ရန်ကုန်ဆန္ဒပြ လူငယ်များကို အရှိန်ဖြင့် ပြေးဝင်တိုက်သော စစ်ကား၊ စစ်ကားဖြင့်တိုက်၍ လူငယ် ၃ ဦး ပွဲချင်းပြီး သေ ဆုံး၊ ကျန် ၁ ဦးမှာ သွေးလွန်သေဆုံး (ရုပ်/သံ)
ရန်ကုန်တွင် ယနေ့ နံနက် ၈ နာရီကျော်အချိန် ဆန္ဒပြ လူငယ်များကို စစ်ကားဖြင့် တရှိန်ထိုး ဝင်တိုက်ခဲ့ပြီး လူငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကျန် ၁ ဦးမှာ သေနတ်ကျည်ထိမှန်၍ သွေးလွန်သေဆုံးသည်။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် ရန်ကုန်လူထု သပိတ်စစ်ကြောင်းက စစ်အာ ဏာရှင် ဆန့်ကျင်ရေး ချီတက်လာစဉ် စစ်တပ်က ကားဖြင့်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်း၍ သပိတ်စစ်ကြောင်းမှ လူငယ် ၄ ဦး ကျဆုံးသွားကြောင်း ဒေသခံ မျက်မြင်သက်သေများနှင့် သပိတ်စစ်ကြောင်းမှ လွတ်မြောက်လာသူများထံမှ သိရှိရသည်။
” “ရန်ကုန်လူထုသပိတ်” စစ်ကြောင်း ချီတက်ဆန္ဒပြနေတုန်း နောက်ကနေ Double Cup ဖြင့်ဝင်တိုက်တယ်။ သေနတ်ဖောက်တယ်။ အမျိုးသ မီး ၂ ၊ အမျိုးသား ၅ ဦးလောက်ပါသွားတယ်။ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းလို့ ကျဆုံးမှုရှိတယ်။ ညစျေးက မျက်မြင်သက်သေဈေးသည်အဒေါ်ကြီးလှမ်းပြောတာ ၄ ဦးကျဆုံးတယ်” ဟု သပိတ်စစ်ကြောင်းတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။
ပန်းပင်ကြီးလမ်းတွင် နေထိုင်သူ ပြည်သူများ၏ အဆိုအရ သေဆုံး အနည်းဆုံး ၄ ဦးရှိနိုင်ကြောင်း၊ သေနတ်ကျည်ဆန် ထိမှန်သူ ၁ ဦးရှိကြောင်း ပြောသည်။ “၄ယောက် ကားနဲ့တိုက်ခံရတယ်။ အဲဒီမှာ ၃ ဦးကတော့ ပွဲချင်းပြီးဆုံးတယ်။ တစ်ယောက်က ကားပေါ်ခေါ်တင်တဲ့အချိန်မှာဆုံးတယ်။ ကျည်ထိတာ တစ်ဦးရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ khit thit