ကန့်ဘလူတွင် ရဲနှင့်ပျူစောထီး ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရ၊ ရဲ ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ၊ ကန်ပက်လက်တွင် စစ်တပ်အထိုင်စခန်းကို CDF ဝင်ပစ်မှု စစ်သား ၂ ဦးသေပြီး ၂ ဦး ဒဏ် ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကန့်ဘလူ-ကောလင်း ကားလမ်းပေါ်တွင် ငွေကြေးကောက်ခံနေသော ရဲတပ်သားများကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနောက် သုဿန်အနီး ကန့်ဘလူ-ကောလင်း ကားလမ်းမပေါ်တွင် ခရီးသွားပြည်သူများကို စစ်ဆေးငွေကြေးတောင်းခံနေသော ရဲတပ်ဖွဲ့များကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ရဲ ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယင်းနောက် ချပ်သင်းစခန်းထံမှ အကူအညီတောင်းခံရာ ရဲ၊ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့က စခန်းမှ စစ်ကူလာရောက်ကြောင်း၊ ချပ်ကြီးကျေးရွာအနီး စည်ပင် Faw ကားဖြင့် လူအင်အားအပြည့်ပါသော စစ်ကြောင်းကို ဒေသ ကာကွယ်ရေးတပ်က ထပ်မံ မိုင်းခွဲတိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ” ပဒေသာမိုင်းဆွဲခံရတဲ့ ပျူစောထီးနဲ့ စစ်ခွေး၈ ဦး အပြင်းအထန်ဒဏ်ရာရတယ်။

ကန့်ဘလူ ကရုဏာရှင် လူမှုကူညီရေးအသင်းက ကူညီရေးကားနှစ်စီးနဲ့ သူတို့လူတွေကိုကောက်ပြီး ကန့်ဘလူကုတင်၁၀၀ဆေးရုံပို့တယ်။ အဲဒီကနေ မုံရွာစစ်ဆေးရုံကို ထပ်ပို့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အလားတူ ချင်းပြည်နယ်၊ ကန်ပက်လက်တွင် ယနေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ စစ်ကောင်စီ အထိုင်ချထားသော အထက်တန်းကျောင်းကို CDF ကန်ပက်လက်က ဝင်ပစ်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ကန်ပက်လက် CDF ထံမှ သိရှိရသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်း ကန်ပက်လက် မြို့နယ်တရားရုံးလည်း မီးလောင်ကျွမ်းသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s