ညောင်တုန်းမြို့က စစ်ကောင်စီခန့် အုပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်သမားကပစ်ခတ်၍သေဆုံးမှု ယနေ့ညကဖြစ်ပွားသည်။အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူသည် နေအိမ်မှသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့အသွား တာကြီးပိုင်းတော ရကျောင်းတိုက်အနီးအရောက် ည ၆နာရီ ၃၀မိနစ် အချိန်တွင် သေနတ်သမားကပစ်သွားခဲ့ခြင်းဖြစ်သည်။

“သုံးချက်အပစ်ခံရပြီး ပထမ ညောင်တုန်းဆေးရုံကိုပို့တယ်။ ညောင်တုန်းဆေးရုံကနေ မအူပင်ကိုလွှဲတာ လမ်းမှာတင် သေသွားတယ်လို့ သိရတယ်။ အဲ့လူကို သတိပေးနေတာကြာပြီ။ သူ့ကြောင့် အဖမ်းခံရတဲ့ လူငယ်တွေအများကြီးရှိတယ်။ သူ့အိမ်မှာ ရဲနဲ့စစ်သားတွေက အမြဲအရက်သောက်သောက်နေတာ ။

ဒလန်ပါ”ဟု ညောင်တုန်းဒေသခံတစ်ဦးက ပြောသည်။စစ်ကောင်စီတပ်များက ညောင်တုန်းမြို့အပြင် အနီးမှဖြတ်သန်းသွားလာရာဖြစ်သည့် ဆားမလောက်ဂိတ်၊ ပန်တိုင်ဂိတ်များကိုပါ ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေပြီး ဖြတ်သန်းသွားလာနေသည့် ပြည်သူများကိုပါ တားမြစ်စစ် ဆေးနေခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s