စစ်ကောင်စီက ဆိုင်များ ပြန်ဖွင့်ရန် ဖိအားပေးသော်လည်း နလန် ပြန်မထူ၊ မစည်ကားတော့သည့် သုဿာန် တစပြင် မြန်မာပလာဇာ




ရန်ကုန်တိုင်းစစ်ကောင်စီက မြန်မာပလာဇာမှ ဆိုင်ခန်းများကို ပြန်ဖွင့်ရန် နိုဝင်ဘာလ ၂၈ ရက်နေ့ က ဆိုင်ခန်းပိုင်ရှင်တချို့ကို ဖိအားပေးခဲ့သော် လည်း နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လူစည်ကားခြင်းမရှိတော့ဘဲ နလန် မထူနိုင်တော့သည့် အခြေအနေရောက်ရှိနေကြောင်း မြန်မာပလာဇာသို့ သွားရောက်လေ့လာခဲ့သည့် ပြည်သူတချို့ထံမှ သိရှိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်တချို့ကို မြန်မာပလာဇာမှ လုံခြုံရေး ဝန်ထမ်းများက ၀ိုင်းဝန်းထိုး ကြိတ် ခဲ့ကြပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ မြန်မာပလာဇာတွင် လာရောက်သည့် ပြည်သူ လုံး၀ မရှိတော့သည့် သပိတ်မှောက်မှုများ ကို ကြုံတွေ့ရခြင်းဖြစ်သည်။
မြန်မာပလာဇာမှ ဆိုင်ခန်း ၅၀ နီးပါးကလည်း ဆိုင်ခန်းများကို ယာယီပိတ်သိမ်းကြောင်း ကြေညာလိုက်ကြပြီး ယင်းသို့ ပြည်သူလူထု၏ အင်အ ားကြီးမားသော သပိတ်မှောက်မှုသည် ၄ ရက်အကြာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ အထိ မြန်မာပလာဇာတွင် လူသူမရှိဘဲ သုဿာန်တစပြင် အလား ခြောက်ကပ်တိတ်ဆိတ်လျက်ရှိနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။
ရန်ကုန်ပြည်သူတစ်ဦးက ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ရိုက်ကူးထားသော မြန်မာ ပလာဇာ၏ အခြေအနေများကို ရန်ကုန်ခေတ်သစ်က ပြန်လည်မျှဝေလိုက်ပါသည်။ khit thit