ဆားလင်းကြီး အကြမ်းဖက် စစ်ကောင်စီ ချေ မှုန်းရေး ပြည်သူများ ဆန္ဒပြ




khit thit
khit thit
ရန်ကုန်၊ ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းကို ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက ကားဖြင့်ဝင်တိုက်ကာ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးရာတွင် ဆန္ဒပြပွဲကို သတင်းယူနေသည့် Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း MPA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ကားဖြင့်တိုက်သတ်ကာ ဖမ်းဆီးမှုဖြစ်စဉ်ကြောင့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းသည် အောက်ပိုင်းထိသွားပြီး ဦးဝိဇာရလမ်းပေါ်က စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ အသက်အန္တရာယ်လည်း စိုးရိမ်ရကြောင်း MPA တာဝန်ရှိသူက ပြောသည်။
“ ကိုကောင်းဆက်လင်း လက်ရှိစစ်ဆေးရုံမှာ ရောက်နေတယ် ။အောက်ပိုင်းထိထားတယ်။ အသက်အန္တရယ်စိုးရိမ်ရတယ်လောက်ပဲသိထားတယ်” ဟု MPA တာဝန်ရှိသူက ပြောသည်။Myanmar Pressphoto Agency ၏ ရုပ်သံသတင်းထောက်ဖြစ်သူ မမှူးရတနာခက်မို့မို့ထွန်းကိုမှု လက်ရှိအချိန်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း MPA က ထုတ်ပြန်ထားသည်။ယနေ့နံနက်ပိုင်း ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း တွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြနေသူများကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်အရှိန်ပြင်းပြင်း ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ အကြမ်းဖက်ဖြိုခွင်းသည့် လုပ်ရပ်အပေါ် “ထိတ်လန့်တုန်လှုပ်မိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ယနေ့ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သောဒီမိုကရေစီလမ်း ကြောင်း ပေါ် ပြန်လည်ရောက်ရှိရေးအတွက် အရေးတကြီး လိုအပ်နေသည့်အကြောင်း မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ဒီကနေ့ ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
“အခုလေးတင် ဖြစ်တာပါ၊ အသံက တော်တော်ကျယ်တယ်။ ဘာပေါက်တာလဲတော့ မသိဘူး။
ရဲစခန်းထဲကနေလည်း အော်သံတွေ ကြားတယ်။ ပစ်ခတ်သံတွေလည်း တောက်လျောက်ကြားရတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ mizzima
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီတွင် ယနေ့ ည ၈ နာရီ ခွဲဝန်းကျင် သေနတ်သံများ ကြားရပြီး မြေနီကုန်းနှင့် စမ်းချောင်းဘက်ခြမ်းတွင် ပြည်သူများ အိမ်နှင့်တိုက်များအပေါ် အလျင်အမြန် ပြေးတက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“သေနတ်သံ ၆ ချက် ၇ ချက်ကြားတယ်။ ဘာကို ပစ်မှန်းမသိဘူး။ လမ်းတွေလည်း ပိတ်ထားတယ်။ တော်လှန်ရေး ပန်းခြံဘက်နားမှာ။ တချို့ပြောတာတော့ အမျိုးသား နှစ်ဦးကို စစ်သားတွေက ပါးရိုက်ပြီး လက်မြှောက် ဒူးထောက် ထိုင်ခိုင်းထားတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စမ်းချောင်းဒေသခံတစ်ဦးကလည်း သေနတ်သံများကြားသဖြင့် စမ်းချောင်းအတွင်းရှိ အိမ်ဆိုင်နှင့်စျေးဆိုင်များအားလုံး ပိတ်သိမ်းသွားကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“မြေနီကုန်း ဓမ္မာရုံနား စစ်ခွေးတွေ ရောက်နေတယ်ကြားတယ်ဗျာ။ ဘာတွေဖြစ်မှန်းမသိဘူး။ သေနတ်သံတွေလည်းကြားရတော့ အကုန်လုံး အိမ်တံခါးပိတ်ပြီး ကြည့်နေရတာပဲ။ စစ်ခွေးတွေက ဒီနေ့ စမ်းချောင်းမြေနီကုန်း အကုန်သံပုံးပြန်တီးတာကြောင့်လားမသိဘူး” ဟုဒေသခံတစ်ဦးကပြောသည်။ khit thit
ကန့်ဘလူမြို့နယ်နေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် နေအိမ်ကို စစ်ကောင်စီက ယမန်နေ့မှာ ချိတ်ပိတ်သွားကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာ ၄ရက်နေ့ မနက် ၉နာရီမှာ AD Van ကားတစ်စီးနှင့် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သား ဆယ်ယောက်ခန့်က ဦးနေဇင်လတ် အိမ်ကို ရောက်လာပြီး ပုံပါစာတန်းကပ်ကာ သော့ခတ်သွားခြင်း ဖြစ်သည်။
ခြံတံခါးတွင် “ဤမြေနေရာနှင့် အဆောက်အဦသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်း များနှင့် ပတ်သက် ဆက်စပ်နေသောကြောင့် နိုင်ငံ တော်ပိုင် သိမ်းဆည်းမည်ဖြစ်သည်။ မကျူးကျော်ရ ရောင်းဝယ်ခြင်း မပြုရ”ဟု စာတန်းကပ်သွားသည်။ ”သူတို့လုပ်သမျှ မတရားတာတွေ ချည်းပါပဲ။
သူတို့က အနိုင်ရပါတီကို အကြမ်းဖက်လို့ပဲ သတ်မှတ်ထားတာလေ။ အခုအိမ်မှာက လူမနေကြတာ ၅ လပိုင်းထဲကပဲ။ အိမ်ထဲတော့ ဝင်မွှေမသွားဘူး။”ဟု ဒေသခံတစ်ဦးက ဆိုသည်။လွန်ခဲ့သည့်လကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန် နေအိမ်ကို အာ ဏာသိမ်းစစ်တပ်က ယခုလို ချိတ်ပိတ်သွားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ကန့်ဘလူမြို့နယ်အတွင်း တိုင်းဒေသကြီးလွှတ်တော် တွင် ဦးမြင့်ဇော်ဦး၊ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ လွှတ်တော်တွင် ဒေါက်တာ လှိုင်မြင့်ဟန်၊ အမျိုးသားလွှတ်တော်တွင် ဦးဝင်းအောင်တို့ အနိုင်ရရှိခဲ့ကြသည်။ mizzima
khit thit
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ရပ်နားထားဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျောက်စိမ်းရိုင်းတူးဖော်ရေးဌာန လုံးခင်းနဲ့ တပ်မ (၃၃) က ဒီဇင်ဘာ ၄ ရက်နေ့ ပြောကြားထားတာကြောင့် ရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အင်တာနက်ပါ အဖြတ်ခံထားရတဲ့ ဖားကန့်မှာ တရားမဝင် နယ်မြေခံတပ်ကို လစဉ်ကြေးပေးပြီး ညစဉ် အဆက်မ ပြတ် တူးဖော်မှုတွေကို ဝေဖန်မှုတွေ ရှိလာပြီးနောက် အခုလို တားမြစ်လာတာပါ။
“ကုမ္ပဏီမှာရှိတဲ့ စက်ယန္တရားတွေကို လာစစ်မယ်ဆိုပြီးတော့ လာနားခိုင်းတာပါ။ ဒါကတော့ အကြောင်းပြချက်ပေါ့။ ဒါတွေက ခိုးကျင်းတွေပါဗျာ။ လူတိုင်းသိနေတဲ့ ဟာကြီးပါဗျာ” ကျောက်တူးနေတဲ့ လုပ်ငန်းရှင်တဦးက DVB ကို ပြောပါတယ်။
ားကန့်ရတနာနယ်မြေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် အားလုံးဟာ ၂၀၂၁ ဩဂုတ်လကတည်းက တူးဖော်ခွင့်လိုင်စင် သက်တမ်းတွေ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။
အဲဒီသက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ နယ်မြေခံ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အောက်တိုဘာလဆန်းပိုင်းကစပြီး လစဉ်ကြေးသဘောမျိုး ကောက်ခံပြီး စက်ယန္တရား အမြောက်အမြားနဲ့ တူးဖော်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။
“အဓိကတော့ တပ်မမှူးပေါ့၊ တပ်မမှူးကို တလ ဘက်ဟိုးတစီးကို သိန်းသုံးဆယ် ပေးရတယ်၊ လစဉ်ကြေးပေါ့။ သူတို့ မသိလောက်ဘူးဆိုပြီး အစီးရေ လျှော့ပေးလို့ မရဘူး။ သူတို့ဆီမှာ ဘယ်နားမှာ ဘယ်နှစီး ခိုးတူးတယ်ဆိုတာ အကုန်သိတယ်” လို့ လစဉ်ကြေးပေးသွင်းခဲ့ရတဲ့ လုပ်ငန်းရှင်တဦးက DVB ကို ပြောပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေအတွက် လစဉ်ကြေးကို တပ်မမှူး တဦးတည်းကိုပဲ ပေးရတာမဟုတ်ဘဲ လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာန၊ နယ်မြေခံ မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ အက်စ်ဘီ၊ စရဖ၊ စစစ၊ တိုက်ခိုက်ရေး ရဲတပ်ဖွဲ့တွေကိုလည်း ပေးရတယ်လို့ ဆိုပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေကိုလည်း လုပ်ငန်းမစတင်မီက အခွန်ပေးဆောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်နိုင်ဖို့အတွက် လုပ်ကွက်တကွက်ကို ကျပ်သိန်း ၃၀၀ ကနေ သိန်းထောင်ဂဏန်းအထိ ကေအိုင်အေက ကောက်ခံပြီး တူးဖော်ရေးလုပ်ငန်းအတွက် အသုံးပြုတဲ့ မြေ၊ လူ၊ စက်ယန္တရားနဲ့ လောင်စာဆီတွေအတွက်ပါ ကေအိုင်အေကို အခွန်ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဖားကန့် ရတနာနယ်မြေ အပါအဝင် ခန္တီး၊ နန့်ယားနဲ့ မော်လူးမော်ဟန် အပါအဝင် ရတနာနယ်မြေအားလုံးကို ကျောက်မျက်ရတနာအပါအဝင် ဓာတ်သတ္တုအရိုင်းတူးဖော်ရေး လုပ်ငန်းတွေကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်နေ့က တရားဝင် တားမြစ်ထားသလို၊ NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သား စဉ်မြေးဆက် စားသုံးနိုင်ဖို့ ရပ်နားထားဖို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ နယ်မြေခံ စစ်ကောင်စီတပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို လစဉ်ကြေးပေး တူးဖော်ခဲ့ကြတာဖြစ်ပြီး အခုချိန်မှာတော့ လုပ်ကွက်တွေကို ရပ်ဆိုင်းဖို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်အောက်မှာရှိတဲ့ ကျောက်စိမ်းရိုင်း တူးဖော်ရေးဌာန လုံးခင်းနဲ့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်မ (၃၃) က ပြောကြားခဲ့တာကြောင့် လုပ်ကွက်တွေ ရပ်နားထားကြတယ်လို့ သိရပါတယ်။ DVB
စစ်တပ်က မီးရှို့သွားသည့် ကလေးမြို့နယ်က ကျေးရွာများကို ကလေးပြည်သူ့ကာကွယ်ရေးတပ်- Ranger Kalay Defend Force (RKDF) က စားသုံးဆီဖိုး တစ်အိမ်ထောင်လျှင် ၅၀,၀၀၀ ကျပ်ဖြင့် ၂၃ အိမ်စာ ၁၁ သိန်းခွဲ နှင့် ဆန်တစ်တင်းအိတ် ၅၀ ကို ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင် လှူဒါန်းခဲ့ကြောင်း RKDF တာဝန်ရှိသူထံက သိရသည်။
စစ်ကောင်စီတပ်များသည် ကလေးဒေသတွင်းရှိ ပျူစောထီး အဖွဲ့များနှင့် ပူးပေါင်းပြီး ကလေးမြို့ရှိ ကျေးရွာများအား နိုဝင်ဘာလ ၂၉ ရက်မှ စ တင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်ထိ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာ နေအိမ် ၄၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်းလည်း RK DF တာဝန်ရှိသူက ဆိုသည်။ mizzima
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးမှု သတင်းကို ရန်ကုန်အမေရိကန်သံရုံးအနေဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ယနေ့ ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်သည်။
ယနေ့နံနက် ရန်ကုန်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာ သေဆုံးရသည့် သ တင်းများကြောင့် မိမိတို့ ထိတ်လန့်တုန်လှုပ်မိကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးကြောင်း၊ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သောဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အရေးတကြီး လိုအပ်နေသည့်အကြောင်း မီးမောင်းထိုးပြနေပါသည်။
လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ khit thit
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သိမ်ချောင်းလမ်းကွေ့အနီး ရွှေဘိုဘက်အထွက်မှာ ဒီဇင်ဘာ ၄ ရက်နေ့၊ ည ၁၀ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ၁၀ စီးကျော်ပါတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကား ၄ စီးပျက်စီးသွားပြီး တပ်သားအများ အပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီကားတွေက မိုးကာအုပ်ထားတဲ့အတွက် ထိခိုက်သေဆုံးမှုအတိအကျမသိရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုတိုက်ခိုက်မှုကိုစစ်ကိုင်းခရိုင် တပ်ရင်း(၁) ဗိုလ်ယက္ခအဖွဲ့မှ ဗိုလ်ဇာတ်လိုက်ဦးဆောင်တဲ့ တပ်စုက တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။
မိုင်းထိမှန်ပျက်စီးခဲ့တဲ့ကား ၄ စီးကို ဒီနေ့မနက်အထိ လာရောက်ယူဆောင်တာ မရှိသေးဘူးလို့ သိရပါတယ်။ DVB