KCKU တိုက်ခိုက်၍ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ၅ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ငါးဦးကို ယမန်နေ့ ဒီဇင်ဘာလ ၃ရက်က တိုက်ခိုက်ခဲ့ရာ ၎င်းတို့ သေဆုံးသွားကြောင်း တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး (King Cobra-Khin U- KCKU) အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။ပျူစောထီးများသည် ခင်ဦးမြို့နယ်အတွင်းရှိ ငါးတင်းကြီးကျေးရွာ ၊ကျောက်ချောကျေးရွာ နှင့် ထနောင်းကိုင်းကြီးကျေးရွာတို့မှ ဖြစ်ကြောင်း KCKU အဖွဲ့က လူမူကွန်ရက်က တစ်ဆင့် ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ခင်ဦးမြို့နယ်ရှိ ကျေးရွာများမှ ပျူစောထီးဆိုသူ ၇၄ ဦးသည် မေလ ၃ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ခုနစ်လတာအတွင်း တိုက်ခိုက်ခဲ့ရပြီး သေဆုံးခဲ့ကြောင်း KCKU အဖွဲ့ဝင်တစ်ဦးက ပြောသည်။“ကျေးရွာတစ်ခုမှာ သုံးယောက် လေးယောက်ပါပဲ။ မြို့ပေါ်မှာလည်း သုံးယောက်ပါ။ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်များတယ်။ အဲထဲမှာ အမျိုးသမီးသုံးဦးပါတယ်။ အုပ်ချုပ်ရေးမှူး နှစ်ဦးပါတယ်။ ရာအိမ်မှူးတစ်ဦးပါတယ်။ ကျန်တာက သတင်းပေး ပျူစောထီးတွေပါ ။ အခုက ပျူစောထီးက လက်နက်၊ဝတ်စုံနဲ့တကွ ဖြစ်နေကြတယ်” ဟု KCKU အဖွဲ့ဝင်တစ်ဦးက ဆို သည်။

KCKUသည် ပုဂ္ဂိုလ်စွဲနှင့် လူမျိုးစွဲမရှိဘဲ စစ်ကောင်စီကို တော်လှန်နေချိန်တွင် နယ်မြေအတွင်း အန္တရာယ်ရှိလာနိုင်သည့် ဆူးငြောင့်များကို ရှင်း လင်းခြင်းသာဖြစ်ကြောင်း ၎င်းကပြောသည်။ “စစ်ကောင်စီတပ်က ကျေးရွာကိုလာတယ်ဆိုတာက ကျေးရွာက သတင်းပေးက ခေါ်လို့လာတာ။ နယ်မြေစိုးမိုးမှု ရပ်ရွာစီမံခန့်ခွဲမှုတွေ မတိုင်ခင်မှာ ဒီလိုသုတ်သင်ရှင်းလင်းမှုတွေ လုပ်မှာပါ။

နောက်တစ်ချိန် တရားဥပဒေအရ စီစဉ်ဆောင်ရွက်သွားမှာပါ ”ဟု KCKUအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ် ထောင်ရွာ ၊ရွာသစ်ကုန်း ၊ မဒေါင်းလှ နှင့် မကျည်းတုံ ကျေးရွာတို့တွင် စစ်ကောင်စီက တပ်စွဲထားရှိပြီး ၎င်းကျေးရွာများမှ ဒေသခံ ပျူစောထီးများကို သင်တန်းပေးခြင်း၊ ခင်ဦးမြို့နယ်အတွင်း ပျူစောထီးများကို စုစည်းခြင်းနှင့် လက်နက်များထောက်ပံ့ပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s