ထန်တလန်မြို့ စစ်တပ်က မီးထပ်ရှို့ ၊ ယမန်နေ့ မီးလောင်မှု ဘုရားကျောင်းအပါအဝင် နေအိမ် ၉၆ လုံး မီးလောင်ပြာကျ

ချင်းပြည်နယ် ထန်တလန်မြို့ကို ယနေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် စစ်တပ်က မီးထပ်ရှို့ကြောင်း The Chin Journal က သတင်းဖော်ပြ သည်။ “ညနေပိုင်းမှာ ကျနော်တို့ သွားရောက်ကြည့်ရှု့ခဲ့တာပေါ့။ မနေ့ညနေပိုင်းကလောင်သွားတဲ့မီးငြိမ်းသွားပေမယ့် ယနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်တပ်က ပြန်ရှို့ခဲ့တယ်။ အခုလည်းလောင်နေတယ်” ဟု လူငယ်က ယနေ့ည ၇နာရီတွင် ပြောဆိုကြောင်း The Chin Journal က ဆို သည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် ညနေ ၄နာရီခွဲခန့်တွင် ထန်တလန်မြို့ မီးလောင်မှုထပ်မံဖြစ်ပွားပြီး စိုက်ပျိုးရေးရပ်ကွက်ရှိ St. Nicolas Catholic ဘုရားကျောင်းလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂၇ ရက် ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်မှုတွင် စိန့်နစ်ကောလပ်စ် (St. Nicholas Church) အပါအဝင် ရပ်ကွက် ၃ ခုရှိ နေအိမ် ၉၆ လုံး မီးလောင်ပြာကျခဲ့ကြောင်း Thantlang Placement Affairs Committee (TPAC) ထံမှ သိရှိရသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲမှစ၍ ထန်တလန်မြို့တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဇုန်မွှန် (Zunghmun) ရပ်ကွက်ရှိ နေအိမ် ၄၁ လုံး၊ ၄၁ အိမ်၊ စိုက် ပျိုးရေး (Saihpiozi) ရပ်ကွက်ရှိ နေအိမ် ၃၉ လုံး၊ လုံတီရယ် (Lungtial) ရပ်ကွက်ရှိ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

စက်တင်ဘာလမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့တွင် ဘုရားကျောင်း ၄ ခုနှင့် နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s