ကွတ်ခိုင်အနီး ၃ နာရီကြာ တိုက်ပွဲဖြစ်

မူဆယ် မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြောက်ပိုင်း မဟာမိတ်တို့အကြား နိုဝင်ဘာ ၂၈ ရက်က ၃ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအထက် လွိုင်ရွဲးတောင်အနီးတွင် ၂၈ ရက်နေ့ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်မှ နေ့လည် ၁၂ နာရီအချိန်ခန့်ထိ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည် ဟု ပြော သည်။

အမည်မဖော်လို မန်ပြိန်းဒေသခံ ရွာသားတစ်ဦးက “မနက် ၉ နာရီ ၁၀မိနစ်အချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က မန်ပြိန်းရွာကနေ ပြည် ထောင်စုလမ်းမတစ်လျှောက် အထက်ပိုင်း လွိုင်ရွဲးတောင်နား အရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တိုက်ပွဲသံတွေ အဆက်မ ပြတ် စကြားခဲ့ရတာပါ။ လက်ရှိ ၁၂ နာရီအချိန်ထိ ကြားနေရတယ်” ဟု ပြောသည်။မြေပြင်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ထိတွေ့တိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ် မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

သို့သော်အဆိုပါ တိုက်ပွဲအခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက်များ မရရှိသေးပေ။ လက်ရှိအချိန်ထိ တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ မကြားရသေးဟု မန်ပြိန်းကျေးရွာက ဒေ သခံများက ပြောသည်။တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ တို့ သွားလာလှုပ်ရှားနေသည့် နေရာလည်း ဖြစ်သည်။

ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်တပ်က အာဏာသိမ်းပြီး မေလဆန်းမှ စတင်၍ စစ်ကောင်စီတပ်နှင့် တအန်း TNLA၊ ကိုးကန့် MNDAA၊ ကချင် KIA၊ ရခိုင် AAတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း အကြိမ်ရေ ၅၀ ခန့် ဖြစ်ပွားခဲ့ပြီးယနေ့တိုက်ပွဲသည် နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ် ဖြစ် သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s