သီပေါမြို့တွင် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ သီပေါမြို့စည်ပင်သာယာဈေးတွင် ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ် ဝန်းကျင်က ဈေးလာဝယ်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံထံမှ သိရသည်။ သေနတ်ပစ်ခံရသည့်အမျိုးသားမှာ သီပေါမြို့ တာလုံကျေးရွာမှဖြစ်ပြီး ပစ်ခတ်ခံရသည့်ဖြစ်စဉ် အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
“လူတွေရှုပ်လို့ ကျွန်တော် အခင်းဖြစ်တဲ့နားရောက်သွားတော့ အပစ်ခံရတဲ့တစ်ယောက်ကို ဆေးရုံခေါ်သွားဖို့ပြင်ဆင်နေပြီ။ သူကတာလုံရွာကလို့ ပြောတယ်။ လူလတ်ပိုင်းပါပဲ။ အသေးစိတ်ကို ဘယ်သူမှမသိဘူး” ဟုပြောသည်။ ပစ်ခတ်ခံရသူမှာ ရင်ဘတ်တွင် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ဆုံးပါးသွားခဲ့ကြောင်းသိရသည်။ mizzima