စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးမှု သတင်း ရန်ကုန်အမေရိကန်သံရုံး ထိတ်လန့်တုန်လှုပ်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးမှု သတင်းကို ရန်ကုန်အမေရိကန်သံရုံးအ​နေဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ယနေ့ ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်သည်။

ယနေ့နံနက် ရန်ကုန်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာ သေဆုံးရသည့် သ တင်းများကြောင့် မိမိတို့ ထိတ်လန့်တုန်လှုပ်မိကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးကြောင်း၊ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သောဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိ‌ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အကြောင်း မီးမောင်းထိုးပြနေပါသည်။

လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s