Monthly Archives: Nov 2021

မိတ္ထီလာ ဗကသ ဥက္ကဋ္ဌဟောင်း စစ်ကြောရေးမှာ ထိရောက်တဲ့ဆေးကုသခွင့်မရလို့ဆို

ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ဟာ ခြေထောက်တစ်ဖက်ကျိုးနေပြီး စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုသခွင့်မရဘူးလို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။မသဲစုနိုင်နဲ့ ဖခင်ဖြစ်သူ ဦးမြင့်သိန်း တို့ကို မိထ္ထီလာမြို့က တပ်မ ၉၉ မှာ ဖမ်းဆီးခံထားရပြီး တစ်ပတ်ကျော်ကြာတဲ့အထိ မသဲစုနိုင်ဟာ ထိရောက်တဲ့ ဆေးကုသခွင့် မရဘူးလို့ ဆိုပါတယ်။

“လာဖမ်းတုန်းကတော့ ခိုက်မိထားတာဖြစ်ပြီး အဲဒီကတည်းက ကျိုးတာလား၊ နောက်မှကျိုးတာလားကတော့ သဲသဲကွဲကွဲ မသိရပါဘူးဗျ။ ကျိုးတာကတော့ တစ်ဖက်တည်းပါ။ နောက်တစ်ဖက်လည်း ထိခိုက်ထားတာတော့ရှိပါတယ်။ ဘယ်ဖက်လည်းတော့ မသိထားပါဘူး”နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်က နေအိမ်မှာ အိမ်စီးကား တစ်စီး၊ စစ်ကားအကြီး တစ်စီးတို့နဲ့ ရောက်လာပြီး မသဲစုအောင်နဲ့ အသက် ၅၀ အရွယ် ဖခင် ဦးမြင့်သိန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့တာလို့ ကျောင်းသားများသမ ဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်အရွယ် မသဲစုနိုင်ကို အမျိုးသမီး PDF ခေါင်းဆောင်တစ်ယောက်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး ကျောင်းသားသမဂ္ဂကတော့ သူဟာ လတ်တလော ဘာလှုပ်ရှားမှုမှ မရှိတဲ့သူလို့ နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။မသဲစုနိုင်နဲ့ ဖခင်ဖြစ်သူတို့ အဖမ်းခံထားရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေကို အာဏာသိမ်းပြီးနောက် ဖမ်းဆီးမှုတွေရှိနေပြီး ထား ဝယ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ မိသားစုဝင် စုစုပေါင်း ၁၃ ယောက်ကိုလည်း ဒီလထဲမှာပဲ ဖမ်းဆီးထားပါတယ်။ဒါ့အပြင် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် သုံးယောက်ကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ ချမှတ်ထားသလို မိတ္ထီလာ နည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာအထူးပြု စတုတ္ထနှစ် ကျောင်းသား ကိုအောင်ခန့်မင်းထိန် ကိုလည်း ထောင် သုံးနှစ် ချမှတ်ထားပါတယ်။ RFA

မြိုင်မြို့နယ်တွင် ဒေသခံရွာသား ၆ ဦးကို စစ် တပ်က ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းက  ဒေသခံရွာသား ၆ ယောက်ကို  စစ်ကောင်စီတပ်တွေက  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ် ဇီးဖြူပင်ရွာမှာ ဒီကနေ့မနက် ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်  အင်အား ၂၀ ကျော်လောက်ဟာ ဖောကားတစ်စီးနဲ့ ရွာထဲကို ဝင်လာပြီးတော့ ရွာသားတွေကို ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ ကိုဆန်းလင်းဦး၊ ကိုဖိုးသက်၊ ကိုနိုင်လင်းအောင်၊ ကိုဇေယျာဌေး၊ ဦးမောင်နိုင်နဲ့ မခင်မာဌေး တို့ ၆ ယောက်ဖြစ်ပြီး သူတို့ကို  နောက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းပြီး ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ထဲမှာ ကိုဆန်းလင်းဦးဟာ ပခုက္ကူတက္ကသိုလ် ကျောင်းသားဖြစ်ပြီးတော့ တစ်ယောက်က  ဆယ်တန်းအောင်ပြီးသားဖြစ်ကာ နောက်တစ်ယောက်ကတော့ ဆယ်တန်းကျောင်းသား တအိမ်တည်းနေ  ညီအစ်ကို  သုံးယောက်အဖမ်းခံရတာလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ဦးမောင်နိုင်ကတော့  ရွာမှာ အိမ်ထောင်စုတစ်စုကို ဆန်  ၃ ပြည်စီ ဝေငှလှူဒါန်းပေးခဲ့သူ ဖြစ်ပြီး  စစ်ကောင်စီရဲ့ ပျူစောထီး ဒလန်တွေက PDF နဲ့ ဆက်စပ်တယ်ဆိုပြီး မဟုတ်မမှန် သတင်းပေးတာကြောင့်  အဖမ်းခံရတာလို့ဆိုပါတယ်။

လွတ်မြောက်လာတဲ့ ဒေသခံ တဦးက “ ကျနော်က  မနက်ပိုင်းမှာ ကားသံကြားလို့ အိမ်ပေါက်ကနေ ချောင်းကြည့်တဲ့အချိန်မှာ ဖောကားပေါ်ကနေ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ရော ယူနီဖောင်းတွေနဲ့ပါ သေနတ်တွေကိုင်ပြီး ဆင်းလာတာမြင်ရတော့ ထွက်ပြေးလို့ လွတ်မြောက်ခဲ့တယ်” လို့ ပြောပါတယ်။

ဒါအပြင် နေအိမ်တွေက ပစ္စည်းတွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားတဲ့ အပြင် ရွှေဆွဲ ကြိုးတစ်ကုန်းကိုတော့ ပြန်ပေးခဲ့ပေမဲ့ ရွှေကလစ်တစ်ခုနဲ့ ပစ္စည်းတချို့ကိုတော့ ရဲနဲ့စစ်တပ်က အဓမ္မယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်အသေးစိတ်ကို သိရှိနိုင်ဖို့ အတွက် ဒီဗွီဘီက မြိုင်မြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။ DVB

ခမရ ၃၆၃ က တပ်ကြပ်ကြီးအပါအဝင် ၃ ဦး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-KKG ထံ အ လင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းလေးရွာ အခြေစိုက် ခမရ ၃၆၃ တပ်ရင်းမှ တပ်ကြပ်ကြီးစာရေး Mang Bawi Hring (ကိုယ်ပိုင်အမှတ် တ/၄၉၇၉၇၆) အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-KKG ထံ လာရောက် အ လင်းဝင်ကြောင်း CDF-KKG က ယနေ့ သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ရှိလာပြီဖြစ်ကြောင်း၊ လက်နက်အပြည့်အစံဖြင့် လာရောက် အလင်းဝင်သူများကို ဆုကြေးငွေချီးမြှင့်ကာ လုံခြုံစိတ်ချရသောနယ်မြေသို့ ပို့ ဆောင်ပေးသွားမည်ဟု CDF-KKG က သတင်းထုတ်ပြန်ထားသည်။

ယခုအခါ မိမိတို့ CDF-KKG မှတဆင့် CDM ပြုလုပ်ပြီး အလင်းဝင်ရောက်လာသူ အရေအတွက် စုစုပေါင်း (၆) ဦးအထိ ရှိပြီးဖြစ်သည်။ လက် နက်/ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြင့်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ကျည် မပါသူများကိုမူ မိမိတို့အနေဖြင့် တာဝန်ယူတော့မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။ khit thit

မိုးညှင်းမြို့နယ်တွင် PDF နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့က  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၈ ယောက် သေဆုံးခဲ့တယ်လို့  သိရပါတယ်။

မနေ့မနက် ၅ နာရီလောက်မှာ စစ်ရိက္ခာတင်လာတဲ့ယာဉ်တန်းကို နန်းမားလက်ပန်တန်း ကျေးရွာနားမှာ မိုးညှင်းမြို့နယ် PDF က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပစ်ခတ်လို့ နာရီပိုင်းကြာတဲ့ တိုက်ပွဲတခု ဖြစ်ခဲ့တယ်လို့ မိုးညှင်း PDF က ပြောပါတယ်။

မိုးညှင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တို့ ထိပ်တိုက်တွေ့ဆုံတာ ဒီရက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာပြီး မနေ့က တိုက်ပွဲမှာတော့ စစ်တပ်ဘက် အရာရှိတယောက် ခေါင်းထိ ဒဏ်ရာရသလို အနည်းဆုံး ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နန်းမား လမ်းတလျှောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခဲ့လို့ နန်းမားခရုချောင်းရပ်ကွက်က အိမ်တလုံး ခေါင်မိုးထိ ပျက်စီးခဲ့ပေမဲ့ လူထိခိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။

မိုးညှင်းမြို့နယ် PDF ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မနေ့ ညပိုင်းကလည်း တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲဒီနောက် မိုးညှင်း နန်းမား အသွား လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မိုးညှင်းမြို့နယ်မော်ဟန်ကျေးရွာ ရဲကင်းကနေ ဖြတ်သန်းသွားတဲ့ ဝက်တင်လာတဲ့ကားကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတယောက် ကျည်ထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝက်တွေတင်လာတာ။ အဲ့ဝက်ကားက သူတို့ရဲကင်းနားရောက်တော့ ဘီးပေါက်တယ်။ အဲ့ဒါကို သူတို့ကို လုပ်ကြံတဲ့ကားထင်ပြီးလှမ်းပစ်တာ။ ကားပေါ်ပါလာတဲ့ မော်ဟန်သားတယောက် ကျည်ထိလို့ ဆုံးသွားတယ်။ မိုးညှင်းဆေးရုံကို သယ်သွားတယ်။ ‌ အပြစ်မရှိတဲ့ပြည်သူတွေကို ရမ်း သန်းပစ်နေတာ။ သေတဲ့လူက အိမ်ထောင်သည်ဗျ။ လူမမယ်ကလေးတွေနဲ့ လုပ်ကိုင်မစားတတ်တဲ့ ဇနီးကျန်ခဲ့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ DVB

ရန်ကုန်မြို့လယ်ခေါင် ယာဉ်ထိန်းရဲကင်း မီးရှို့ခံရ ၊ စစ်တပ်ပိုင် ပါရမီယာဉ်လိုင်း YBS 14 ဘတ်စ်ကား ဗုံးပေါက်ကွဲ

ရန်ကုန်မြို့လယ်ခေါင် ၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူ-ဗိုလ်ချုပ်လမ်း မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်း မီးရှို့ခံရပြီး ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ လာရောက် စစ်ဆေးမှုများရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ “ယာဉ်ထိန်းရဲကင်းမီးလောင်ထားတာတွေ့တယ်။ စစ်သားနဲ့ ရဲတွေလည်း တွေ့တယ်။ လာကြည့်ပြီး ပြန်သွားတယ် ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

အလားတူ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ် ကွက်၊ ပါရမီလမ်းရှိ အကြမ်းဖက် စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီပိုင် ပါရမီယာဉ်လိုင်း YBS 14 လိုင်းဘတ်စ်ကားတစ်စီးတွင် ဝင်ဘာလ၂၉ ရက်ညနေ ၆ နာရီ ၃၀ နာရီအချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

တောင်ဥက္ကလာမှ အလုံသခင်မြပန်းခြံသို့ပြေးဆွဲသည့် YBS14 လိုင်းမှ ယာဉ်အမှတ် 1P/9915 သည်ယာဉ်လိုင်းသိမ်းရန် ပါရမီကားဝင်းသို့ပြန် လည်ဝင်ရောက်ချိန်တွင် ယာဉ်အလယ်ရှိခရီးသည်ဆင်းသည့်အပေါက်ယာဘက်ထိုင်ခုံရှေ့မှပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲချိန်တွင်ကားပေါ် ၌ခရီးသည်မရှိဘဲ ကား မျက်နှာကြက်နှင့်လေကာမှန်တစ်ချပ်သာထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီသတင်းများကို ဦးစားပေးဖော်ပြနေသည့် TRN က သတင်းဖော်ပြသည်။

“မနေ့ညနေပိုင်း ပါရမီလိုင်းကား ဗုံးပေါက်တယ်လို့ ကြားတယ်။ ပေါက်ကွဲသံလည်း အရမ်းမကျယ်ဘူး။ လူလည်း ထိခိုက်တယ်မကြားဘူး။ စစ် တပ်နဲ့ ရဲတချို့ လာတာလည်းတွေ့တယ်” ဟု ပါရမီကားဝင်းအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ စစ်တပ်ပိုင် ပါရမီယာဉ်လိုင်း၊ Omini Focus ယာဉ်များကို စီးနင်းခြင်းမပြုရန် ၊ စစ်တပ်ထုတ်ကုန်များကို အသုံးမပြုရန် တော်လှန်ရေးဆောင်ရွက်နေသည့် ကျောင်းသားများနှင့်လူငယ်များက ပြည်သူများကို ယခုရက်ပိုင်းအတွင်း ပန်ကြားချက် ထုတ်ပြန်ထားသည်။ khit thit

ပဲခူး၊ ဝေါမြို့မှ ကိုစိုင်းမွန်ဇော် စစ်ကြောရေးတွင် ရရှိသော ဒဏ်ရာများဖြင့် ကွယ်လွန်၊ သင်္ဃန်းကျွန်းမှ ကိုသီဟကျော် စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်၊ မြင်းခြံတွင်လည်း စစ်တပ်က ကိုသန်းထွန်းအောင်ကို သတ်ပြီး အလောင်းစွန့်ပစ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်တွင်နေထိုင်သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ စိုင်းမွန်ဇော်သည် စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်ခဲ့သော ဒဏ်ရာများဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန် ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ဝေါမြို့၊ချမ်းမြသာစည်ရပ်ကွက်တွင် နေထိုင်သော စိုင်းမွန် ဇော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း စာရွက်စာတမ်းဝေငှမှုဖြင့် ဧပြီလ ၁၈ ရက်နေ့တွင် အဖမ်းခံခဲ့ရကြောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး စစ်ကြောရေးတွင် ရရှိသောဒဏ်ရာများကို လွတ်လာသည်နှင့် ဆေးကုသရကြောင်း၊ ဆေးကုသမှု ခံယူနေရင်း ယနေ့ နံနက် ၄ နာရီအချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက ၅၀၅ နဲ့ ဧပြီလ ၁၈ ရက်နေ့မှာ အဖမ်းခံရတယ်။ အဲဒီမှာ စစ်ကြောရေးပါသွားတယ်။ အဲဒီမှာ သူအတော် နှိပ်စက်ခံရတယ် ။ ဘေလုံးကွဲတယ်။ အသည်းမှာ အနာဖြစ်တယ်။ ဘီပိုးလည်းရှိတော့ လွတ်တဲ့အချိန်ကတည်းက ဆေးကုလိုက်တာ ဆုံးတဲ့အထိပဲ။ ပဲခူး စွယ်တော်ဆေးရုံမှာ ဒီနေ့ မနက် ၄ နာရီ ဆုံးသွားပါတယ်” ဟု ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကိုင်းမြောက်ရွာတပ်စွဲထားသည့် စစ်တပ်က နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ၄နာရီခန့် အရက်ဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း၊ ဆိုင်ရှင်အပါအဝင် အရက်သောက်နေသူ ၈ဦး ရိုက်နှက်ဖမ်းဆီးရာ ဖမ်းဆီးခံရသူ ကိုသန်းထွန်းအောင် ၂၅နှစ် သည် စစ်တပ်၏ ရိုက်နှက်မှု ကြောင့် သေဆုံးသွားကြောင်း၊ စစ်တပ်က ကိုသန်းထွန်းအောင်၏ အလောင်းကို ကိုင်းဈေးကုန်းထောင့်တွင် လာရောက်ပစ်ထားကြောင်း မြင်းခြံဒေသသတင်းရင်းမြစ်များက ပြောသည်။

အလားတူ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားသော ကိုသီဟကျော် (ခုံးခုံး) သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်တပ်က စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် ကျဆုံးသွားကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရNUG က သတင်းထုတ်ပြန်သည်။ khit thit

NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ နောက်ဆုံးခရီး

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြား​ရေးအတွင်း​ရေးမှူး မုံရွာ​အောင်ရှင် (ဦးအေးကြူ) ၏ ရုပ်အလောင်းကို ယ​နေ့ နိုဝင်ဘာ ၃၀ ရက်​နေ့ ​နေ့လယ် ၂ နာရီတွင် ရေဝေးသုဿာန်၌ ဂူသွင်းမည်ဖြစ်သည်။

မုံရွာ​အောင်ရှင်၏ ​နောက်ဆုံးခရီးအားလိုက်ပို့ရန် ​နေအိမ်မှကားများ ​နေ့လည် ၁၂ နာရီတွင်ထွက်ခွာလာခဲ့သည်။မုံရွာအောင်ရှင်သည် နိုဝင်ဘာ ၂၈ရက် နံနက် ၆ နာရီခွဲတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ နာမည်ဆိုးဖြင့်ကျော် ကြားသော ရေကြည်အိုင်စစ်ကြောရေးစခန်းမှလွတ်မြောက်လာပြီး ရက် ၄၀ အကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ mizzima

မင်းကင်း၊ ဖက်ခက်ရွာအနီး စစ်ကောင်စီတပ်ဖွဲ့ကို ကနီ၊ မင်းကင်း ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီး ၂၅ ဦးခန့် သေဆုံးနိုင်၊ ရှမ်းမြောက်တွင်လည်း စစ်ကောင်စီတပ်နှင့် MNDAA ကြား ၁၀ ရက်အ တွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခက်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLGနှင့် မင်းကင်း မဟူရာကျောက်ရိုင်း မဟာမိတ်အဖွဲ့များက ယနေ့ နံနက်တွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ ဦးခန့် သေဆုံးနိုင်ကြောင်း KLG အဖွဲ့က သ တင်းထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခန့် မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း နံနက် ၁၁ နာရီ ခန့်တွင် မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်သား ၁၅ ဦး သေဆုံးကြောင်း ကနီ KLG အဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသရှိ ကိုးကန့် MNDAA စခန်းများရှိရာ မန်ရန်ဒေသ၊ ရှိကျိကျတောင်တန်းနှင့် ချင်ချိုင့်ထန်တောင်တန်းများသို့ အကြမ်းဖက်စစ်ကောင်စီက အဆက်ပြတ် ပြစ်ခတ်တိုက်ခိုက်နေပြီး နိုဝင်ဘာလ ၂၀ ရက်မှ ယမန်နေ့အထိ တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က သတင်းဖော်ပြသည်။

နိုဝင်ဘာလ လလယ်ပိုင်းမတိုင်ခင်တွင် အကြမ်းဖက်စစ်ကောင်စီသည် မုံးကိုးခရိုင်၊ ဖောင်းဆိုင်ကျေးရွာ၊ မန်ရန်ဒေသနှင့် ရှိကျိကျတောင်တန်းများရှိ MNDAA စခန်းများသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၇၀ ကျော်ခန့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သည် ချင်ချိုင့်ထန်တောင်တန်းရှိ MNDAA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲသည် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ပြီးဆုံးသွားကြောင်း လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း ကိုးကန့်သတင်းရင်း မြစ်က ဆိုသည်။ယမန်နေ့ နံနက် ၉ နာရီခွဲတွင်လည်း မုံးကိုးခရိုင်၊ မာကြောရွာမြောက်ဘက် ကားလမ်းမပေါ်တွင် စစ်ကောင်စီပတ်နှင့် MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရရှိကြောင်း The Kokang က ရေးသားဖော်ပြသည်။

ရေးမြို့ သီရိမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံး ထပ်မံဖောက်ခွဲခံရ

မွန်ပြည်နယ် ရေးမြို့ သီရိမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်က ဗုံး ထပ်မံဖောက်ခွဲခံရတယ်လို့  မြို့ခံတဦးက ပြောပါတယ်။

“ဗုံးရဲ့ ပေါက်သံက လူတွေ အိပ်ချိန်ဆိုတော့ ပိုပြီး ကျယ်လောင်တယ်။ ရုံးက ပိတ်ထားတော့ လူထိခိုက်မှုမရှိပေမဲ့ ဗုံးဖေါက်သံဘဲ အခုရက်တွေမှာ ဆက်တိုက်ကြားနေရတာ။ လူတွေရဲ့ စိတ်တွေဟာ စိုးရိမ်ခြောက်ခြားပြီး နေ့စဉ်နဲ့အမျှ နေရတယ်။” 

နိုဝင်ဘာ ၂၉ ရက်နေ့မနက်ကလည်း ရေးမြို့ သီရိမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး ထိခိုက်ဒဏ်ရာရသူမရှိဘဲ ရုံးအဆောက် အဦ အနည်းငယ်ပျက်စီးခဲ့ပါတယ်။

အခုလို ဗုံးဖေါက်ကွဲမှုတွေ ဖြစ်ပြီးတိုင်း လုံခြုံရေးယူရတဲ့ စစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ်တာတွေလည်း ပြုလုပ်နေတာကြောင့် ဒေ သခံတွ် နေ့စဉ် စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ဆိုပါတယ်။

သီရိမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးနားမှာ  မြို့နယ်စုပေါင်းရုံး ရဲစခန်းရှိပြီး လုံခြုံရေးယူထားတဲ့ နေရာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ရေးမြို့နယ်မှာ အနည်းဆုံး ဗုံး ၄ ကြိမ်လောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ ဗုံးဖောက်ကွဲခဲ့တဲ့ ဖြစ် စဉ်တွေတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တာမျိုး ဒီနေ့အထိ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ DVB

« Older Entries Recent Entries »