မြိုင်မြို့နယ်က ဗဟင်းရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗလင်းရဲစခန်းကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပစ် ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်သား ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ မျက်မြင် ဒေသခံတဦးက “ကလေးတွေပစ်သွားတာ တကယ့် ကျွမ်းကျင်အဆင့်ပဲ။ ဟိုဘက်ကကောင်တွေ တော်တော်လေး အထိနာလောက်တယ်။ စခန်းထဲဖြစ်နေတော့ အသေအပျောက်စာရင်း မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လက်အောက်ခံ ရဲနဲ့စစ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ ဗဟင်းရဲစခန်းကို မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing PDF) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြိုင် PDF ပြန်ကြားရေးတာဝန်ခံက “စခ၊ ရခ တပ်ဆွဲထားတဲ့ ဗဟင်းစခန်းကို PDF ရဲဘော်တွေပစ်တယ်။ နောက်ပြီး ဗဟင်းရဲစခန်းကိုစစ်ကူလာတဲ့ ကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ စစ်သားနဲ့ရဲ အထိအခိုက် အသေအပျောက်များပြားနိုင်တယ်။ PDF ရဲဘော်တွေက တော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ဗဟင်းရဲစခန်းကို စစ်ကူလာတဲ့ FAW ကား ၁ စီးနဲ့ Mark 2 အမျိုးအစားကား ၁ စီးတို့ကိုလည်း မြိုင်မြို့အထွက်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ Mark 2 ကားဟာ မောင်းမရအောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိသွားကြသေးတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ဗဟင်းရဲစခန်းနဲ့ ကား ၁ စီး တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင်ဖို့ မြိုင်မြို့မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြိုင်အနောက်ပိုင်းလမ်းတွေပေါ်မှာ မိုင်းလို့ယူဆရတဲ့ ပစ္စည်းတွေ မြေမြှုပ်ထားတယ်လို့ သိရတဲ့အ တွက် ပြည်သူတွေအနေနဲ့ သတိရှိစွာခရီးသွားကြဖို့၊ ကျန်းမာရေးနဲ့ အလွန်အရေးကြီးတဲ့ ကိစ္စတွေကလွဲပြီး ကားတွေနဲ့ခရီးသွားခြင်းမပြုလုပ်ကြဖို့ Myaing PDF က ထုတ်ပြန်ကြေညာထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာလည်း ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရလို့ ၈ ဦး သေ ဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s