ဓနုဖြူမြို့တွင် ဒလန်ဟု နာမည်ထွက်နေသူ သေနတ်ပစ်ခံရ

ဧရာဝတီတိုင်း၊ဓနုဖြူမြို့တွင် ဒလန်ဟုနာမည်ထွက်နေသူ ကိုဇော်မြတ်ဆိုသူကို အမည်မသိအဖွဲ့တစ်ဖွဲ့က ယနေ့ညနေ ၆ နာရီကျော်တွင် သေ နတ်ဖြင့် သုံးချက်ပစ်ခတ်သွားကြောင်း ဒေသခံများထံကသိရသည်။ကိုဇော်မြတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သူများနှင့် CDM လှုပ်ရှားမှုတွင်ပါဝင်ထားသော ဝန်ထမ်းများအား စစ်တပ်နှင့်ရဲများဆီသို့ သတင်းပေး ဖမ်းဆီးခိုင်းနေသူတစ်ဦးဖြစ်သည်ဟု ဒေသခံများက စွပ်စွဲသည်။
ဓနုဖြူမြို့ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ကိုဇော်မြတ်ဖွင့်လှစ်ထားသောဆိုင်အတွင်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။”ဇော်မြတ်ရဲ့ဆိုင်ထဲအထိဝင်ပစ်သွားတာပါ၊ကျောကုန်းတောင်ပွင့်ထွက်သွားတယ် သုံးချက်တောင်ပစ်သွားတာဆိုတော့သေဖို့များတယ်၊ဇော်မြတ်က ကြံခိုင်ရေးကရာထူးခပ်ကြီးကြီးကောင်တွေနဲ့လည်းပေါင်းနေတာဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလုပ်သွား တာနေမယ်”ဟုဒေသခံကပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက အမှတ်(၂)ရပ်ကွက်အတွင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရပြီး ဓနဖြူမြို့ပေါ်နှင့် မြို့ဝင်မြို့ထွက်ဂိတ်များတွင်လည်း စစ်ဆေးမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ mizzima