ဂန့်ဂေါနယ်၊ မောက်လင်းရွာမှ ပြည်သူ ၁၈ ဦး ကို စစ်တပ်ဖမ်းဆီးပြီး ၆ ဦးကို သတ်ဖြတ်မီးရှို့သွား
မကွေးတိုင်း၊ ဂန့်ဂေါနယ် မောက်လင်းကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာခံပြည်သူ(၁၈)ဦးကို နို၀င်ဘာ(၂၇)ရက်နေ့မှာ ဖမ်း ဆီးခဲ့ပြီး (၆)ဦးကို သတ်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။အသတ်ခံခဲ့ရသူ(၆)ယောက်ထဲက (၂)ယောက်ကို လက်ပြန်ကြိုးတုတ်ပြီး အိမ်သာကျင်းထဲ ထည့်ခဲ့ပြီး ကျန်တဲ့(၄)ယောက်ရဲ့ အလောင်းတွေကိုတော့မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ အဲ့ဒီကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာမောက်လင်ရွာမှာ(၂) ညအိပ် (၃)ရက် စခန်းချနေထိုင်ခဲ့ကြပြီး ကျေးရွာအတွင်းက ဈေးဆိုင်တွေ အိမ်တွေကို ၀င်ရောက်မွှေနှောက်ခဲ့ကြသလို အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းယူစားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဂန့်ဂေါ-ကလေးကားလမ်းမပေါ် မောက်လင်းလမ်းခွဲအနီးကကျွန်းဒတ်ရွာမြောက်ဖက် ရွာမြင်တောင်အနီးမှာ စ ခန်းချနေထိုင်နေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။ khit thit