PDF များ နယ်မြေစိုးမိုးနေသည့် စစ်ကိုင်းတိုင်းတွင် ဝါဒဖြန့် စာရွက်များ ရဟတ် ယာဉ်များဖြင့် အကြမ်းဖက်စစ်တပ်က ကျဲချ



PDF များ နယ်မြေစိုးမိုးမှု ကြီးမားလာနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များသို့ လေကြောင်း ရဟတ် ယာဉ်ဖြင့် ဝါဒဖြန့် စာရွက်များကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ န့နက်ပိုင်းမှ စတင်ကျဲချနေကြောင်း ယင်းမာပင်PDF နှင့် ဒေသခံများပြည်သူများ ပြောဆိုသည်။ “ယနေ့တွင်စစ်ကောင်စီမှကနီမြို့နယ်မြောက်ဘက်အခြမ်းသို့ ၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီဘက်က ဝါဒဖြန့်ဘာသာရေးမှိုင်းတိုက်လက်ကမ်းစာ စောင်များအားရဟတ်ယာဥ်ဖြင့် ကြဲချသွားပါကြောင်း” ဟု ယင်းမာပင် PDF က ပြောသည်။
ယင်းမာပင် PDFက လက်ကမ်းစာစောင်များကို မိန်းမဉာဏ်ဖြင့်ကျဲချမည့်အစား လက်ဆင့်ကမ်းပေးဝေစေချင်ကြောင်း ပြောဆိုထားသည်။ အ လားတူ ကနီမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကျဲချသွားသည့် ဝါဒဖြန့် စာရွက်များကို ရရှိကြောင်း ဒေသခံများက ပြော ဆိုသည်။
“စစ်တပ် ဘယ်လောက် ယုတ်မာတယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် မြင်တွေ့ပြီးပြီ။ ရွာတွေဝင်တယ်။ လုတယ်။ ခိုးတယ်။ ဖျက်ဆီးတယ်။ သတ်တယ်။ ရိုက်တယ်၊ နှက်တယ်။ တစ်ရွာလုံး ပြေးရတယ်။ သက်ကြီးရွယ်အို အမျိုးသမီး ကလေး မရှောင်ဘူး အကုန် သတ်ဖြတ် ရိုက်နှက်နေတာ။ သူတို့ ပေးတဲ့ ဒုက္ခ ကျနော်တို့ ခံစားနေရတာပဲ။ ဒီလို စာရွက်တွေ လာကျဲလည်း အပိုပဲ။
ကျနော်တို့က အဆုံးအထိ သွားမယ်” ဟု ကနီဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ ကနီ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ပင်လည်ဘူး၊ ကသာ၊ ကောလင်း၊ ချောင်းဦး၊ ရေဦး အပါအဝင် မြို့နယ်များတွင် အထိနာနေကာ သေဆုံးမှုအများအပြား ကြုံတွေ့နေရကြောင်း သိရှိရသည်။ khit thit