ထန်းတပင်မြို့နယ်တွင် မိုင်တဲတာဝါတိုင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်တွင် ယနေ့ နိုဝင်ဘာ ၂၉ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။”မိုင်တဲတိုင် ပေါက်တာ ဟုတ်တယ်၊။ ထန်းတပင်က ပေါက်တန်းရွာလေးကပေါ့။ ကျွန်တော်က ဒီဘက်နား ရွာက။
အသံအကျယ်ကြီးပဲ နှစ်လုံးတောင် ပေါက်တာ။ အိပ်နေတာတောင် နိုးတယ်။ ဒါပေမဲ့ မနက်ခင်းမှာ မင်္ဂလာရှိသွားပြီ” ဟု အနီးနေ ဒေသခံ ရွာ သားတစ်ဦးက မဇ္ဈိမ ကိုပြောသည်။အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ အစည်းက လုပ်ဆောင်သည်ကိုမူ ယခုအချိန်ထိ မသိရှိရသေးပေ။ “ဘုန်းကြီးကျောင်းနောက်က မိုင်တဲတာဝါတိုင်မှာ ပေါက်တာ။ ဗုံးနှစ်လုံးပေါက်တာ။
ပေါက်ပြီးသိပ်မကြာဘူး စစ်သားတွေ ရဲတွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး ရွာအဝင်အထွက် ပိတ်လိုက်တယ်။ ရွာထဲကနေလည်း အပြင်ထွက် မခံ၊ အပြင်ကနေလည်း ရွာထဲအဝင်မခံပဲ ပိတ်ပြီးစစ်တယ်” ဟု HTY Information လူမှုကွန်ရက်စာမျက်နှာတွင် ယင်းဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။ mizzima