မြောင်မြို့နယ်ဟာ လွတ်မြောက်နယ်မြေ မ ဟုတ်သေး

စစ်ကိုင်းတိုင်း ဒေသကြီး၊မြောင်မြို့နယ်သည် လွတ်မြောက်နယ်မြေဖြစ်လာပြီဆိုသည့် ဖေ့စ်ဘွတ်ပို့စ် ယနေ့နံနက်ကစတင်၍ ပြန့်နှံ့လို့နေသည်။ သို့သော် ထိုအဆိုပြုချက်မှာ မှားယွင်းနေပြီး လွတ်မြောက်နယ်မြေဟုသတ်မှတ်၍မရသေးကြောင်း ဒေသခံပြောက်ကျားတပ်ဖွဲ့များကပြော သည်။

“မြောင်မြို့နယ်ကို PDF များ သိမ်းပိုက်လိုက်ပြီ၊ ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်သွားပါပြီ” ဟု လူပေါင်း ၁၅၀၀ ကျော်မှ Like ပြုလုပ်ထားသည့် “Hello” ဆိုသည့် ပေ့ချ်မှ ဒီဇင်ဘာ ၃ ရက်နေ့နံနက်တွင် စတင်ဖြန့်ဝေသည်ကိုတွေ့ရပြီး အချိန်နှစ်နာရီအတွင်း အဆိုပါ ပိုစ့်ကို ပြန်လည်မျှဝေထားမှု ၁၀၀ ကျော်ရှိသည်ကိုတွေ့ရသည်။

အလားတူ အဆိုပြုချက်များကို ဖေ့စ်ဘွတ်ဂရုများတွင်လည်း ဖြန့်ဝေမှုများရှိသည်ကိုတွေ့ရသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM မှ တာဝန်ရှိသူတစ်ဦးက “ လွတ်မြောက်နယ်မြေလို့ သတ်မှတ်လို့ မရသေးဖူးဗျ၊ ကျွန်တော်တို့က စစ်ခွေးတွေရဲ့ လမ်းကြောင်း ဖြတ်တောက်နိုင်ရုံလောက်ပဲ ရှိသေးတာ၊ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကျွန်တော်တို့မှာ အ ခက်အခဲတွေရှိပါတယ်၊ လက်နက်အင်အားလည်း အများကြီးလိုသေးတယ်၊ ကျွန်တော်တို့ ပျောက်ကြားစနစ်နဲ့ ရင်ဆိုင်မယ်၊ ထိပ်တိုင်ရင်ဆိုင်ရရင် ရင်ဆိုင်မယ်၊ထိပ်တိုက်မဟုတ် ရှောင်မယ် တိမ်းမယ်” ဟု မဇ္ဈိမကိုပြောသည်။

မြောင်​ဒေသခံတစ်ဦးကလည်း မြောင်မြို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည်တို့ စစ်ကောင်စီလက်ထဲမှာပင်ရှိနေသည်ဟု ဆိုသည်။
” ကျေးရွာအများစုမှာတော့ စကစ အုပ်ချုပ်ရေးယန္တရား ပြိုဆင်းနေပါတယ်။ ဒါပေမယ့် ပြန့်ကျဲနေတဲ့ ဒေသခံကာကွယ်ရေးတပ်တွေဟာ သူ့ရဲ့ ယန္တရားတွေကို ကောင်းကောင်း မွန်မွန် မတည်ဆောက်နိုင်သေးပါဘူး။” ဟု သူ၏ဖေ့စ်ဘွတ်တွင်ရေးသားထားသည်။

” စစ်ရေးအရလည်း နယ်မြေအလုံးစုံ ထိန်းချုပ်နိုင်မှု ရှိမထားသေးတဲ့ အပြင် ကိုယ် လှုပ်ရှားရာ ဂွင်ထဲကို စကစ စစ်ကြောင်းထိုးလာရင် ကာကွယ်နိုင်စွမ်းအတွက် ပြည်သူတွေရဲ့ အကူအညီ၊ ငွေကြေးအင်အား၊ ပစ္စည်းအင်အား မြောက်များစွာ လိုနေဆဲပါ။” ဟု ဆက်လက်ရေးသားထားသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်တပ်ပိုင် သဘောၤ နှစ်စီးအား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM က ဒီဇင် ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းပြီးနောက် “ မြောင်မြို့နယ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး လွတ်မြောက်နယ်မြေ” ဖြစ်လာပြီဆိုသည့် သတင်းမှားထွက်လာတသည်ကို တွေ့ရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s