မိုးကုတ်ကျောက်မျက်တွင်းကို စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် တွင်းသမား ၂ ဦးသေဆုံး
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းက ကျောက်မျက်တွင်းမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် ကျောက်မျက်တွင်းမှာ အစောင့်ကျနေတဲ့ တွင်းသမား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက် အစောကြီး အလုပ်ဆိုထွက်သွားတာ၊ ညနေ ၃ နာရီလောက်ကျ နှစ်ယောက်လုံး ပစ်သတ်ခံရပြီး သေတယ်ကြားရတာ။ ကလေးတွေက ဘာအပြစ်မှမရှိဘူး”လို့ သေဆုံးသူနဲ့ နီးစပ်သူက ပြောပါတယ်။။
ဘာကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်က တွင်းသမား နှစ်ယောက်ကို ပစ်သတ်ပြီးနောက် ကျောက်မျက်တွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုပါ သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB