ကရင်နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၉ တပ် ရင်းမှူး စောလားသစ် ရုတ်တရက် သေဆုံး ဟုဆို


ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၉၊ တပ်ရင်းမှူး ဗိုလ်မှူး စောလားသစ်သည် နိုဝင်ဘာလ ၃၀ ရက် နံနက်အစောပိုင်းတွင် ရုတ်တ ရက်ကွယ်လွန်သွားကြောင်း KIC အပါအဝင် ကရင်သတင်းရင်းမြစ်များက သတင်းဖော်ပြသည်။အသက် ၄၂ နှစ် အရွယ် BGF ဗိုလ်မှူး စောလားသစ် သေဆုံးကြောင်း BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ကရင်သတင်းဌာန KIC သို့ အတည်ပြုပြောဆိုသည်။
“ညက ကျနော်နဲ့ စကားကောင်းကောင်းပြောသေးတယ်။ ချောင်းဖျားဘက်မှာ တက်ပြီးတော့ပြန်လာတယ်။ သူ့အိမ် ကြွေပြားပေါ်မှာ အဝတ်အ စားမပါဘဲ အိပ်တယ်။ မနက်မိုးလင်းတော့ သူ့တပည့်တွေက ကြည့်တယ်။ မနိုးသေးဘူး။ နောက် ၉နာရီအချိန်မှာ ပြန်ကြည့်တော့ ဆုံးသွားရှာတယ်။ သူ့မှာ ရောဂါထွေထွေထူးထူးလည်းမရှိပါဘူး။
တစ်ခါတစ်လေ သောက်တာစားတာရှိတော့ သွေးတိုးလား၊ လေဖြတ်တာလားမခန့်မှန်းတတ်ဘူးပေါ့နော်။ ကမန်းကတမ်းဆုံးသွားတာလို့ပဲ ပြော ရ မှာဖြစ်တယ်” ဟု ဗိုလ်မှူးကြီး စောချစ်သူက ကေအိုင်စီသို့ ပြောဆိုသည်။ဗိုလ်မှူး စောလားသစ်နှင့် အဖွဲ့သည် ကရင်အမျိုးသားအ စည်းအရုံး KNU တပ်မဟာ ၁ နယ်မြေသို့ ထိုးစစ်ဆင်ဝင်ရောက်မှုတွင် BGF အဖွဲ့ကို ဦးဆောင်သူဖြစ်ကြောင်း၊ အဆိုပါ BGF အဖွဲ့သည် ကရင်ပြည် နယ်၊ ဘားအံမြို့နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကို ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဖြစ်ကြောင်း က ရင် အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ khit thit