အများပြည်သူ လုံခြုံရေးအတွက် လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲ လမ်းပိုင်းကို ရက်အကန့်သတ်မရှိ ပိတ်ထားမည်ဟု KNDF ပြော

လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲ လမ်းမကြီးကို အသုံးပြုပြီး အကြမ်းဖက်စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်မှတဆင့် ဘောလခဲမြို့နှင့် ဖားဆောင်းမြို့နယ်များသို့ တပ်အင်အားဖြည့်တင်းခြင်းများ၊ ရိက္ခာပို့ဆောင်ခြင်းများ လုပ်ဆောင်နေသောကြောင့် အဆိုပါလမ်းပိုင်းကို ဒီဇင် ဘာလ ၃ ရက်မှ စတင်ပြီး ရက်အကန့်သတ်မရှိ ပိတ်ထားမည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာများသို့ ကင်းထောက်ခြင်းများနှင့် စစ်ရေးလုပ်ရှားမှုများကို အဆို ပါလမ်းပိုင်းအားအသုံးပြုဆောင်ရွက်နေကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း လွိုင်ကော်-ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲလမ်းပိုင်းသို့ ခရီးသွားလာခြင်း မပြုလုပ်ရန် KNDF က အသိပေးမေတ္တာရပ်ခံထားသည်။

အဆိုပါလမ်းပိုင်း၏ တစိတ်တပိုင်းဖြစ်သော လွိုင်ကော်-ဒီးမော့ဆိုကြားတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူပေါင်းတပ်ဖွဲ့များကြား မ ကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေကာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ နေ အိမ်များအတွင်းသို့ ဝင်ရောက်ကာ အကြောင်းမဲ့ မီးတင်ရှို့ခြင်းများကြောင့် လွိုင်ကော်နှင့် ဒီးမော့ဆိုကြားရှိ ဒေါပိုးစီ၊ စံပြ ၆ မိုင်ကျေးရွာများရှိ ပြည်သူအားလုံးနီးပါးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်မှ လချီကြာမြင့်နေပြီဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s