မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး၊ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းနှင့်ဖိထားဆဲ

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးပြီး စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံး အရင်းနှင့်ဖိထားနေဆဲဖြစ်ကြောင်း ဒေသခံ ကာ ကွယ်ရေးတပ်များထံမှ စုံစမ်းသိရှိရသည်။

ပေါက်မြို့တွင် စစ်သား ၈ ဦးသေဆုံး

==========================

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း သွားလာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပေါက်တောင်ပိုင်း ပြောက် ကျားတပ်ဖွဲ့(SPGF) များက ဒီဇင်ဘာလ ၁ရက်နေ့တို့တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း SPGF အဖွဲ့ထံမှ သိရသည်။ထို့ပြင် အိုက်ကျယ် ဝန်ခြုံး ကျေးရွာအနီးတို့တွင် ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့တွင် SPGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအခြေအနေကို မသိရှိရသေးသော်လည်း လက်ပံလှ ဘို့မယ်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်းစီ စစ်ကြောင်းကို SPGF အဖွဲ့က ယနေ့တွင် ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့ကြောင်း ပေါက် တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

တန့်ဆည်တွင် စစ်သား ၄ ဦးသေဆုံ

း===========================

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အ.ထ.က ၁ ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နံနက် ၇နာရီ ၅၇မိနစ်တွင် MDF Taze Tiger အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦးသေဆုံးကြောင်း MDF Taze Tiger အဖွဲ့ထံမှ သိရသည်။

ချောင်းဦးတွင် စစ်သား ၂ ဦးသေဆုံး

=============================

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းဦး မီးပွိုင့်တွင် ဖြတ်သန်းသွားလာနေသည့် ကားများကို ငွေကြေးကောက်ခံနေသည့် အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို နိုဝင်ဘာလ ၃၀ ရက်နေ့၌ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CHU PDF အဖွဲ့ထံမှ သိရသည်။

ကလေးမြို့တွင် စစ်တပ်က ကျေးရွာများကို မီးရှို့

=====================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း လယ်ခြားကျေးရွာရှိ နေအိမ် ၈ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ကလေးမြို့သတင်းရင်းမြစ်များထံမှ သိရှိရသည်။ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၂၂ လက်မောင်းတံဆိပ်ကို တွေ့ရကြောင်း၊ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၂၉ ရက်တွင် ရေရှင်ကျေးရွာရှိ နေအိမ် ၁၅ လုံး၊ နိုဝင်ဘာ ၃၀ ရက်တွင် နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀ လုံးနှင့် ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် လယ် ခြားကျေးရွာရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင် ကုက္ကိုလ်ကျေးရွာအတွင်းသို့ ဝင်ရောက်နေကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။စစ်ကောင်စီတပ်ဖွဲများသည် မြစ်သာမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကို ဆက်လက်ဝင်ရောက် မွှေနှောက်ဖျက်စီးလျက်ရှိကြောင်း သိရပြီး လက်ရှိအချိန်တွင် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်း၊ အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော၊ နွား စသည့် ကျေးရွာများမှ ခန့်မှန်း ပြည်သူ စုစုပေါင်း ၁ သောင်း ဝန်းကျင်ခန့် ဘေးကင်းရာ တိမ်းရှောင်ထွက်ပြေးနေရလျက်ရှိကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

ကနီတွင် စစ်သား ၃ ဦးသေဆုံး

=======================

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန် ရှေ့ပြေး ဖြစ်လာသည့် စစ်သား ၃ ဦးကို KLG PDF ( Kani )က နတ်ကြီးရွာနှင့်ချောင်း၀ကြီးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း KLG PDF ( Kani )က ပြောသည်။ စစ်သား ၃ ဦးလုံး သေဆုံးသွားချိန် လက်နက်များ ကောက်ယူရန် ကြိုးစားသော်လည်း နောက်မှ တက်လာသော စစ်ကောင်စီတပ်များကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိကြောင်းKLG PDF ( Kani )က ဆိုသည်။ အလားတူ ကနီမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးအတွက် Kani people’s Defense Force – KPDF 1 က ဆောင်ရွက်လျက်ရှိပြီး သစ်ခိုးထုတ်သည့် သစ်တင်ကား ၄ စီး ၊ သစ်တန် ၃၀ ကျော်ကာလတန်ဖိုးအားဖြင့် သိန်း ၂၀၀ ဖိုးခန့် ဖမ်းဆီး အရေးယူခဲ့ကြောင်း Kani people’s Defense Force – KPDF 1က ပြောဆိုသည်။

တမူးတွင် လစာလာထုတ်သည့် ရဲတချို့ကိုPDF က တိုက်ခိုက်

================================================

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် လစာထုတ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တမူး ပြည်သူ့ကာ ကွယ်ရေးတပ်က ယနေ့ ခြုံခိုတိုက်ခိုက်ရာ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်၊မြို့သစ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး လိုက်ပါလာသော 5J/5275 နံပါတ်ပါ CRV အမျိုးအစား ခဲရောင်ကားသည် တမူးမြို့မှ လစာငွေများထုတ်ယူပြီးပြန်အလာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)၊တပ်ရင်း(၁)မှ Gurkha Defence Force (GDF) တပ်စိတ် တစ်စိတ်အပါအဝင် တပ်စိတ်(၂)စိတ်က တမူး-ကွန်းတောင်း လမ်းပိုင်းကြားတွင် (၃)ဖွဲ့ခွဲ၍ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ ခြုံခိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဲတပ်ကြပ် ဇော်မင်းထွန်း၏ ဇနီးဖြစ်သူမှာ သေဆုံးသွားပြီး ရဲတပ်ကြပ် ဇော်မင်းထွန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှာ ကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာများ ရရှိသွားကာ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

ကျိုက်ထိုတွင် စစ်သား ၄ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

===========================================

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာရှိ စစ်ကောင်စီ၏ ခလရ ၂ တပ်ရင်းအတွင်းသို့ KNLA၊ ကျိုက်ထို PDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။၄၀ မမ ဖြင့်ပစ်ခတ်ရာ စစ်သား ၃ ဦးမှာ နေရာတွင် သေဆုံးပြီး ၇ ဦး ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများအား ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ် ၁ ဦး သေဆုံးသွားကြောင်း၊ ကျန်ဒဏ်ရာရသူများကို မော်လမြိုင်ဘက်သို့ သယ် ဆောင်သွားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

သထုံတွင် စစ်သား ၁ ဦးသေဆုံး

========================

အလားတူ သထုံဘက်မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ ရိက္ခာသယ်ကားတစ်စီးလည်း ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများကြောင်း သိရှိရပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုမူ မသိရှိရသေးပေ။

ကွတ်ခိုင်နှင့် အင်းတော်ကြီး တိုက်ပွဲများဖြစ်

==================================

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့်(MNDAA)တို့နှင့် စစ်ကောင်စီတပ်တို့ကြား ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအနီး ယ‌‌နေ့နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။စစ်ကောင်စီ ခြေလျင်တပ်သား ၁၀၀ ကျော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပါဝင်သည့် စစ် ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ အလားတူ အင်းတော်ကြီးဒေသသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် ညောင်ထောက်ကျေးရွာအနီးတွင် ယနေ့နံနက် ၆ နာရီက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မုံးကိုးတွင် တိုက်ပွဲများ ပြင်းထန်

=================================

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၆ မိနစ်အချိန်တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAAသည် အ ထူးဒေသ(၁) ၊ မုံးကိုးခရိုင် မန်ကျရန်ကျိဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊း စစ်ကောင်စီသည် ကိုးကန့်MNDAAရှိရာ မန်ရန်တပ်စခန်းကို စက်သေနတ် ဖြင့်ပစ်ခတ်ကာ စုစုပေါင်း ကျည် (၃၀၀)ကျော်ရှိခဲ့ပြီး ရှိကျိကျတောင်တန်းကိုလည်း လက်နက်ကြီး များဖြင့်ပစ်ခတ်ကာ ကျည် (၃၀) ကျော်ရှိကြောင်း ကိုးကန့်က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s