ဆားလင်းကြီးတွင် မိုင်းခွဲခံရသဖြင့် စစ်အရာရှိတစ်ဦးနှင့် ဆားလင်းကြီးမြို့နယ်ရဲစခန်းမှူး သေဆုံး၊ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်အရာရှိတစ်ဦးနှင့် ဆားလင်းကြီးမြို့နယ်ရဲစခန်းမှူးလိုက်ပါသော ကား မိုင်းခွဲခံရသဖြင့် စစ်အရာရှိနှင့်ရဲစခန်းမှူး သေဆုံးသွားကြောင်း Monywa UG Group က ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်း စစ် ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆားလင်းကြီးလမ်းမကြီးပေါ်တွင် စစ်အရာရှိနှင့်ဆားလင်းကြီးမမြို့နယ်ရဲစခန်းမှူး လိုက်ပါသော အိမ်စီးကား မိုင်းခွဲခံရခြင်းဖြစ်ကြောင်း၊ ထိုအိမ်စီးကားသည် ဆားလင်းကြီးလမ်းမကြီးပေါ် Monywa UG Groupနှင့်မဟာမိတ်အဖွဲ့က ထောင်ထားသော မိုင်းပစ်ကွင်းထဲရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း Monywa UG Group တာ ဝန်ရှိသူတစ်ဦးက RNAကို ပြောသည်။
“ကျနော်ကြိုစောင့်နေတာပါ။ ကျနော်တို့ ပစ်မှတ်ထဲကို ဝင်လာတဲ့အတွက်ကြောင့် အခုလို မိုင်းဆွဲလိုက်တာပါ၊စစ်တပ်က အဆင်မြင့်အရာရှိတစ်ဦးရယ် နောက်ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူးရယ် နှစ်ဦးသေဆုံးပြီး ကျန်တဲ့တပ်သားတစ်ဦးပြင်းထန် ဒဏ်ရာရရတယ်လို့ သိရတယ်” ဟု Monywa UG Group မှ တာဝန်ရှိသူက ဆိုသည်။ စစ်တပ်က မိုင်းဆွဲတိုက်ခိုက်မှုကိုမကျေနပ်၍ လမ်းဘေးမုန့်ဟင်းခါးရောင်းသည့် ဈေး ဆိုင်တစ်ခုကို မီးရှို့ဖျက်ဆီးကာ လမ်းကိုဖြတ်သွားသည့် ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ khit thit