ကန့်ဘလူမြို့နယ်နေ လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် နေအိမ် ချိတ်ပိတ်ခံရ

ကန့်ဘလူမြို့နယ်နေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် နေအိမ်ကို စစ်ကောင်စီက ယမန်နေ့မှာ ချိတ်ပိတ်သွားကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာ ၄ရက်နေ့ မနက် ၉နာရီမှာ AD Van ကားတစ်စီးနှင့် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သား ဆယ်ယောက်ခန့်က ဦးနေဇင်လတ် အိမ်ကို ရောက်လာပြီး ပုံပါစာတန်းကပ်ကာ သော့ခတ်သွားခြင်း ဖြစ်သည်။
ခြံတံခါးတွင် “ဤမြေနေရာနှင့် အဆောက်အဦသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်း များနှင့် ပတ်သက် ဆက်စပ်နေသောကြောင့် နိုင်ငံ တော်ပိုင် သိမ်းဆည်းမည်ဖြစ်သည်။ မကျူးကျော်ရ ရောင်းဝယ်ခြင်း မပြုရ”ဟု စာတန်းကပ်သွားသည်။ ”သူတို့လုပ်သမျှ မတရားတာတွေ ချည်းပါပဲ။
သူတို့က အနိုင်ရပါတီကို အကြမ်းဖက်လို့ပဲ သတ်မှတ်ထားတာလေ။ အခုအိမ်မှာက လူမနေကြတာ ၅ လပိုင်းထဲကပဲ။ အိမ်ထဲတော့ ဝင်မွှေမသွားဘူး။”ဟု ဒေသခံတစ်ဦးက ဆိုသည်။လွန်ခဲ့သည့်လကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန် နေအိမ်ကို အာ ဏာသိမ်းစစ်တပ်က ယခုလို ချိတ်ပိတ်သွားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ကန့်ဘလူမြို့နယ်အတွင်း တိုင်းဒေသကြီးလွှတ်တော် တွင် ဦးမြင့်ဇော်ဦး၊ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ လွှတ်တော်တွင် ဒေါက်တာ လှိုင်မြင့်ဟန်၊ အမျိုးသားလွှတ်တော်တွင် ဦးဝင်းအောင်တို့ အနိုင်ရရှိခဲ့ကြသည်။ mizzima