မန္တလေးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေး လှိုင်ဝင်းမောင် အသတ်ခံရ ၊ တိုက်ကြီးနှင့်တွံ့တေးတို့တွင်လည်း အုပ်ချုပ်ရေးမှူးနှင့်ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးများ အသတ်ခံရ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်တွင် နေထိုင်သော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှိုင်ဝင်းမောင်သည် ယနေ့ နံနက် ဆိုင်ကယ်စီးလာစဉ် GZP မန္တလေး ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။မန္တလေး ၃၆ လမ်း၊ ၈၂ လမ်းတွင် ဆိုင်ကယ်စီးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်နှစ်ချက် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ စစ်ကောင်စီခန့် အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဌေးအောင်ကို သေနတ်သမားများက ဒီဇင်ဘလာ ၁ ရက် ညနေ ၅ နာရီတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ၊ အုပ်ချုပ်ရေးမှူး ဌေးအောင်သည် တစ်ဦးတည်းဆိုင်ကယ်စီး၍ အင်္ဂလားကြီးကျေးရွာမှ အင်္ဂလားလေးကျေးရွာသွားရောက်စဉ် သေနတ်သမားများက ပစ်ခတ်သဖြင့်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေး-မအူပင်သွားကားလမ်းတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ကျော်ညွှန့်ကို သေနတ်သမားက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ၊ရေကျော်လေးကျေးရွာ၊ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှုး ကျော်ညွှန့် (၇၀နှစ်) နှင်တူဖြစ်သူ ရှိုင်းထက်တို့သည် ဆိုက်ကယ်ဖြင့်သွားလာနေစဉ် ပစ်ခတ်ခံရပြီး ကျော်ညွှန့်ပွဲချင်းပြီး သေဆုံးကြောင်း၊ ကိုရှိုင်းထက်သည် ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။ khit thit