နိုင်ငံတကာနှင့်ချုပ်ဆိုထားသော ရေနံနှင့်သ ဘာ၀ဓာတ်ငွေ့စာချုပ်များတွင် ပါဝင်သော MOGE ဦးဆောင် ညွှန်ကြားရေးမှူး၏ နိုင်ငံ တော်ကိုယ်စားပြုမှု NUG ရုပ်သိမ်း၊ စာချုပ်များ ပြင်ဆင်ချုပ်ဆိုရန် တာဝန်ပေး


နိုင်ငံတကာနှင့်ချုပ်ဆိုထားသော ရေနံနှင့်သဘာ၀ဓာတ်ငွေ့စာချုပ်များတွင် ပါဝင်သော MOGE ဦးဆောင် ညွှန်ကြားရေးမှူး၏ နိုင်ငံတော်ကိုယ် စားပြုမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရုပ်သိမ်းလိုက်ပြီး စာချုပ်များ ပြင်ဆင်ချုပ်ဆိုရန် NUG ဒုဝန်ကြီးတစ်ဦးကို တာဝန်ပေး အပ်လိုက်ကြောင်းNUG ယာယီသမ္မတ ဒူဝါလရှိီးလက ကြေညာသည်။
ယာယီသမ္မတက ထုတ်ပြန်ကြေညာသော အမိန့်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုအပေါ် လက် နက်ဖြင့် ဥပဒေမဲ့ ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်း၊ အကြမ်းဖက် နှိမ်နင်းခြင်း များဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါ် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ (“အကြမ်းဖက်စစ်ကောင်စီ” ဟု ညွှန်းမည်) အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၁-၃- ၂၀၂၁ နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အမိန့်နာခံ ဆောင်ရွက်နေသော မြန်မာ့ရေနံနှင့် သ ဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဝန်ထမ်း အကြီးအကဲ နှင့် ဝန်ထမ်းများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၁၊ ၄၂ နှင့် ၄၄ တို့နှင့် ငြိစွန်း နေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မှ ဦးဆောင် ညွန်ကြားရေးမှူးသည် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၁ ခု ဇွန်လ ၁၀ ရက်တွင် အမိန့် ပေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မများ နှင့် ညိစွန်းနေကြောင်းထင်ရှားခြင်း တို့ကြောင့် ၎င်း၏ ရာထူးတာဝန်မှ ရပ်စဲကြောင်းကို အမျိုးသားညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနက ၁၄-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၂၁ ဖြင့်ထုတ်ပယ်ခဲ့ခြင်း ကို ထပ်မံ အတည်ပြုကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်၏ ကိုယ်စားချုပ်ဆိုခဲ့သော ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် စာချုပ်များတွင် ပါရှိသော ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ နိုင်ငံတော်အပေါ် ကိုယ်စားပြုမှုကို ဤဥပဒေကဲ့သို့ အာဏာတည် သော အမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဝင်အစိုးရ အဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာထိန်းသိမ်းသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး နှင့် ၄င်းက တာဝန်ပေးအပ်သူအား နိုင်ငံတော်၏ ရေနံနှင့် သ ဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် စပ်ဆိုင်သည့် စာချုပ်စာတမ်းများ ချုပ်ဆိုတာဝန်ယူရန် တာဝန်ပေးအပ် လိုက်ကြောင်း၊ ဥပဒေကဲ့သို့ အာဏာတည်သော ဤအမိန့် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ မှ စ၍ အာဏာတည်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG ယာယီသမ္မတက ထုတ်ပြန်သော အမိန့်တွင် ဖော်ပြထားသည်။ khit thit