက ပြောသည်။“လူတွေက ခရီးသွားမယ်ဆိုရင် ပုံစံ- (၄) ထုတ်ယူခ ငွေ ၁၀,၀၀၀ ကုန်တယ်။ ပုံစံ- (၄) ထုတ်ဖို့အတွက် အုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်ယူရတယ်။ အဲဒီမှာလည်း ပေးရတယ်။ အဲဒီထောက်ခံစာ (ရပ်ကွက်ထောက်ခံစာ) မပါရင်လည်း ဟိုက ပုံစံ- ၄ ထုတ်မပေးဘူး” ဟု ရိုဟင်ဂျာတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများအတွက် ခရီးသွားလာခွင့်ထောက်ခံချက် ထုတ်ပေးရာတွင် ပုံစံ (၄) နှင့် ပုံစံ (၁၀) ဆိုပြီး နှစ်မျိုးရှိသည်။ ပုံစံ(၄) သည် ဘူးသီးတောင်၊ မောင်တော မြို့နှစ်ခုသာ သွားလာခွင့်ရှိပြီး ပုံစံ (၁၀) သည် ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တချို့ကို သွားလာခွင့်ပြုသော ထောက်ခံ စာဖြစ်သည်။အဆိုပါ ခရီးသွားလာခွင့် ထောက်ခံစာ နှစ်မျိုးလုံး၏ ခရီးသွားလာခွင့် သက်တမ်းသည် ခုနှစ်ရက်သာ ရှိသည်။၂၀၁၂ ခုနှစ်က ဖြစ် ပွားခဲ့သော လူမျိုးစု ပဋိပက္ခများနောက် ထိုစဉ်က အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ သမ္မတဦးသိန်းစိန် အစိုးရလက် ထက်တွင် ရိုဟင်ဂျာများအပေါ် ခရီးသွားလာခွင့် ကန့်သတ် ပိတ်ပင်ခဲ့သည်။ ယခင်စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်ကျော် ကာလများတွင်လည်း ကျေးရွာတစ်ရွာနှင့် တစ်ရွာ ပင် အခွင့်မရှိဘဲ ကူးလူးသွားလာခွင့် ပိတ်ပင်ခဲ့မှုများ ရှိခဲ့သည်။ mizzima

« Older Entries Recent Entries »