ဒီပဲယင်း၊ ဆပ်ပြာကျင်းကျေးရွာရှိ တဲများ၊ ဆိုင်ကယ်၊ လယ်ထွန်စက်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီး၊ ပိုက်ဆံ သိန်း ၅၀ ကျော်နှင့် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူသွား


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ရှိ ဆပ်ပြာကျင်းကျေးရွာရှိ အများပြည်သူပိုင် တောနေတဲများ၊ စက်ဘီးများ၊ ဆိုင်ကယ်များ၊ လယ်ထွန်စက်များကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၉ ရက် ယနေ့နေ့လယ်ပိုင်းတွင် မီးရှို့ဖျက်ဆီးသွားပြီး ပိုက်ဆံ သိန်း ၅၀ ကျော်နှင့် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူသွားကြောင်း သတင်းရရှိသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညအိပ်ခဲ့သော တဲများအတွင်း၌လည်း စားနပ်ရိက္ခာ ဆန်များကို ဖျက်ဆီးပြီး မြေပေါ်ကျဲချသွားကြောင်း ဒီပဲယင်း PDF (ကနောင်တပ်ဖွဲ့) ထံမှ သိရှိရသည်။ khit thit