Monthly Archives: Dec 2021

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး၊ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းနှင့်ဖိထားဆဲ

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးပြီး စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံး အရင်းနှင့်ဖိထားနေဆဲဖြစ်ကြောင်း ဒေသခံ ကာ ကွယ်ရေးတပ်များထံမှ စုံစမ်းသိရှိရသည်။

ပေါက်မြို့တွင် စစ်သား ၈ ဦးသေဆုံး

==========================

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပေါက်တောင်ပိုင်း ပြောက် ကျားတပ်ဖွဲ့(SPGF) များက ဒီဇင်ဘာလ ၁ရက်နေ့တို့တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း SPGF အဖွဲ့ထံမှ သိရသည်။ထို့ပြင် အိုက်ကျယ် ဝန်ခြုံး ကျေးရွာအနီးတို့တွင် ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့တွင် SPGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအခြေအနေကို မသိရှိရသေးသော်လည်း လက်ပံလှ ဘို့မယ်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်းစီ စစ်ကြောင်းကို SPGF အဖွဲ့က ယနေ့တွင် ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့ကြောင်း ပေါက် တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

တန့်ဆည်တွင် စစ်သား ၄ ဦးသေဆုံ

း===========================

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အ.ထ.က ၁ ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နံနက် ၇နာရီ ၅၇မိနစ်တွင် MDF Taze Tiger အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးကြောင်း MDF Taze Tiger အဖွဲ့ထံမှ သိရသည်။

ချောင်းဦးတွင် စစ်သား ၂ ဦးသေဆုံး

=============================

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းဦး မီးပွိုင့်တွင် ဖြတ်သန်းသွားလာနေသည့် ကားများကို ငွေကြေးကောက်ခံနေသည့် အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို နိုဝင်ဘာလ ၃၀ ရက်နေ့၌ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CHU PDF အဖွဲ့ထံမှ သိရသည်။

ကလေးမြို့တွင် စစ်တပ်က ကျေးရွာများကို မီးရှို့

=====================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း လယ်ခြားကျေးရွာရှိ နေအိမ် ၈ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ကလေးမြို့သတင်းရင်းမြစ်များထံမှ သိရှိရသည်။ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၂၂ လက်မောင်းတံဆိပ်ကို တွေ့ရကြောင်း၊ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၂၉ ရက်တွင် ရေရှင်ကျေးရွာရှိ နေအိမ် ၁၅ လုံး၊ နိုဝင်ဘာ ၃၀ ရက်တွင် နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀ လုံးနှင့် ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် လယ် ခြားကျေးရွာရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင် ကုက္ကိုလ်ကျေးရွာအတွင်းသို့ ဝင်ရောက်နေကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။စစ်ကောင်စီတပ်ဖွဲများသည် မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကို ဆက်လက်ဝင်ရောက် မွှေနှောက်ဖျက်စီးလျက်ရှိကြောင်း သိရပြီး လက်ရှိအချိန်တွင် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်း၊ အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော၊ နွား စသည့် ကျေးရွာများမှ ခန့်မှန်း ပြည်သူ စုစုပေါင်း ၁ သောင်း ဝန်းကျင်ခန့် ဘေးကင်းရာ တိမ်းရှောင်ထွက်ပြေးနေရလျက်ရှိကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

ကနီတွင် စစ်သား ၃ ဦးသေဆုံး

=======================

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန် ရှေ့ပြေး ဖြစ်လာသည့် စစ်သား ၃ ဦးကို KLG PDF ( Kani )က နတ်ကြီးရွာနှင့်ချောင်း၀ကြီးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း KLG PDF ( Kani )က ပြောသည်။ စစ်သား ၃ ဦးလုံး သေဆုံးသွားချိန် လက်နက်များ ကောက်ယူရန် ကြိုးစားသော်လည်း နောက်မှ တက်လာသော စစ်ကောင်စီတပ်များကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိကြောင်းKLG PDF ( Kani )က ဆိုသည်။ အလားတူ ကနီမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးအတွက် Kani people’s Defense Force – KPDF 1 က ဆောင်ရွက်လျက်ရှိပြီး သစ်ခိုးထုတ်သည့် သစ်တင်ကား ၄ စီး ၊ သစ်တန် ၃၀ ကျော်ကာလတန်ဖိုးအားဖြင့် သိန်း ၂၀၀ ဖိုးခန့် ဖမ်းဆီး အရေးယူခဲ့ကြောင်း Kani people’s Defense Force – KPDF 1က ပြောဆိုသည်။

တမူးတွင် လစာလာထုတ်သည့် ရဲတချို့ကိုPDF က တိုက်ခိုက်

================================================

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် လစာထုတ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တမူး ပြည်သူ့ကာ ကွယ်ရေးတပ်က ယနေ့ ခြုံခိုတိုက်ခိုက်ရာ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်၊မြို့သစ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး လိုက်ပါလာသော 5J/5275 နံပါတ်ပါ CRV အမျိုးအစား ခဲရောင်ကားသည် တမူးမြို့မှ လစာငွေများထုတ်ယူပြီးပြန်အလာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)၊တပ်ရင်း(၁)မှ Gurkha Defence Force (GDF) တပ်စိတ် တစ်စိတ်အပါအဝင် တပ်စိတ်(၂)စိတ်က တမူး-ကွန်းတောင်း လမ်းပိုင်းကြားတွင် (၃)ဖွဲ့ခွဲ၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ ခြုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဲတပ်ကြပ် ဇော်မင်းထွန်း၏ ဇနီးဖြစ်သူမှာ သေဆုံးသွားပြီး ရဲတပ်ကြပ် ဇော်မင်းထွန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှာ ကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာများ ရရှိသွားကာ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

ကျိုက်ထိုတွင် စစ်သား ၄ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

===========================================

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာရှိ စစ်ကောင်စီ၏ ခလရ ၂ တပ်ရင်းအတွင်းသို့ KNLA၊ ကျိုက်ထို PDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။၄၀ မမ ဖြင့်ပစ်ခတ်ရာ စစ်သား ၃ ဦးမှာ နေရာတွင် သေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအား ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ် ၁ ဦး သေဆုံးသွားကြောင်း၊ ကျန်ဒဏ်ရာရသူများကို မော်လမြိုင်ဘက်သို့ သယ် ဆောင်သွားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

သထုံတွင် စစ်သား ၁ ဦးသေဆုံး

========================

အလားတူ သထုံဘက်မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ ရိက္ခာသယ်ကားတစ်စီးလည်း ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများကြောင်း သိရှိရပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုမူ မသိရှိရသေးပေ။

ကွတ်ခိုင်နှင့် အင်းတော်ကြီး တိုက်ပွဲများဖြစ်

==================================

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့်(MNDAA)တို့နှင့် စစ်ကောင်စီတပ်တို့ကြား ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအနီး ယ‌‌နေ့နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။စစ်ကောင်စီ ခြေလျင်တပ်သား ၁၀၀ ကျော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပါဝင်သည့် စစ် ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ အလားတူ အင်းတော်ကြီးဒေသသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် ညောင်ထောက်ကျေးရွာအနီးတွင် ယနေ့နံနက် ၆ နာရီက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မုံးကိုးတွင် တိုက်ပွဲများ ပြင်းထန်

=================================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန်တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAAသည် အ ထူးဒေသ(၁) ၊ မုံးကိုးခရိုင် မန်ကျရန်ကျိဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊း စစ်ကောင်စီသည် ကိုးကန့်MNDAAရှိရာ မန်ရန်တပ်စခန်းကို စက်သေနတ် ဖြင့်ပစ်ခတ်ကာ စုစုပေါင်း ကျည် (၃၀၀)ကျော်ရှိခဲ့ပြီး ရှိကျိကျတောင်တန်းကိုလည်း လက်နက်ကြီး များဖြင့်ပစ်ခတ်ကာ ကျည် (၃၀) ကျော်ရှိကြောင်း ကိုးကန့်က သတင်းထုတ်ပြန်သည်။ khit thit

မန္တလေးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေး လှိုင်ဝင်းမောင် အသတ်ခံရ ၊ တိုက်ကြီးနှင့်တွံ့တေးတို့တွင်လည်း အုပ်ချုပ်ရေးမှူးနှင့်ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများ အသတ်ခံရ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်တွင် နေထိုင်သော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှိုင်ဝင်းမောင်သည် ယနေ့ နံနက် ဆိုင်ကယ်စီးလာစဉ် GZP မန္တလေး ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။မန္တလေး ၃၆ လမ်း၊ ၈၂ လမ်းတွင် ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်နှစ်ချက် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ စစ်ကောင်စီခန့် အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဌေးအောင်ကို သေနတ်သမားများက ဒီဇင်ဘလာ ၁ ရက် ညနေ ၅ နာရီတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ၊ အုပ်ချုပ်ရေးမှူး ဌေးအောင်သည် တစ်ဦးတည်းဆိုင်ကယ်စီး၍ အင်္ဂလားကြီးကျေးရွာမှ အင်္ဂလားလေးကျေးရွာသွားရောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေး-မအူပင်သွားကားလမ်းတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ကျော်ညွှန့်ကို သေနတ်သမားက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ၊ရေကျော်လေးကျေးရွာ၊ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှုး ကျော်ညွှန့် (၇၀နှစ်) နှင်တူဖြစ်သူ ရှိုင်းထက်တို့သည် ဆိုက်ကယ်ဖြင့်သွားလာနေစဉ် ပစ်ခတ်ခံရပြီး ကျော်ညွှန့်ပွဲချင်းပြီး သေဆုံးကြောင်း၊ ကိုရှိုင်းထက်သည် ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။ khit thit

ကျောက်ရစ်ရဲစခန်းသို့ လာသည့် အိမ်စီးကားတစ်စီးကို မြောင် PDF က ဖမ်း ဆီး စစ်ဆေးရာမှ ရဲအသုံးဆောင်ပစ္စည်း သေတ္တာ ၆ လုံး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းသို့ လာနေသည့် အရပ်သား အိမ်စီးကားတစ်စီးကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDS OM က တားဆီး စစ်ဆေးရာမှ ရဲအသုံးအဆောင်ပစ္စည်းအများအပြား ဖမ်းဆီးရမိကြောင်း CDSOM က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက် ညနေ ၃ နာရီခွဲအချိန်တွင် မြောင်ရဲစခန်းမှ ကျောက်ရစ်ရဲစခန်းသို့ သွားနေသည့် မသင်္ကာဖွယ်ရာ ပြည်သူ့ကား အသွင်ပြောင်းထားသော ကားတစ်စီးကို CDSOM အဖွဲ့က ဗိုလ်ဆင်ရိုင်း၊ မင်းယက္ခနှင့် ဗိုလ်နတ်မြင်းတို့ အဖွဲ့က ဦးဆောင်ပြီး စစ်ဆေးရာ သေတ္တာ ၆ လုံးဖြင့် ထုတ်ပိုးသယ်ဆောင်ထားသည့် ရဲအသုံးအဆောင်နှင့် ဆက်စပ်ပစ္စည်းများဖြစ်နေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးသိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် မြောင်မြို့နယ်အတွင်း စစ်သားနှင့်ရဲများသည် ပြည်သူ့ကားများအသွင်ပြောင်းပြီး နယ်မြေတွင်း သယ်ယူပို့ဆောင်ရေးလုပ် ငန်းများကို လုပ်ဆောင်နေကြောင်း ၊ ပြည်သူများ ခရီးသွားလာလိုပါက ပြည်သူ့ ကားများဖြစ်ကြောင်းသက်ဆိုင်ရာနယ်မြေပြည်သူ့ကာကွယ် ရေးအဖွဲ့များအားကြိုတင်အကြောင်းကြားကြရန် တိုက်တွန်းလိုကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ Civilian’s Defense & Security Organization of Myaungက သတင်းထုတ်ပြန်ထားသည်။ khit thit

အများပြည်သူ လုံခြုံရေးအတွက် လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲ လမ်းပိုင်းကို ရက်အကန့်သတ်မရှိ ပိတ်ထားမည်ဟု KNDF ပြော

လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲ လမ်းမကြီးကို အသုံးပြုပြီး အကြမ်းဖက်စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်မှတဆင့် ဘောလခဲမြို့နှင့် ဖားဆောင်းမြို့နယ်များသို့ တပ်အင်အားဖြည့်တင်းခြင်းများ၊ ရိက္ခာပို့ဆောင်ခြင်းများ လုပ်ဆောင်နေသောကြောင့် အဆိုပါလမ်းပိုင်းကို ဒီဇင် ဘာလ ၃ ရက်မှ စတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်ထားမည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာများသို့ ကင်းထောက်ခြင်းများနှင့် စစ်ရေးလုပ်ရှားမှုများကို အဆို ပါလမ်းပိုင်းအားအသုံးပြုဆောင်ရွက်နေကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း လွိုင်ကော်-ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲလမ်းပိုင်းသို့ ခရီးသွားလာခြင်း မပြုလုပ်ရန် KNDF က အသိပေးမေတ္တာရပ်ခံထားသည်။

အဆိုပါလမ်းပိုင်း၏ တစိတ်တပိုင်းဖြစ်သော လွိုင်ကော်-ဒီးမော့ဆိုကြားတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူပေါင်းတပ်ဖွဲ့များကြား မ ကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေကာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ နေ အိမ်များအတွင်းသို့ ဝင်ရောက်ကာ အကြောင်းမဲ့ မီးတင်ရှို့ခြင်းများကြောင့် လွိုင်ကော်နှင့် ဒီးမော့ဆိုကြားရှိ ဒေါပိုးစီ၊ စံပြ ၆ မိုင်ကျေးရွာများရှိ ပြည်သူအားလုံးနီးပါးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်မှ လချီကြာမြင့်နေပြီဖြစ်သည်။ khit thit

မန္တလေးတွင် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေး အမှတ်(၉) ရဲစခန်းအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁ ) မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားသည်။

တစ်ဦးတည်း ဆိုင်ကယ်စီးနင်းလာစဉ် မဟာအောင်မြေမြို့နယ် ၃၆လမ်းနှင့် ၈၂လမ်းအရောက် ဦးခေါင်းနှင့် လည်ပင်း ကျည်ထိမှန်သေဆုံးသူမှာ ထိုမြို့နယ် ဟေမမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးလှိုင်မောင်ဝင်းဆိုသူဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက အတည်ပြုသည်။

“ပစ်ခံရပြီးကတည်းက မလှုပ်တော့ဘူး။ အလောင်းကိုတော့ လူမှုရေးကားနဲ့ လာတင်သွားတယ်” ဟု လုံခြုံရေးအရ အမည်ဖော်၍ မပြောလိုသူ အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူသည် စစ်တပ်က ဖွဲ့ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို သတင်းပေးနေသူဖြစ်ကြောင်း သူက ဆက်ပြောသည်။

“သူက ကြံ့ခိုင်ရေးပါတီဝင်။ ဒလန်အကြီးစား။ သူ့ကြောင့်မို့လို့ ကျွန်တော်တို့ညီတွေတောင် အိမ်ကိုပြန်လို့ မရကြဘူး။ သူသတင်းပေးလို့ ဖမ်းခံရသူတွေလည်းရှိတယ်”ဟု ထိုသူက ဆိုသည်။

သို့သော် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်၊ ၎င်း၏ ညီများ အိမ်သို့ ပြန်မရသည့်ကိစ္စ အသေးစိတ်အကြောင်းအရာတို့ကိုမူ ၎င်းထံမှ မသိရသလို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ၏ မိသားစုနှင့် စစ်ကောင်စီထံ ဆက်သွယ်၍ မရသေးပေ။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို မန္တလေးမြို့၌ အာခံနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Generation Z Power(GZP) မှ အဖွဲ့သားတစ်ဦးကမူ ဦးလှိုင်မောင်ဝင်း သေဆုံးမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောသည်။

“သူက မနက် ၇နာရီက လွှတ်တော်ရုံးမှာ အစည်းအဝေးသွားတက်တာ။ အဲဒီကတည်းက စောင့်နေတာ။ လွတ်သွားတယ်။ ဒါနဲ့ နေ့လည်ပိုင်းမှ လမ်းမပေါ်မှာတင် ပစ်သတ်ခဲ့ရတယ်”ဟု သူက ပြောသည်။

သတင်းပေးများ၊ စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်နိုင်စေရန် ကူညီနေသူများကို ဆက်လက်ချေမှုန်းသွားမည်ဟု GZP အဖွဲ့က ပြောသည်။

“ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ မစ်ရှင်တွေလုပ်တဲ့အခါ အန္တရာယ်မဖြစ်ဖို့ လမ်းမတွေမှာ သူတို့နဲ့နီးရာတွေမှာ မနေကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။

ဖေဖော်ဝါရီ (၁) အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြဆန့်ကျင်နေသူများ နေ့စဉ်ရှိနေသည့် မန္တလေးတွင် ရဟန်း၊ သံဃာများပင်မချန် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ စစ်ကောင်စီက ဖြိုခွင်းနေချိန်တွင် ယင်းကို ခုခံသည့် GZP ကဲ့သို့ ဒေသခံ တော်လှန်ရေးအဖွဲ့များ ပေါ်​ထွန်းလာသည်။

ဆန္ဒပြသူ၊ အာဏာဖီဆန်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် သတင်းပေးသည့်နည်းဖြင့် စစ်ကောင်စီတပ်ကို ကူညီသည်ဟု ယူဆရသူများသည်လည်း ထိုအဖွဲ့များ၏ ပစ်မှတ်ဖြစ်လာသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေး သတ်ဖြတ်ခံရမှုများ၊ အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခံရမှုများ၊ စစ်သားနှင့် ရဲတို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

ယမန်နေ့ (နိုဝင်ဘာ ၃၀) နံနက်ပိုင်းကပင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပစ်ခတ်ခဲ့ရာ တပ် ကြပ်ကြီးအဆင့်ရှိသည့် စစ်သားတစ်ဦးနှင့် ထိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေတို့ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရသွားကြောင်း Burma Phoenix Organization (BPO) အဖွဲ့က ပြောထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ နိုဝင်ဘာ ၁၈ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်တစ်ခုတွင်မူ “အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့်” အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံး၊ ၁၄၈ ဦးခန့် ဒဏ်ရာရရှိထားသည်ဟု ဖော်ပြထားသည်။

ဒေသတချို့တွင် ခြိမ်းခြောက်ခံရသည့် အုပ်ချုပ်ရေးမှူးများ တာဝန်မှ အနားယူသွားကြသည်။ အာဏာသိမ်းစစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးထွက်စာတင်မှုများကို သတင်းအမှောင်ချထားသည်။ myanmar now

ဂန့်ဂေါတွင် ဦးမြို့သိန်း၊ မောင်သားထွန်း၊ ဦးလှဆောင်၊ ဦးတင်မောင်ဝင်း၊ နောင်နောင်နှင့် မှိုင်း ဝေ အပါအဝင် ၆ ဦးကို စစ်တပ်က သတ်ဖြတ်၊ အရာတော်တွင် LGBT လူငယ် ကျော်ကျော်ထွေး သတ်ဖြတ်ခံရ

အကြမ်းဖက်စစ်ကောင်စီတပ်များက မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ဦးမြို့သိန်း၊ မောင်သားထွန်း၊ ဦးလှဆောင်၊ ဦးတင်မောင်ဝင်း၊ နောင်နောင်နှင့် မှိုင်းဝေ အပါအဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် LGBT လူငယ် ကျော်ကျော်ထွေးလည်း သတ်ဖြတ်ခံရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် ဖြတ်သန်းရာ လမ်းတလျှောက် ရမ်းသန်းပစ်ခတ်ခြင်းများကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့သလို အခြားပြည်သူ ၅ ဦးကို အကြောင်းမဲ့သတ်ဖြတ်ပြီး အချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။နိုဝင်ဘာလ ၂၃ ရက်တွင် စိန်ဒူးရွာအကျော်၌ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ရာ အုတ်ဖိုတွင် အလုပ်လုပ်နေသည့် အသက် ၅၃ နှစ်အရွယ် ဦးမြို့သိန်း လက်နက်ကြီး ထိမှန်သေဆုံးသွားကြောင်း၊ နိုဝင်ဘာလ ၂၆ ရက်တွင် မောက်လင်းရွာရှိ ကျွဲ၊ နွားကျောင်းနေသည့် အပြစ်မဲ့ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် မောင်သားထွန်းအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း PDF-Gangaw ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ကျန် ပြည်သူ ၄ ဦးအား လူသားဒိုင်းအဖြစ်အသုံးပြုကာ မောက်လင်းရွာ စစ်ရှောင်တဲမှ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်တွင် တောင်တလုတ်လယ်ကွဲ-ရွာမြင်တောင်ကုန်း၌ ဖမ်းဆီးခံ အပြစ်မဲ့ပြည်သူများထဲမှ ဦးလှဆောင်-၅၃နှစ်၊ ဦးတင်မောင်ဝင်း-၄၉နှစ်၊ နောင်နောင်-၃၂နှစ်နှင့် မှိုင်းဝေ-၂၈နှစ်တို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ဖိုးပြူး-၂၂ နှစ်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လေ့ရှိသူ LGBT လူငယ် ကျော်ကျော်ထွေး သတ်ဖြတ်ခံရကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လူငယ်ကျော်ကျော်ထွေးသည် နေအိမ်မှ ပျောက်ဆုံးသွားပြီး ၉ ရက်အကြာ နိုဝင်ဘာလ ၂၃ ရက်တွင် ၎င်း၏ ရုပ်အလောင်းကို ဝါရောင်းကျေး ရွာနှင့် ကျောက်ပြောက်ကျေးရွာကြားတွင် ပြန်လည် တွေ့ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အလောင်းမှာ ပုံပျက်နေပြီဖြစ်သော်လည်း မိခင်ဖြစ်သူမှာ သူမ၏အငယ်ဆုံးသား‌လေးကို ချက်ချင်းမှတ်မိခဲ့ပြီး ၎င်းနှင့်အတူပါသွားသော ဆိုင်ကယ်တစ်စီး၊ ဆွဲကြိုး (၁) ကုံး၊ ဖုန်း(၁)လုံးနှင့် ငွေ(၂)သိန်းတို့ကို အလောင်းနှင့်အတူ မတွေ့ရကြောင်း မိသားစုက အတည်ပြုကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန် ကြားရေးက သတင်းဖော်ပြသည်။

ကိုကျော်ကျော်ထွေး အသတ်ခံရခြင်းနှင့် ပတ်သက်၍ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကလည်း တရားမျှတမှုရရှိစေရန် စုံစမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အားကိုးစရာမလိုဘဲ ပြည်သူ့အင်အားစုများက တရားမျှတမှုရရှိစေရန် ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း မြို့နယ် ပအဖ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ khit thit

အာဏာသိမ်းပြီးနောက် ကမ္ဘာ့ရန်ပုံငွေ ပြန်အပ်သည့် ဆရာဝန် အဂတိပုဒ်မတပ်ခံရ

ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အ ဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာထားထားလင်းကို အဂတိမှုဖြင့် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲလိုက်သည်။

အာဏာသိမ်းပြီး ၁၀ရက်အကြာ (ဖေဖော်ဝါရီ ၁၀) တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့သည့် ကျပ် သန်း ၁၆,၉၀၀ အနက် ​လက်ကျန် ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်ပေးခဲ့၍ နိုင်ငံအတွက် ဘဏ္ဍာငွေဆုံးရှုံးသည်ဟု ယမန် နေ့ (နိုဝင်ဘာ ၃၀) တွင် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံကိန်းမန်နေဂျာ ဒေါက်တာထားထားလင်းကို စစ်ကောင်စီက ဇွန်လကတည်းက ဖမ်းခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကဲ့သို့သော ပြစ်ဒဏ်ကြီးလေးသည့် ပုဒ်မ ၃ ခု ဖြင့် အမှုဖွင့်ပြီး ဖြစ်သည်။

ဒေါက်တာထားထားလင်း ဖမ်းဆီးခံရပြီး ၆လကြာချိန်တွင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ (လုပ်ပိုင်ခွင့်အာဏာအလွဲသုံး) ဖြင့် စစ်ကောင်စီက ထပ်မံစွဲဆိုခြင်းဖြစ်သည်။

ထိုအမှုတွင် အာဏာသိမ်းပြီးနောက် ရာထူးမှ နုတ်ထွက်ထားသူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးကိုပါ အ လားတူ ပြစ်ဒဏ်ချနိုင်သည့် အဂတိဥပဒေပါ အားပေးကူညီမှုဆိုင်ရာ ပုဒ်မ ၆၃ နှင့် စွပ်စွဲထားသည်။

နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်း၌ ယမန်နေ့(နိုဝင်ဘာ ၃၀) တွင် အမှုဖွင့်သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်၌ဆိုသော်လည်း ဒေါက်တာထားထားလင်းကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်၊ စွဲဆိုခံထားရသည့် အမှုများကို မည်သည့်တရားရုံး၌ စစ်ဆေးသည်တို့ကို မသိရသေးပေ။

ထို့အတူ ဒေါက်တာထားထားလင်းကို ဇွန် ၁၀ရက်က ရန်ကုန်မြို့၌ ဖမ်းဆီးစဉ် စစ်ကောင်စီက တစ်ပါတည်းခေါ်သွားသည့် ၎င်း၏ အမျိုးသားနှင့် ၇ နှစ်အရွယ် သားဖြစ်သူတို့ ပြန်လည်လွတ်မြောက်ခြင်း ရှိမရှိ အတည်မပြုနိုင်သေးဟု လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။

“စစ်ကြောရေး အရှေ့ဆုံးအခေါက်တွေမှာ အမ (ဒေါက်တာထားထားလင်း) ကို မေးတဲ့အချိန် ကလေးကို ခေါ်ထားတာ။ အမ ဘေးမှာ ခေါ်ထားတာမဟုတ်ဘူး။ အမ မြင်နေရတဲ့ နေရာလောက်မှာ ခေါ်ထားပြီး စစ်မေးတာလို့ သိရတယ်။ ကျန်တဲ့ကိစ္စတွေက ဘာမှမသိရသေးဘူး”ဟု ၎င်းက ပြောသည်။

ထို့အတူ ဒေါက်တာထားထားလင်း ထပ်မံစွဲဆိုခံရသည့် အဂတိမှုတွင် အမှုတွဲအဖြစ် ပါဝင်သည့် ဒေါက်တာစိုးဦးကို နုတ်ထွက်စာတင်သည့် ဖေ ဖော်ဝါရီလကုန်ပိုင်းကတည်းက နေပြည်တော်၌ပင် စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ထားရှိသည်ဟု ထိုသူက ဆက်ပြောသည်။ ထိုကိစ္စကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၇ ရက်ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ဒေါက်တာထားထားလင်းမှာ အစောဆုံး ဖမ်းဝရမ်းထုတ်သည့် စာရင်းဝင် ဆရာဝန်တစ်ဦးဖြစ်သည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ ပြည်သူ့ကျန်းမာရေးအဖွဲ့ခေါင်းဆောင်ဟု စစ်ကောင်စီက ၎င်းကို စွပ်စွဲထားပြီးဖြစ်သည်။

ထိုသို့ ဖြစ်လာနိုင်ခြေများကို အာဏာသိမ်းစ ဖေဖော်ဝါရီလဆန်းပိုင်းကတည်း ဒေါက်တာထားထားလင်းက ခန့်မှန်းထားခဲ့ပြီး အီးမေးမှတစ်ဆင့် အသိပေးခဲ့ကြောင်း လုပ်ဖော်ကိုင်ဖက်အချို့က အတည်ပြုထားသည်။

ဘဏ္ဍာငွေ အလွန်နည်းပါးနေသည့် စစ်ကောင်စီသည် ကိုဗစ်ဆေးဝယ်ယူရန် အိန္ဒိယနိုင်ငံ Serum Institute of India (SII) သို့ ပေးချေထားသော အမေရိကန်ဒေါ်လာ ၇၅ သန်းကို ပြန်လိုချင်နေကြောင်း ထိုစဉ်ကတည်းက ဒေါက်တာထားထားလင်းက ပြောထားသည်။

“ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျွန်မတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမဲ့ လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး”ဟု ၎င်းက Facebook တွင် ရေးခဲ့သည်။

“ကျေးဇူးပြုပြီး စစ်အာဏာရှင်များရဲ့ ရက်စက်မှု၊ ဉာဏ်မရှိမှုနဲ့ ကျွန်မတို့နိုင်ငံကို လုယူသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတွေကို နှိပ်စက်နေမှုတွေကို တစ်ကမ္ဘာလုံးကို အသိပေးပေးကြပါ။ ဒါဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ၊ မမေ့ပစ်နိုင်စရာပါပဲ” ဟုလည်း လုပ် ဖော်ကိုင်ဖက်များကို ဒေါက်တာထားထားလင်းက တောင်းဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီက ဖမ်းဆီးနှိပ်ကွပ်သည့်ထဲတွင် ဆရာဝန်များလည်း ပါဝင်သည်။

စစ်ကြောရေးသို့ ရောက်ကာ ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရစဉ် ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်ခံရသဖြင့် ဩဂုတ် ၈ရက်တွင် ကွယ်လွန်ခဲ့သည့် အသက် ၄၅ နှစ်အရွယ် မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာန ကထိက ဒေါက်တာမောင်မောင်ငြိမ်းထွန်း၏ ဖြစ်စဉ်မှာလည်း ထင်ရှားသည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဇနီးသည် မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာဆွေဇင်ဦး၏ နောက်ဆက်တွဲအခြေအနေများကိုလည်း စုံစမ်း၍ မရသေးပေ။ myanmar now

နိုင်ငံတကာနှင့်ချုပ်ဆိုထားသော ရေနံနှင့်သ ဘာ၀ဓာတ်ငွေ့စာချုပ်များတွင် ပါဝင်သော MOGE ဦးဆောင် ညွှန်ကြားရေးမှူး၏ နိုင်ငံ တော်ကိုယ်စားပြုမှု NUG ရုပ်သိမ်း၊ စာချုပ်များ ပြင်ဆင်ချုပ်ဆိုရန် တာဝန်ပေး

နိုင်ငံတကာနှင့်ချုပ်ဆိုထားသော ရေနံနှင့်သဘာ၀ဓာတ်ငွေ့စာချုပ်များတွင် ပါဝင်သော MOGE ဦးဆောင် ညွှန်ကြားရေးမှူး၏ နိုင်ငံတော်ကိုယ် စားပြုမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရုပ်သိမ်းလိုက်ပြီး စာချုပ်များ ပြင်ဆင်ချုပ်ဆိုရန် NUG ဒုဝန်ကြီးတစ်ဦးကို တာဝန်ပေး အပ်လိုက်ကြောင်းNUG ယာယီသမ္မတ ဒူဝါလရှိီးလက ကြေညာသည်။

ယာယီသမ္မတက ထုတ်ပြန်ကြေညာသော အမိန့်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအပေါ် လက် နက်ဖြင့် ဥပဒေမဲ့ ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်း၊ အကြမ်းဖက် နှိမ်နင်းခြင်း များဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ခေါ် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ (“အကြမ်းဖက်စစ်ကောင်စီ” ဟု ညွှန်းမည်) အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၁-၃- ၂၀၂၁ နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အမိန့်နာခံ ဆောင်ရွက်နေသော မြန်မာ့ရေနံနှင့် သ ဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဝန်ထမ်း အကြီးအကဲ နှင့် ဝန်ထမ်းများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၁၊ ၄၂ နှင့် ၄၄ တို့နှင့် ငြိစွန်း နေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မှ ဦးဆောင် ညွန်ကြားရေးမှူးသည် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၁ ခု ဇွန်လ ၁၀ ရက်တွင် အမိန့် ပေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မများ နှင့် ညိစွန်းနေကြောင်းထင်ရှားခြင်း တို့ကြောင့် ၎င်း၏ ရာထူးတာဝန်မှ ရပ်စဲကြောင်းကို အမျိုးသားညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနက ၁၄-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၂၁ ဖြင့်ထုတ်ပယ်ခဲ့ခြင်း ကို ထပ်မံ အတည်ပြုကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်၏ ကိုယ်စားချုပ်ဆိုခဲ့သော ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် စာချုပ်များတွင် ပါရှိသော ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ နိုင်ငံတော်အပေါ် ကိုယ်စားပြုမှုကို ဤဥပဒေကဲ့သို့ အာဏာတည် သော အမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဝင်အစိုးရ အဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး နှင့် ၄င်းက တာဝန်ပေးအပ်သူအား နိုင်ငံတော်၏ ရေနံနှင့် သ ဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် စပ်ဆိုင်သည့် စာချုပ်စာတမ်းများ ချုပ်ဆိုတာဝန်ယူရန် တာဝန်ပေးအပ် လိုက်ကြောင်း၊ ဥပဒေကဲ့သို့ အာဏာတည်သော ဤအမိန့် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ မှ စ၍ အာဏာတည်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG ယာယီသမ္မတက ထုတ်ပြန်သော အမိန့်တွင် ဖော်ပြထားသည်။ khit thit

« Older Entries