ပါမောက္ခ ရှောင်တာနယ်အမှု တရားလိုကို အ ပြန်အလှန်စစ်မေးချက်ပြီးစီး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်အမှုကို ဒီဇင်ဘာလ ၂ ရက် ဒီနေ့  နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့ ရုံးချိန်းမှာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)နဲ့ပတ်သက်ပြီး အပြန်အလှန်စစ်မေးခဲ့တာလို့ သိရပါတယ်။

တရားရုံးနဲ့နီးစပ်သူတစ်ဦးက “တရားလို တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး အောင်မျိုးလွင်ကို စွပ်စွဲခံရသူ ငါးဦးလုံးအတွက် အပြန်အလှန် စစ်မေးချက်များပြီးစီးတယ်လို့သိရတယ်။ အပြန်အလှန်စစ်မေးချက်အသေးစိတ်ကိုတော့ မသိရဘူး ”လို့ ပြောပါတယ်။

နောက်ရုံးချိန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ ချိန်းဆိုလိုက်ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

ရှောင်တာနယ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s