ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ယာဉ်တန်းကို ကျောက်ဆည် PDF များ ပူးပေါင်း တိုက်ခိုက်၊ ကလေးမြို့တွင် PDFစခန်းသိမ်းရန်လာသော စစ်တပ် မိုင်းဆွဲခံရပြီး ၃ ဦးသေ ဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၃ မိုင်၊ ၅ ဖာလုံတွင် အင်အား ၃၀ ကျော် လိုက်ပါသည့် စစ်ကောင်စီယာဉ်တန်းကို ကျောက်ဆည် PDF တပ်ဖွဲ့က ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုင်း ၆ လုံးခွဲ တိုက်ခိုက်ကြောင်း ကျောက်ဆည် PDF က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီ၄၀မိနစ်အချိန် ရန်ကုန်၊မန္တလေးအမြန်လမ်းအတိုင်း မန္တလေးမြို့သို့ဦးတည်မောင်းနှင်လာသော လက်နက်အပြည့်အစုံဖြင့် အင်အား၃၀ ကျော်ခန့်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) နှင့် People Defense Force(Kyaukse) ​မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့က အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံတွင် ကားမိုင်း(၆)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က ကျနော်တို့ အမြန်လမ်း ၃၄၃ မိုင် မရောက်ခင်မှာ စစ်တပ်နဲ့ရဲက လမ်းပိတ်ထားတာ ၂ နာရီကျော်လောက်ကြာတယ်။ မိုင်းခွဲခံရတာဟုတ်တယ်။ သေတာတွေ ထိခိုက်တာတွေတော့ ရှိမယ်ထင်တယ်။ လူနာတင်ကားတွေ သွားတာလည်းတွေ့တယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လယ်ခြား၊ ရှားတောကျေးရွာများကို မီးတင်ရှို့ ကာ PDF စခန်း တစ်ခု သိမ်းရန်လာသည့် အကြမ်း ဖက် ဖက်ဆစ် စစ်ကြောင်းကို Ranger Kalay တပ်ဖွဲ့က ယနေ့ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် နင်းမိုင်း၊ ဆွဲမိုင်းနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Ranger Kalay တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေကာ အများအပြားဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူ အရေအတွက်ကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဒလန် လမ်းပြ ဦးဆောင်မှုဖြင့် စစ်ကြောင်း သုံးကြောင်း အင်အား ၁၂၀ ကျော်ခန့်ဖြင့် Ranger Kalay Defend Force ဆီသို့ ပိတ်ဆို့ စခန်းသိမ်းရန် ချီတက်လာစဉ် Ranger Kalay တပ်ဖွဲ့က ကြိုတင် သတင်းရရှိသည့်အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။Ranger Kalay တပ်ဖွဲ့ဝင်များ တစ်စုံတစ်ဦး ဖမ်းဆီးခံရခြင်း မရှိ၊ အထိအခိုက်မရှိဘဲ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s