Monthly Archives: Nov 2021

စစ်ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ဖိအားပေးသော်လည်း နလန် ပြန်မထူ၊ မစည်ကားတော့သည့် သုဿာန် တစပြင် မြန်မာပလာဇာ

ရန်ကုန်တိုင်းစစ်ကောင်စီက မြန်မာပလာဇာမှ ဆိုင်ခန်းများကို ပြန်ဖွင့်ရန် နိုဝင်ဘာလ ၂၈ ရက်နေ့ က ဆိုင်ခန်းပိုင်ရှင်တချို့ကို ဖိအားပေးခဲ့သော် လည်း နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လူစည်ကားခြင်းမရှိတော့ဘဲ နလန် မထူနိုင်တော့သည့် အခြေအနေရောက်ရှိနေကြောင်း မြန်မာပလာဇာသို့ သွားရောက်လေ့လာခဲ့သည့် ပြည်သူတချို့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်တချို့ကို မြန်မာပလာဇာမှ လုံခြုံရေး ဝန်ထမ်းများက ၀ိုင်းဝန်းထိုး ကြိတ် ခဲ့ကြပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ မြန်မာပလာဇာတွင် လာရောက်သည့် ပြည်သူ လုံး၀ မရှိတော့သည့် သပိတ်မှောက်မှုများ ကို ကြုံတွေ့ရခြင်းဖြစ်သည်။

မြန်မာပလာဇာမှ ဆိုင်ခန်း ၅၀ နီးပါးကလည်း ဆိုင်ခန်းများကို ယာယီပိတ်သိမ်းကြောင်း ကြေညာလိုက်ကြပြီး ယင်းသို့ ပြည်သူလူထု၏ အင်အ ားကြီးမားသော သပိတ်မှောက်မှုသည် ၄ ရက်အကြာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ အထိ မြန်မာပလာဇာတွင် လူသူမရှိဘဲ သုဿာန်တစပြင် အလား ခြောက်ကပ်တိတ်ဆိတ်လျက်ရှိနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

ရန်ကုန်ပြည်သူတစ်ဦးက ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ရိုက်ကူးထားသော မြန်မာ ပလာဇာ၏ အခြေအနေများကို ရန်ကုန်ခေတ်သစ်က ပြန်လည်မျှဝေလိုက်ပါသည်။ khit thit

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ အထိ နာပြီး သေဆုံးသူများပြား၊ နိုင်ငံတစ်ဝန်း စစ် သား ၇၃ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များကို ပြည်သူများက ခုခံတိုက်ခိုက်နေ ရာ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ အထိနာပြီး သေဆုံးသူများပြားလျက် ရှိကာ နိုင်ငံတစ်ဝန်း စစ်သား ၇၃ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

မန္တလေး MPTရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF ဝင်ပစ်၊ စစ်သား ၄ ဦးသေဆုံးဟုဆို

===========================================

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ အင်းခရုဘုရားအနီးရှိ MPT မြန်မာ့ဆက်သွယ်ရေးရုံး အတွင်း တပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၂၉ ရက် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် Generation Z Power (Mandalay) ပြောက် ကျားတပ်ဖွဲ့က ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး နေရာတွင် သေဆုံးကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့ (မန္တလေး) က သတင်းထုတ် ပြန်သည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့အား ဖောက်ခွဲတိုက်ခိုက်ပြီး ၂၅ ချက်ခန့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများက ပြန် လည်ပြန်ခတ်သော်လည်း GZP အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု သိရှိရသည်။ “စစ်တပ်ဘက်က သေတယ်လို့ကြားတယ်။ ဒါပေမယ့် ၄ ဦးလား ဘာလားတော့ သေချာမသိဘူး ဒကာတော်။ ဗုံးကွဲပြီး ပစ်ခတ်မှုဖြစ်တာလည်း ဟုတ်တယ်” ဟု ပြည်ကြီးတံခွန်ဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ မိန့်ကြားသည်။

ဒိုက်ဦးတွင် စစ်တပ်ကို ဝင်ပစ်

=====================

အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ည ၈ နာရီအချိန်တွင် အမှတ် ၄၄၀ တပ်ရင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက အချက် ၂၀ ကျော် ပစ်ခတ်သွားကြောင်း ဒိုက်ဦးဒေသခံများက ပြောသည်။ “ဆိုင်ကယ်နဲ့ တပ်ရင်းကို ဆက်တိုက် ပစ်သွားတာ။ သေ နတ်သံကတော့ အချက် ၂၀ ကျော်တယ်။ တချို့ကလည်း ပြောတာက စစ်တပ်က လက်နက်စမ်းတာလို့ ပြောကြပေမယ့် ဒီနေ့ မနက် သူတို့ လုံ ခြုံ ရေးယူထားတဲ့ ပုံစံအရ မနေ့ညက အပစ်ခံရတာ သေချာပါတယ်” ဟု ဒိုက်ဦးဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ ညပိုင်း အမှတ် ၄၄၀ တပ်ရင်းကို ပစ်ခတ်မှုတွင် လုံခြုံရေးကင်းစောင့်စစ်သားတချို့ သေဆုံး ထိခိုက်မှု ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

မိုးညှင်းတွင် စစ်ကောင်စီ ယာဉ်တန်းကို KIAနှင့် PDFက မိုင်းခွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံး ==================================================================

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို KIAတပ်ဖွဲ့ နှင့် PDF တပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆နာရီခန့်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း KIA သတင်းအရင်းအမြစ်ထံမှ သိရသည်။ အဆိုပါ အ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် မိုးညှင်းမှ မြစ်ကြီးနားသို့ အိမ်စီးကား ၂စီးဖြင့် တက်လာခြင်းဖြစ်ပြီး လက်ပံသာ ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရပြေီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ပြန်လည်ပတ်ခတ်ခဲ့ပြီး လက်ပံသာရွာ နှင့် နန့်မားရွာတို့ရှိ လူနေအိမ်တချို့ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

တမူးတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ

===============================================

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော လှည့်ကင်းဆိုင်ကယ်ကို Burmese Student Organization (BSO) ပြည်သူကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) ၏ တပ်ရင်း ၁၊ တပ်ခွဲ ၃ ကျောင်း သားတပ်ခွဲက ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် အလစ်ငိုက်ခြုံခိုတိုက်ခိုက်ရာမှ အပြန်အလန်ပစ်ခတ်မှု ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။

ကနီတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်

============================

စစ်ကိုင်းတိုင်းကနီမြို့နယ်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ငါးဖျက်ရွာဆိပ်ကမ်းထိ တက်လာသော စစ်ကောင်စီတပ်သားများနဲ့ PDF တပ်ဖွဲ့များ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ည ၈ နာရီခွဲ အချိန်တွင် နတ်ကြီးရွာအနီး၌ မိမိတို့ဘက်မှ ထောင်ထားသော မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိကြောင်း ၊ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် နတ်ကြီးကျေးရွာအုပ်စု၌ တပ်စွဲနေသော စစ်ကော်ငစီတပ်များကို KLG PDFဘက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ပစ် ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး အနည်း ဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်နိုင်ကြောင်း KLG PDF( Kani)က သတင်းထုတ် ပြန်သည်။

ယင်းမာပင်တွင် စစ်ကောင်စီသင်္ဘောကို တိုက်ခိုက်

====================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ကနီမြို့နယ်ချင်းတွင်းမြစ်ရိုးတွင်ကင်းလှည့်နေသော စစ်ကောင်စီရေယာဥ်ကို KANI PDF နှင့် PDA YINMARBINမဟာမိတ်ညီနောင်တပ်ပေါင်းစုက နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် ပျောက်ကျားနည်းဖြင့်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှု များစွာရှိကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် ဗုံးပေါက်

==============

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀မိနစ်အချိန်ခန့် နန်းတော်ရာရပ် ကွက်၊ဒီပါရုံကျောင်းလမ်း၌ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၁ ဦးလက် မောင်း ထိခိုက်ဒဏ်ရာနှင့် ပြည်သူတစ်ဦး တင်ပါးထိခိုက်ဒဏ်ရာရှိကြောင်း ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ရပ်နားထားသော Probox တစ်စီး မှန်ကွဲ ပျက် စီးကြောင်း သိရှိရပါသည်။

မုံးကိုးတွင် စစ်တပ်နှင့် ကိုးကန့် တိုက်ပွဲပြင်းထန်

===================================

နိုဝင်ဘာလ ၂၆ရက်နေ့ သန်းခေါင်ယံ ၁၂ နာရီခန့်တွင် စစ်ကောင်စီသည် အထူးဒေသ(၁) ၊ မုံးကိုးခရိုင် ၊ ချင်ချိုင့်ထန်ဒေသသို့ စစ်အင်အားအချို့တိုးချဲ့ပြီး ၂၇ ရက်နေ့တွင် ကိုးကန့်MNDAA ၊ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ ရှိရာ ချင်ချိုင့်ထန်တပ်စခန်း၌ သုံးကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ နံနက် ၉နာရီ ၃၀မိနစ် တွင် စစ်ကောင်စီသည် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကိုးကန့်MNDAA ကို ပထမအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲ ၁နာရီကျော်ဖြစ်ပွားပြီးနောက် ကိုးကန့်MNDAAမှ အကောင်ဆုံး ခုခံနိုင်ခဲ့သည်။ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီသည် ကိုးကန့်MNDAA၏တပ်စခန်းကို ဒုတိယအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ပန်းလုံတောင်ကုန်းရှိ စစ်ကောင်စီသည်လည်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် ၃၀ မိနစ်ဖြစ်ပွားပြီးနောက် နှစ်ဖက်မှ ခဏရပ်ဆိုင်းပြီး စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်သည်။

ညနေ ၁၅ နာရီ ၃ မိနစ်ခန့်တွင် စစ်ကောင်စီသည် တတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း ရှေ့နှစ်ကြိမ်နည်းတူ အထိနာပြီး နောက်ပြန်ဆုတ်ရသည်။ တိုက်ပွဲတွင် မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့မှ (၁)ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်မှ အသေးစိတ်မသိရပါ။ နိုဝင်ဘာလ ၂၇ ရက်‌နေ့ နံနက် ၁နာရီ ၄၄မိနစ် နှင့် နေ့လည် ၁၂ နာရီ ၅၂ မိနစ် အချိန်တွင် စစ်ကောင်စီ နှင့် ကိုးကန့်MNDAAတို့သည် အထူး‌‌ဒေသ(၁)မူပန်ခရိုင် ၊ ပန်ဖာနှင့် မော်လီလမ်းကြား ၊ ကုန်ညိုအနောက်ဘက် တောင်ကုန်း စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။တစ်ရက်အတွင်း စစ်ကောင်စီသည် ကိုးကန့်MNDAAရှိရာ ဖောင်းဆိုင်ကျေးရွာ ၊ မန်ရန်တပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း(၂၀)ကျော်ပစ်ခတ်ခဲ့ပြီး စက် သေနတ်နှင့်လည်းပစ်ခတ်တိုက်ခိုက်လာသည်။

ဒီပဲယင်း ညောင်လှကျေးရွာအနီး စစ်သား ၅၀ ခန့် သေဆုံး

==========================================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာသို့ ဆည်ကြီးကျေးရွာဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ရွှေဘိုမိုးကြိုးမုန်တိုင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား နိုဝင်ဘာလ ၂၈ ရက် ယမန်နေ့တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ခန့် သေဆုံးကြောင်း ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီသည် ညောင်လှကျေးရွာသို့ မြေပြင်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့သလို၊ Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အထိ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီနှင့်ပျူစောထီး ၁၀ ဦးကျော်သေဆုံး

===========================================

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီးတွင် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် စကစနှင့်ပျူစောထီးများ နယ်မြေရှင်းလင်းရေး အကြောင်းပြ လှည့်လည်လာရာ အသင့်စောင့်နေရာယူထားသော မင်းကင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က လက်နှက်ကြီးဖြင့် ပစ်ခတ်တိုက်ရာ ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ကျော် အပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ khit thit

ခရစ်စမတ်နှင့် နှစ်ကူးပွဲများ မကျင်းပရန် ခူမီး ချင်းမျိုးနွယ်စုများ မေတ္တာရပ်ခံ

ချင်းပြည်နယ်ရှိ ခူမီးချင်းမျိုးနွယ်စုများ နေထိုင်ရာ ဒေသများတွင် ခရစ်စမတ် ပွဲတော်နှင့် နှစ်သစ်ကူး ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ မကျင်းပကြရန် ကြားကာလ ခူမီးချင်းအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (Interim Khumi Affairs Coordination Council) က ယနေ့ နိုဝင်ဘာလ၂၉ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်သည်။

“၂၀၂၁ ခုနှစ်သည် အမျိုးသား တန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေး၊ စစ်အာဏာရှင် အမြစ်ဖြုတ်ချနိုင်ရေးအတွက် တော်လှန်စစ် ဆင်နွှဲနေသောကာလ ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူများ မတရား ဖမ်းဆီးခံရခြင်း၊ အသက်သေဆုံးရခြင်း၊ ဘာသာရေး အ ဆောက်အအုံများ အပါအဝင်လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် နေရပ်စွန့်ခွာ ရှောင်တိမ်း နေရသော အချိန်ကာလ ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတွက် ချင်းတစ်မျိုးသားလုံး ခံစားနေရသောဒုက္ခများကို မျှဝေခံစားပေးသောအားဖြင့် ပွဲလမ်းသဘင်အဖြစ် မကျင်းပရန်နှင့် မိမိတို့ ကိုး ကွယ်ယုံကြည်ရာ အလိုက် မိသားစုအဆင့် ဝတ်ပြုပွဲများ အဖြစ်သာ ပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ခရစ္စမတ်ပွဲတော်အတွင်း အိမ်အလှဆင်ခြင်းများနှင့် စားသောက်ပွဲများ မကျင်းပရန် ဟားခါးခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များ အဖွဲ့က ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် ကြေညာထားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ချင်း ခရစ်ယာန်မိဿဟာရ အဖွဲ့ကလည်း ယခုနှစ် ခရစ္စမတ်ပွဲတော် ကျင်းပမည့် ကုန်ကျစရိတ်များအား ဒုက္ခခံနေရသူများအတွက် ပေးလှူကြရန် နိုဝင်ဘာလ ၂၂ ရက်တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သည်။ mizzima

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက လွတ်‌မြောက်နယ်မြေတွင် နွေဦးစာကြည့်တိုက် ဖွင့်လှစ်

ကယားပြည်နယ် လွတ်မြောက်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် နွေဦးစာကြည့်တိုက် အမှတ် (၁) ကို ဖွင့်လှစ်ခဲ့သည်ဟု ရန်ကုန်နည်းပညာတက္က သိုလ် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောသည်။“ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ဖြတ်တောက်ခံ ထားရလို့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတဲ့ ဒေသခံတွေအတွက် ပြင်ပဗဟုသုတ ရှာနိုင်ဖို့ အခုလို စာကြည့်တိုက် ဖွင့်လှစ်ပေးခဲ့တာပါ။

ကလေးတွေ စာကြည့်တိုက်နဲ့ မစိမ်းအောင်၊ အမြဲလာပြီး စာဖတ်နိုင်အောင်ပါ” ဟု ၎င်းက ပြောသည်။ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ အမျိုး သားနေ့ အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပြီးယင်းစာကြည့်တိုက်တွင် လက်ရှိ စာအုပ်အရေအတွက် ၁၂၀၀ ကျော် ဖြည့်ဆည်းထားပြီး ဖြစ်သည်။“နောက်ပိုင်းလည်း စာကြည့်တိုက် သက်ဝင် လည်ပတ်နိုင်အောင် စာကြည့်တိုက်မှူး အနေနဲ့ CDM ဝန်ထမ်း ဆရာ၊ ဆရာမတွေထဲက ရွေးပြီးခန့်ထားတယ်။

ဒီစာကြည့်တိုက်မှာပဲ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာ သင်တန်းတွေပေးနိုင်အောင် စီစဥ်ထားတာတွေလည်း ရှိတယ်” ဟု ကျောင်းသားသမဂ္ဂ တာဝန်ရှိသူ ပြောပြသည်။လက်ရှိတွင် အမှတ် (၁) စာကြည့်တိုက် ဖွင့်လှစ်ပြီး ဖြစ်ကာ နောင်တွင် အမှတ် (၂)၊ (၃) စသဖြင့် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

စာကြည့်တိုက်များ ထပ်ဖွင့်နိုင်ရန် ကုန်ကျစရိတ်အတွက် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ ဖြစ်သော Yangon Technological University Students’ Union- YTUSU page သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း ပြောဆိုထားသည်။“ ယနေ့ စာကြည့်တိုက် ဖွင့်လှစ်ရေး အားဖြည့်ပေးခဲ့ကြသော ဆေးတက္ကသိုလ်(၁) ကျောင်းသား သမဂ္ဂနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုလည်း ကျေးဇူး တင်ရှိပါတယ်” ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ mizzima

ဒီပဲယင်းမြို့နယ်တွင် စစ်တပ်နှင့် ဒေသခံ PDF တိုက်ပွဲဆက်ဖြစ်နေ 

ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ အင်ပင်ရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၂၉) မွန်းလွဲပိုင်းမှစ၍ စစ်တပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း ဒီပဲယင်း PDF တာဝန်ရှိသူက ပြောသည်။ 

မွန်းလွဲ၂ နာရီဝန်းကျင်ခန့်မှစ၍ အင်အား ၅၀ ခန့်ရှိ စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။ 

“အင်ပင်ကုန်းထဲကို သူတို့ (စစ်တပ်)က မနက်ကတည်းက မွှေနေတာ။ အခုလောလောဆယ်တော့ အသေးစိတ်ပြောလို့ မရသေးဘူး”ဟု ထိုသူက ဆိုသည်။ 

ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ညောင်လှရွာနှင့် အနီးတစ်ဝိုက်ကို နိုဝင်ဘာ ၂၇ ရက်တွင် စစ်တပ်က ရဟတ်ယာဉ်ငါးစီးဖြင့် အင်အားဖြည့်တင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အင်ပင်ရွာလည်း အပါအဝင်ဖြစ်သည်။ 

ညောင်လှနှင့် ဆည်ကြီးရွာကို ဆက်သွားထားသည့် မူးမြစ်ကူး ယဉ်ကျေးတံတားအနီး တပ်စွဲထားသည့် စစ်တပ်က အနီးတစ်ဝိုက်ကျေးရွာများကို လိုက်လံစီးနင်းလျက်ရှိရာ ယနေ့တွင် အင်ပင်ရွာကို လာသည့် စစ်ကြောင်းကို ဒီပဲယင်း PDF က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

“အင်ပင်ရွာကို သွားမယ့်စစ်ကြောင်းကို (ယဉ်ကျေး) ရွာအထွက်မှာ (မိုင်း) ခွဲလိုက်တာ။ ကျွန်တော်တို့ ထောင်ထားတဲ့ (လက်လုပ်) မိုင်း သုံးလုံးကွဲသွားတယ်။ စစ်ကြောင်းကတော့ အဲဒီနေရာကနေ ဆက်သွားတယ်။ မနက်ကတော့ တိုက်ပွဲမဖြစ်လိုက်ဘူး” ဟု ၎င်းက ဆိုသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် ထိခိုက်ဒဏ်ရာရသွားသော်လည်း သေဆုံးမှုရှိမရှိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

နိုဝင်ဘာ ၂၇ ရက်တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခံရစဉ်အတွင်း ညောင်လှရွာသား ခြောက်ဦး၊ သစ်တုံရွာသားတစ်ဦး သေဆုံးခဲ့သည်ဟု ထွက်ပြေးနေရသည့် ဒေသခံများကို ကိုးကား၍ ဒေသခံသုံးဦးက ယမန်နေ့တွင် Myanmar Now ကို ပြောထားသည်။ 

ယမန်နေ့ ညနေပိုင်းတွင်လည်း ယဉ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်မှ တစ်မိုင်ကျော်အကွာရှိ နများရွာသို့ သွားရောက်သော စစ်ကြောင်းတစ်ခုကို ဒီပဲယင်း PDF က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ထိုသို့တိုက်ခိုက်ခံရစဉ်အတွင်း ဒဏ်ရာရစစ်သားများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာသို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ဟု ဒီပဲယင်း PDF ဘက်က ဆိုသည်။

“မနေ့က (မိုင်း) ခွဲပြီးတော့ အပြန်အလှန်တွေ ပစ်တာတွေဖြစ်တယ်။ ကွဲသံတွေရော၊ ပစ်သံတွေရာ ရောသွားတာ။ (ကြား)ဖြတ်တိုက်သလို ဖြစ်သွားတာပေါ့။ အပြန်အလှန်ပစ်တဲ့အချိန်က သိပ်မကြာဘူး။ ၁၀ မိနစ်လောက်ပဲ။ သူတို့က မိုင်းဆွဲတိုက်ခံရရင် လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ တရစပ်ပစ်တာလေ။ ၁၅ ဦး လောက်ပါသွားတယ်လို့ သတင်းရတယ်။ ဟတ်စကီးနဲ့ လာသယ်သွားတယ်” ဟု ဒီပဲယင်း PDF တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းတွင် နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံးနိုင်သည်ဟု ဒီပဲယင်း PDF က ယူဆသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်းမှ ညောင်လှ၊ ဆည်ကြီး၊ သရက်တော၊ မူခတွင်း၊ မဲအိုး၊ လက်ယက် ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး၊ အင်ပင်ရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ စစ်ကောင်စီ တပ်၏ အင်အားသုံးစီးနင်းမှုများကြောင့် နိုဝင်ဘာ ၂၇ ညနေကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်။

ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်လည်း နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရောက်ရှိနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် အင်ဘုတ်ရွာနှင့် ရွှေမုံရွာတို့အနီးရှိ ယာခင်းများအတွင်းရှိ တဲ ၁၁ လုံးကို မီးရှို့သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်အား ၁၅၀ ခန့်ရှိ စစ်တပ်က စစ်ကြောင်းနှစ်ခုခွဲ၍ နံနက် ၈ နာရီဝန်းကျင်တွင် ရွှေမုံရွာ အနောက်ဘက်၌ ယာခင်းထဲရှိ တဲသုံးလုံး၊ နံနက် ၉ နာရီတွင် အင်ဘုတ်ရွာအနောက်ဘက် ၇ မိုင်အကွာရှိ ယာခင်းများရှိ တဲရှစ်လုံးတို့ကို မီးရှို့ပစ်ခဲ့သည်ဟု ထိုနယ်ခံအမျိုးသားက ဆိုသည်​။

“(ဒီပဲယင်း)အနောက်ခြမ်းမှာက တိုက်ပွဲတော့ မဖြစ်သေးဘူး။ စစ်ကြောင်းနှစ်ကြောင်းနဲ့ မွှေနေတယ်။ စစ်ကြောင်းထိုးရင်း တွေ့တဲ့ တဲတွေကို မီးရှို့သွားတယ်။ ရွာထဲ စစ်ကြောင်းလာရင်လည်း (ဒေသခံတွေ) သွားနေ (ပုန်းရှောင်) ကြတဲ့ တဲတွေပေါ့ဗျာာ။ အခုတော့ အဲဒီနေရာကသူတွေလည်း ဘေးလွတ်ရာ ပြေးနေကြတယ်။ ရွာတွေထဲမှာတော့ မီးရှို့တာ မရှိသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဒီပဲယင်းမြို့နယ် အနောက်ပိုင်းရှိ ဆပ်ပြာကျင်းရွာအနီးတွင် ယာတဲအချို့ကို စစ်တပ်က မီးရှို့သွားကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသသတင်းများဖော်ပြနေသည့် ညီနောင်များအမည်ရ Facebook စာမျက်နှာက ရေးသားသည်။ 

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း ဒေသခံ PDF က ပြောဆိုသော်လည်း လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ myanmar now

ဒီပဲယင်း၊ ဆပ်ပြာကျင်းကျေးရွာရှိ တဲများ၊ ဆိုင်ကယ်၊ လယ်ထွန်စက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး၊ ပိုက်ဆံ သိန်း ၅၀ ကျော်နှင့် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူသွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ရှိ ဆပ်ပြာကျင်းကျေးရွာရှိ အများပြည်သူပိုင် တောနေတဲများ၊ စက်ဘီးများ၊ ဆိုင်ကယ်များ၊ လယ်ထွန်စက်များကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၉ ရက် ယနေ့နေ့လယ်ပိုင်းတွင် မီးရှို့ဖျက်ဆီးသွားပြီး ပိုက်ဆံ သိန်း ၅၀ ကျော်နှင့် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူသွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညအိပ်ခဲ့သော တဲများအတွင်း၌လည်း စားနပ်ရိက္ခာ ဆန်များကို ဖျက်ဆီးပြီး မြေပေါ်ကျဲချသွားကြောင်း ဒီပဲယင်း PDF (ကနောင်တပ်ဖွဲ့) ထံမှ သိရှိရသည်။ khit thit

ပုသိမ်တွင် ရပ်ကျေးအုပ်ချုပ်မှူး ၂ ဦး နုတ်ထွက်

ဧရာဝတီတိုင်း အစိုးရရုံးစိုက်သည့် တိုင်းမြို့တော် ပုသိမ်တွင် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ရပ်ကျေးအုပ်ချုပ်မှူး နှစ်ဦး နုတ်ထွက်သွားသည်။ပုသိမ်မြို့မ ရပ်ကွက်များ ဖြစ်သည့် အမှတ် ၈ ရပ်ကွက် နှင့် အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့ နုတ်ထွက်သွားခြင်းဖြစ်သည်ဟု ပုသိမ်မြို့ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုရုံးထံမှ သိရသည်။

“သူတို့က ကျန်းမာရေး အခြေအနေကြောင့်လို့ စာတင်ပြီး ထွက်ကြတာပါ။ ဒါပေမယ့် NLD တွေခန့်တဲ့ လက် ကျန်အုပ်ကြီးတွေကို ဖယ်ရှားဖို့ အစီအစဉ်ရှိနေတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။နုတ်ထွက်သွားသူ အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ မဟုတ်ပဲ NLD အစိုးရလက်ထက်က ရပ်ကွက်ပြည်သူများမှ ရွေးချယ်တင်မြောက်ထားသည့် အုပ်ချုပ်ရေးမှူးများ ဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူ များက ပြောသည်။

နုတ်ထွက်သွားသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အမှတ် ၁၃ ရပ်ကွက်မှ ဦးဝင်းနိုင် နှင့် အမှတ် ၈ ရပ်ကွက် မှ ဦးအောင်မြတ်သူတို့ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။ပုသိမ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီခန့် ကြောင်ပန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပြီးနောက် တစ်လအကြာတွင် အုပ်ချုပ်ရေးမှူးနှစ်ဦး နှုတ်ထွက်ကြခြင်းဖြစ်သည်။ပုသိမ်မြို့ခံ ဦးကျော်ကြီးက “စစ်ကောင်စီက အုပ်ကြီးတွေကို သူတို့ရဲ့ ဒလန်သတင်းပေးတွေ လုပ်ခိုင်းနေတော့ ဘယ်လုပ်ချင်ပါ့မလဲ အသက်က အပိုပါတာမှမဟုတ်တာ” ဟု ပြောသည်။

စစ်ကောင်စီက လစ်လပ်သွားသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာများတွင် စစ်မှုထမ်းဟောင်းများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်အချို့ကို အစားထိုးခန့်ထားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ များက ပြောသည်။ပုသိမ်မြို့နယ်တွင် ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၇၅ ခုရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ သြဇာမကင်းဟု ယူဆသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၉ ဦးကို တာဝန်မှ ဖယ်ရှားခဲ့သည်။၎င်းတို့အနက် တစ်ဦးကို ပုဒ်မ-၅၀၅ တပ်ကာ ဖမ်းဝရမ်းထုတ်ခဲ့ရာ တိမ်းရှောင်နေစဉ် ကျန်းမာရေးကြောင့် သေဆုံးခဲ့သည်။mizzima

မုံရွာတွင် အခြေခံပညာကျောင်းသားများနှင့် ပြည်သူများ ဦးဆောင်ကာ ဖက်ဆစ် စစ်ပတ် တော်လှန်ရေးနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြ

khit thit

ထန်းတပင်မြို့နယ်တွင် မိုင်တဲတာဝါတိုင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်တွင် ယနေ့ နိုဝင်ဘာ ၂၉ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။”မိုင်တဲတိုင် ပေါက်တာ ဟုတ်တယ်၊။ ထန်းတပင်က ပေါက်တန်းရွာလေးကပေါ့။ ကျွန်တော်က ဒီဘက်နား ရွာက။

အသံအကျယ်ကြီးပဲ နှစ်လုံးတောင် ပေါက်တာ။ အိပ်နေတာတောင် နိုးတယ်။ ဒါပေမဲ့ မနက်ခင်းမှာ မင်္ဂလာရှိသွားပြီ” ဟု အနီးနေ ဒေသခံ ရွာ သားတစ်ဦးက မဇ္ဈိမ ကိုပြောသည်။အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ အစည်းက လုပ်ဆောင်သည်ကိုမူ ယခုအချိန်ထိ မသိရှိရသေးပေ။ “ဘုန်းကြီးကျောင်းနောက်က မိုင်တဲတာဝါတိုင်မှာ ပေါက်တာ။ ဗုံးနှစ်လုံးပေါက်တာ။

ပေါက်ပြီးသိပ်မကြာဘူး စစ်သားတွေ ရဲတွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး ရွာအဝင်အထွက် ပိတ်လိုက်တယ်။ ရွာထဲကနေလည်း အပြင်ထွက် မခံ၊ အပြင်ကနေလည်း ရွာထဲအဝင်မခံပဲ ပိတ်ပြီးစစ်တယ်” ဟု HTY Information လူမှုကွန်ရက်စာမျက်နှာတွင် ယင်းဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။ mizzima

« Older Entries