စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ အထိ နာပြီး သေဆုံးသူများပြား၊ နိုင်ငံတစ်ဝန်း စစ် သား ၇၃ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များကို ပြည်သူများက ခုခံတိုက်ခိုက်နေ ရာ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ အထိနာပြီး သေဆုံးသူများပြားလျက် ရှိကာ နိုင်ငံတစ်ဝန်း စစ်သား ၇၃ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

မန္တလေး MPTရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF ဝင်ပစ်၊ စစ်သား ၄ ဦးသေဆုံးဟုဆို

===========================================

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ အင်းခရုဘုရားအနီးရှိ MPT မြန်မာ့ဆက်သွယ်ရေးရုံး အတွင်း တပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၂၉ ရက် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် Generation Z Power (Mandalay) ပြောက် ကျားတပ်ဖွဲ့က ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး နေရာတွင် သေဆုံးကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့ (မန္တလေး) က သတင်းထုတ် ပြန်သည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့အား ဖောက်ခွဲတိုက်ခိုက်ပြီး ၂၅ ချက်ခန့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများက ပြန် လည်ပြန်ခတ်သော်လည်း GZP အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု သိရှိရသည်။ “စစ်တပ်ဘက်က သေတယ်လို့ကြားတယ်။ ဒါပေမယ့် ၄ ဦးလား ဘာလားတော့ သေချာမသိဘူး ဒကာတော်။ ဗုံးကွဲပြီး ပစ်ခတ်မှုဖြစ်တာလည်း ဟုတ်တယ်” ဟု ပြည်ကြီးတံခွန်ဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ မိန့်ကြားသည်။

ဒိုက်ဦးတွင် စစ်တပ်ကို ဝင်ပစ်

=====================

အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ည ၈ နာရီအချိန်တွင် အမှတ် ၄၄၀ တပ်ရင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက အချက် ၂၀ ကျော် ပစ်ခတ်သွားကြောင်း ဒိုက်ဦးဒေသခံများက ပြောသည်။ “ဆိုင်ကယ်နဲ့ တပ်ရင်းကို ဆက်တိုက် ပစ်သွားတာ။ သေ နတ်သံကတော့ အချက် ၂၀ ကျော်တယ်။ တချို့ကလည်း ပြောတာက စစ်တပ်က လက်နက်စမ်းတာလို့ ပြောကြပေမယ့် ဒီနေ့ မနက် သူတို့ လုံ ခြုံ ရေးယူထားတဲ့ ပုံစံအရ မနေ့ညက အပစ်ခံရတာ သေချာပါတယ်” ဟု ဒိုက်ဦးဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ ညပိုင်း အမှတ် ၄၄၀ တပ်ရင်းကို ပစ်ခတ်မှုတွင် လုံခြုံရေးကင်းစောင့်စစ်သားတချို့ သေဆုံး ထိခိုက်မှု ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

မိုးညှင်းတွင် စစ်ကောင်စီ ယာဉ်တန်းကို KIAနှင့် PDFက မိုင်းခွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံး ==================================================================

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို KIAတပ်ဖွဲ့ နှင့် PDF တပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၆နာရီခန့်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း KIA သတင်းအရင်းအမြစ်ထံမှ သိရသည်။ အဆိုပါ အ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် မိုးညှင်းမှ မြစ်ကြီးနားသို့ အိမ်စီးကား ၂စီးဖြင့် တက်လာခြင်းဖြစ်ပြီး လက်ပံသာ ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံရပြေီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ပြန်လည်ပတ်ခတ်ခဲ့ပြီး လက်ပံသာရွာ နှင့် နန့်မားရွာတို့ရှိ လူနေအိမ်တချို့ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

တမူးတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ

===============================================

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော လှည့်ကင်းဆိုင်ကယ်ကို Burmese Student Organization (BSO) ပြည်သူကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) ၏ တပ်ရင်း ၁၊ တပ်ခွဲ ၃ ကျောင်း သားတပ်ခွဲက ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် အလစ်ငိုက်ခြုံခိုတိုက်ခိုက်ရာမှ အပြန်အလန်ပစ်ခတ်မှု ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။

ကနီတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်

============================

စစ်ကိုင်းတိုင်းကနီမြို့နယ်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ငါးဖျက်ရွာဆိပ်ကမ်းထိ တက်လာသော စစ်ကောင်စီတပ်သားများနဲ့ PDF တပ်ဖွဲ့များ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ည ၈ နာရီခွဲ အချိန်တွင် နတ်ကြီးရွာအနီး၌ မိမိတို့ဘက်မှ ထောင်ထားသော မိုင်းနင်းမိပြီး စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိကြောင်း ၊ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် နတ်ကြီးကျေးရွာအုပ်စု၌ တပ်စွဲနေသော စစ်ကော်ငစီတပ်များကို KLG PDFဘက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ပစ် ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး အနည်း ဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်နိုင်ကြောင်း KLG PDF( Kani)က သတင်းထုတ် ပြန်သည်။

ယင်းမာပင်တွင် စစ်ကောင်စီသင်္ဘောကို တိုက်ခိုက်

====================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ကနီမြို့နယ်ချင်းတွင်းမြစ်ရိုးတွင်ကင်းလှည့်နေသော စစ်ကောင်စီရေယာဥ်ကို KANI PDF နှင့် PDA YINMARBINမဟာမိတ်ညီနောင်တပ်ပေါင်းစုက နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် ပျောက်ကျားနည်းဖြင့်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှု များစွာရှိကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် ဗုံးပေါက်

==============

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀မိနစ်အချိန်ခန့် နန်းတော်ရာရပ် ကွက်၊ဒီပါရုံကျောင်းလမ်း၌ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၁ ဦးလက် မောင်း ထိခိုက်ဒဏ်ရာနှင့် ပြည်သူတစ်ဦး တင်ပါးထိခိုက်ဒဏ်ရာရှိကြောင်း ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ရပ်နားထားသော Probox တစ်စီး မှန်ကွဲ ပျက် စီးကြောင်း သိရှိရပါသည်။

မုံးကိုးတွင် စစ်တပ်နှင့် ကိုးကန့် တိုက်ပွဲပြင်းထန်

===================================

နိုဝင်ဘာလ ၂၆ရက်နေ့ သန်းခေါင်ယံ ၁၂ နာရီခန့်တွင် စစ်ကောင်စီသည် အထူးဒေသ(၁) ၊ မုံးကိုးခရိုင် ၊ ချင်ချိုင့်ထန်ဒေသသို့ စစ်အင်အားအချို့တိုးချဲ့ပြီး ၂၇ ရက်နေ့တွင် ကိုးကန့်MNDAA ၊ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ ရှိရာ ချင်ချိုင့်ထန်တပ်စခန်း၌ သုံးကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ နံနက် ၉နာရီ ၃၀မိနစ် တွင် စစ်ကောင်စီသည် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကိုးကန့်MNDAA ကို ပထမအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲ ၁နာရီကျော်ဖြစ်ပွားပြီးနောက် ကိုးကန့်MNDAAမှ အကောင်ဆုံး ခုခံနိုင်ခဲ့သည်။ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီသည် ကိုးကန့်MNDAA၏တပ်စခန်းကို ဒုတိယအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ပန်းလုံတောင်ကုန်းရှိ စစ်ကောင်စီသည်လည်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲသည် ၃၀ မိနစ်ဖြစ်ပွားပြီးနောက် နှစ်ဖက်မှ ခဏရပ်ဆိုင်းပြီး စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်သည်။

ညနေ ၁၅ နာရီ ၃ မိနစ်ခန့်တွင် စစ်ကောင်စီသည် တတိယအကြိမ် ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း ရှေ့နှစ်ကြိမ်နည်းတူ အထိနာပြီး နောက်ပြန်ဆုတ်ရသည်။ တိုက်ပွဲတွင် မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့မှ (၁)ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်မှ အသေးစိတ်မသိရပါ။ နိုဝင်ဘာလ ၂၇ ရက်‌နေ့ နံနက် ၁နာရီ ၄၄မိနစ် နှင့် နေ့လည် ၁၂ နာရီ ၅၂ မိနစ် အချိန်တွင် စစ်ကောင်စီ နှင့် ကိုးကန့်MNDAAတို့သည် အထူး‌‌ဒေသ(၁)မူပန်ခရိုင် ၊ ပန်ဖာနှင့် မော်လီလမ်းကြား ၊ ကုန်ညိုအနောက်ဘက် တောင်ကုန်း စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။တစ်ရက်အတွင်း စစ်ကောင်စီသည် ကိုးကန့်MNDAAရှိရာ ဖောင်းဆိုင်ကျေးရွာ ၊ မန်ရန်တပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း(၂၀)ကျော်ပစ်ခတ်ခဲ့ပြီး စက် သေနတ်နှင့်လည်းပစ်ခတ်တိုက်ခိုက်လာသည်။

ဒီပဲယင်း ညောင်လှကျေးရွာအနီး စစ်သား ၅၀ ခန့် သေဆုံး

==========================================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာသို့ ဆည်ကြီးကျေးရွာဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ရွှေဘိုမိုးကြိုးမုန်တိုင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား နိုဝင်ဘာလ ၂၈ ရက် ယမန်နေ့တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ခန့် သေဆုံးကြောင်း ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီသည် ညောင်လှကျေးရွာသို့ မြေပြင်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့သလို၊ Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အထိ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီနှင့်ပျူစောထီး ၁၀ ဦးကျော်သေဆုံး

===========================================

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီးတွင် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် စကစနှင့်ပျူစောထီးများ နယ်မြေရှင်းလင်းရေး အကြောင်းပြ လှည့်လည်လာရာ အသင့်စောင့်နေရာယူထားသော မင်းကင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့က လက်နှက်ကြီးဖြင့် ပစ်ခတ်တိုက်ရာ ၁၀ ဦးကျော်သေဆုံးပြီး ၂၀ ကျော် အပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s