ခရစ်စမတ်နှင့် နှစ်ကူးပွဲများ မကျင်းပရန် ခူမီး ချင်းမျိုးနွယ်စုများ မေတ္တာရပ်ခံ

ချင်းပြည်နယ်ရှိ ခူမီးချင်းမျိုးနွယ်စုများ နေထိုင်ရာ ဒေသများတွင် ခရစ်စမတ် ပွဲတော်နှင့် နှစ်သစ်ကူး ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ မကျင်းပကြရန် ကြားကာလ ခူမီးချင်းအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (Interim Khumi Affairs Coordination Council) က ယနေ့ နိုဝင်ဘာလ၂၉ ရက်တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်သည်။

“၂၀၂၁ ခုနှစ်သည် အမျိုးသား တန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်ရေး၊ စစ်အာဏာရှင် အမြစ်ဖြုတ်ချနိုင်ရေးအတွက် တော်လှန်စစ် ဆင်နွှဲနေသောကာလ ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူများ မတရား ဖမ်းဆီးခံရခြင်း၊ အသက်သေဆုံးရခြင်း၊ ဘာသာရေး အ ဆောက်အအုံများ အပါအဝင်လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် နေရပ်စွန့်ခွာ ရှောင်တိမ်း နေရသော အချိန်ကာလ ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတွက် ချင်းတစ်မျိုးသားလုံး ခံစားနေရသောဒုက္ခများကို မျှဝေခံစားပေးသောအားဖြင့် ပွဲလမ်းသဘင်အဖြစ် မကျင်းပရန်နှင့် မိမိတို့ ကိုး ကွယ်ယုံကြည်ရာ အလိုက် မိသားစုအဆင့် ဝတ်ပြုပွဲများ အဖြစ်သာ ပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ခရစ္စမတ်ပွဲတော်အတွင်း အိမ်အလှဆင်ခြင်းများနှင့် စားသောက်ပွဲများ မကျင်းပရန် ဟားခါးခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များ အဖွဲ့က ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာလ ၂၀ ရက်တွင် ကြေညာထားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ချင်း ခရစ်ယာန်မိဿဟာရ အဖွဲ့ကလည်း ယခုနှစ် ခရစ္စမတ်ပွဲတော် ကျင်းပမည့် ကုန်ကျစရိတ်များအား ဒုက္ခခံနေရသူများအတွက် ပေးလှူကြရန် နိုဝင်ဘာလ ၂၂ ရက်တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s