Monthly Archives: Dec 2021

ပူတာအိုတွင် မီတာခမဆောင်သည့်နေအိမ်များ လျှပ်စစ်မီးဖြတ်တောက်ခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ မိတာခမဆောင်တဲ့ နေအိမ်တွေ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ပြီး လျှပ်စစ်မီး ဖြတ်တောက်ခံထားရတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ပူတာအိုလျှပ်စစ်ရုံး၀န်ထမ်းများက မီတာခမဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးလိုင်းများ အကုန်ဖြတ်သွားတယ်။ ကျနော်တို့အိမ်ဆိုလည်း အာဏာသိမ်းပြီးကတည်းက မဆောင်ဖြစ်တာ‌ ဆိုတော့ မီးဖြတ်လည်း ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။

ပူတာအိုလျှပ်စစ်ရုံး ၀န်ထမ်းတွေက မီတာခဆောင်တဲ့ မိသားစုတွေဆီက မီတာခဆောင်ပြီးသား လအတွက်လည်း ထပ်မံဆောင်ခိုင်းနေတာ ရှိနေတယ်လို့ ဆိုပါတယ်။

“ကျမတို့အိမ်ဆို အောက်တိုဘာလအထိ မီတာခကို ပုံမှန်ဆောင်ခဲ့ကြတယ်။ အောက်တိုဘာလမှာ သူတို့လျှပ်စစ်ရုံးက အရင်မီတာခဆောင်ပြီးတဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွက်ပါ ဖြတ်ပိုင်းလုပ်ပြီး မီတာခ တောင်းနေတာရှိလာတော့ အဲဒီနောက်ပိုင်းမှာ မီတာခမဆောင်လိုက်ဘူး။ ဒီနေ့တော့ မီလိုင်းဖြတ်သွားတယ်။”

ပူတာအိုဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဒုက္ခအမျိုးမျိုးကြုံနေကြရတာလို့ ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

“သူတို့လက်အောက်မှာ ကဏ္ဍတိုင်း ဆုတ်ယုတ်လာပြီ။ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးမှုတွေ လိုလာပြီ။” 

ပူတာအိုကာကွယ်ရေးတပ်ဖွဲ့ (PUTAO PDF) အနေနဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြသူတွေကို ကားနဲ့တိုက် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အတွက် များစွာစိတ်မကောင်းဖြစ်‌ရပြီး မြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စဟာ အားလုံးနဲ့ဆိုင်တာကြောင့် မြေပြန့်သားတွေအတွက် တောင်ပေါ်မြေက ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။ DVB

လှိုင်သာယာတွင် ကျူးကျော်စျေးဆိုင်ခန်းနှင့် လူနေအိမ်များ ဖြိုဖျက်ခံရ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အဆင့်မြင့်ရပ်ကွက် ပီမိုးနင်း လမ်းမကြီးဘေးတလျှောက်က ကျူးကျော်နေအိမ်တွေနဲ့ စျေးဆိုင်ခန်းတွေကို ဒီနေ့ ဒီဇင်ဘာ ၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လာရောက်ဖြိုဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ဒီနေ့မနက်အစောကျမှ အင်အားအလုံးအရင်းနဲ့ မြေကော်စက်တွေရော ပါတယ်။ လာဖျက်ကြတာ။ ဘယ်နေ့ ဘယ်ရက် လာဖျက်မယ် အကြောင်းကြားတာမရှိဘဲ ရုတ်တရက်ကြီး လာဖျက်ကြတာ။အတော်များများ အဖျက်ခံရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လှိုင်သာယာမှာ ကျူးကျော်တွေကို စည်ပင်၊ ရဲတပ်ဖွဲ့၊ ဒေသ ရပ်ကျေးတွေပါဝင်တဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က လူအင်အားသုံး ဖြိုဖျက်နေကြတာဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတင်တဲ့ ဒေသခံအချို့ကိုလည်း ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက် မနက်ပိုင်းလည်း လှိုင်သာယာမြို့နယ် ရန်ကုန် – ပုသိမ် လမ်းမကြီးတလျှောက်က ကျူးကျော်တဲတွေကို စစ်ကောင်စီတပ် သားတွေက ဘူဒိုဇာအပါအဝင် အင်အားအများအပြားနဲ့ ဖျက်ဆီးခဲ့ကြပါတယ်။ DVB

ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ ကရင်၊ မန္တလေး၊ ပဲခူးတို့တွင် အုပ်ချုပ်ရေးမှူးများ၊ ကြံ့ ခိုင်ရေးပါတီဝင်၊ သတင်းပေး ဟု စွပ်စွဲခံရသူ ၁၁ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ၁၁ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သတ်ဖြတ်ခံရသူများတွင် သတင်းပေးဆိုသူများသည် သတင်းပေးဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပါ။

ညောင်တုန်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းသူ ပစ်သတ်ခံရ

===============================================

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ အမှတ်(၇) ရပ်ကွက် စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး မင်းသူကို ဒီဇင်ဘာလ ၄ ရက်နေ့ ည၆နာရီ ၃ဝမိနစ်တွင် အမည်မသိ သေနတ်သများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ အဆိုပါ အုပ်ချုပ်ရေးမှူး မင်းသူသည် သေနတ်ကျည်ဆံနှလုံးကို ဖောက်ဝင်ကာ ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းသည် ညောင်တုန်းမြို့ အမှတ် ၇ရပ်ကွက်ရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ စစ်ကောင်စီကို သတင်းပေးနေသူဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဒဂုံတောင်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး သန့်ဇင်နှင့် ဇနီး ဇင်ဇင်သိုက်တို့ ပစ်ခတ်ခံရကာ ဇနီးဖြစ်သူ ပွဲချင်းပြီးသေဆုံး

==================================================================================

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရတနာပုံလမ်းထောင့်တွင် ဒီဇင်ဘာလ ၄ရက်နေ့ မွန်းလွဲ ၂နာရီ ၁ဝမိနစ်ခန့်က ဆိုင်ကယ် စီးလာသော အကြမ်းဖက် စစ်ကောင်စီခန့် ရာအိမ်မှူး သန့်ဇင်နှင့် ဇနီး ဇင်ဇင်သိုက်တို့ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ ရာအိမ်မှူး ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၃၃) ရပ်ကွက် ရာအိမ်မှူးဖြစ်ပြီး ဒဂုံအရှေ့မှ ဒဂုံတောင်သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယင်း ပစ်ခတ်မှုဖြစ်စဉ်တွင် သန့်ဇင်သည် ဝဲလက်ဖျံထိမှန်ဒဏ်ရာရရှိခဲ့ပြီး အတူစီးနင်းလာသူ ဇင်ဇင်သိုက်မှာ ဝဲဖက် ရင်အုံ ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ကြီးတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ သန်းနိုင်ဦး ပစ်သတ်ခံရ

==============================================================

ရန်ကုန် တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် မုတ်သုန် ၁ လမ်းတွင် ဒီဇင်ဘာလ ၅ရက်နေ့ နံနက် ၁၁နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ သန်းနိုင်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သန်းနိုင်ဦးသည် သေနတ်သမား ရောက်ရှိလာသည်ကို သိရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ၎င်း၏ မိန်းမဖြစ်သူ နေထိုင်ရာ တာခွလမ်းဆင်း ပုတ္တရွာသို့ သွားရောက်နေစဉ် လမ်းတစ်နေရာ၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ကြည့်မြင်တိုင်တွင် ဆန္ဒပြ လူငယ်များကို စစ်တပ်က ကားဖြင့် တိုက်သတ်ခဲ့သော စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး သတင်းဒလန်ဟု သတ်မှတ်ခံရသူ မင်းမင်း ပစ်သတ်ခံရ

=============================================================================================

ရန်ကုန် ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ကားနှင့် တိုက်သတ်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့်ပတ်သက်ပြီး သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ မင်းမင်းကို ဒီဇင်ဘာလ ၅ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်က အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သေဆုံးသူ မင်းမင်းသည် ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူဖြစ်ပြီး ဓမ္မာရုံဘေးတွင် ဝိုင်းဖွဲ့ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ သေနတ်ဒဏ်ရာနှစ်ချက် ထိမှန်ခဲ့ပြီး ဦးခေါင်းပွင့်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဘုရားသုံးဆူတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မျိုးအောင် ပစ်သတ်ခံရ

======================================================

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူရှိ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဇော်မျိုးအောင် ယနေ့ ဒီဇင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇော်မျိုးအောင်ကို ချောင်းဆုံကျေးရွာရှိ ၎င်းနေအိမ်ရှေ့တွင် သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ကျည်ဆံ ၃ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ရေစကြိုတွင် စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသည့် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ ရွှေလင်း ဓားဖြင့် ထိုးခံရကာ ပွဲချင်းပြီး သေဆုံး

=============================================================================================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် စစ်ကောင်စီ သတင်း ပေးဒလန်ဟု သတ်မှတ်ခံရသူ ရွှေလင်းကို ဒီဇင်ဘာလ ၅ရက်နေ့တွင် Y. S.O NO.1 ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အဆိုပါ သေဆုံးသူ ရွှေလင်းကို Y. S.O NO.1 ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းကိုယ်တိုင် ဝန်ခံခဲ့ခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကို Y.S.O NO.1 ပြောက်ကျားတပ်၊ Phoenix-အထူးပြောက် ကျားတပ်ဖွဲ့၊ Y.L.K-ပြောက်ကျားတပ်နှင့် Y.L.K-ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Y. S.O NO.1 ပြောက် ကျားတပ်ဖွဲ့က သိရသည်။

ထီးချိုင့်တွင် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ မိုးအောင် ပစ်သတ်ခံရ

===========================================================

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံရွာတွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ မိုးအောင်ကို MTF-9 မဟူရာ ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း MTF-9 မဟူရာ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ သေဆုံးသူ မိုးအောင်သည် ထီးချိုင့်မြို့ ကြက်သွန်ခင်းအရပ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ထီးချိုင့်နယ် အတွင်းရှိ မူးယစ်ဆေးဝါး သမားများ၊ သစ်မှောင်ခို၊ နွားမှောင်ခို စသည့် တရားမဝင် မှောင်ခိုလုပ်ငန်းများထံမှ အခကြေးငွေများ ကောက်ခံနေသူဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ နီနီရွှေ ပစ်သတ်ခံရ

=========================================================================

ရန်ကုန် မြောက်ဥက္ကလာ (င)ရပ်ကွက်တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ နီနီရွှေကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ သေဆုံးသူ နီနီရွှေသည် (င) ရပ်ကွက်၊ သန္တာ ၁၃လမ်း ကန်ဘောင်အနီးတွင် သေနတ် ၅ချက်ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၎င်းသည် မတ်လအတွင်းက မြောက်ဥက္ကလာ သပိတ်စစ်ကြောင်းများဖြစ်သော ကန်သာယာနှင့် နွယ်နီ သပိတ်များကို ဖြိုခွင်းရန် အကြမ်းဖက် စစ်ကောင်စီကို သတင်းပေးခဲ့သောကြောင့် ပြည်သူများက ဝိုင်းဝန်း ကတုံးတုံးခဲ့သူဖြစ်ကြောင်း သိရသည်။

ထန်းတပင် မြို့နယ် ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး လှအောင် ပစ်သတ်ခံရ

=================================================

ရန်ကုန် ထန်းတပင်မြို့နယ်တွင် ဒီဇင်ဘာလ ၄ရက်နေ့ ညနေ ၃နာရီခန့်၌ ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး လှအောင်ကို အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၄ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။သေဆုံးသူ လှအောင်သည် ရေစိုရွာနှင့် ခနောင်မော်ရွာကြား လယ်ကွင်းသွားသည့် တာပေါ်တွင် ပစ်ခံရခြင်းဖြစ်ပြီး သေဆုံးသူသည် ရေစိုကျေးရွာတွင် နေထိုင်သူဖြစ်ကာ ရွာရှိ လူငယ်များကို နိုင်ငံရေးလုပ်ဆောင်လျှင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို သတင်းပေးမည်ဆိုကာ ခြိမ်းခြောက်နေသူဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

ကျီစုရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ စိုးဝင်းနှင့်ဌေးမြင့်တို့ ပစ်သတ်ခံရ

===============================================================================

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ကျီစုကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ စိုးဝင်းနှင့် ဌေးမြင့်တို့ ဇနီးမောင်နှံကို ဒီဇင်ဘာလ ၅ရက်နေ့ ည၇နာရီ ၃ဝမိနစ်တွင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါ ဇနီးမောင်နှံသည် ကြို့ပင်ကောက်မြို့နှင့် တစ်မိုင်ခွဲအကွာ ကျီစုကျေးရွာရှိ ၎င်းတို့၏ အရက်ဆိုင်အတွင်း သေနတ်ဖြင့် ၈ချက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကို ဖမ်းမည်ဟု ကြုံးဝါးသူ ကြံ့ခိုင်ရေးပါတီ ကျော်သင်း ပစ်ခတ်ခံရ =============================================================================

မန္တလေး ၈၆လမ်း ဗိုလ်အိမ် မီးပွိုင့် အနောက်ဖက် ဒေါနခြံရပ်ကွက်တွင် မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကို ဖမ်းမည် ကြုံးဝါးသူ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသော ကျော်သင်းကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဇွဲအောင် လက်ဖက်ရည်ဆိုင်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ကျော်သင်းသည် ဦးခေါင်းကို ပစ်ခတ်ခံရခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံရယူနေကာ သေဆုံးနိုင်ချေများကြောင်း ဒေ သခံပြည်သူများက ပြောဆိုသည်။ khit thit

ဆောင်းရာသီ အအေးဒဏ်ခံနေရသည့် ကယားစစ်ဘေးရှောင်များ အရေးပေါ် အကူအညီလို အပ်နေ

တောတောင်တွေကြားမှာ ယာယီတဲထိုးကာ နေထိုင်နေရပြီး ဒီဇင်ဘာလ ဆောင်းရာသီရဲ့ လွန်ကဲအအေးဒဏ်ကို ခံစားနေရတဲ့ ကယားပြည်နယ်က  စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အို ကလေးလူကြီးပါမကျန် ကျန်းမာရေးထိခိုက်နေကြတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။ 

လက်ရှိ ရာသီဥတုမှာ အအေးလွန်ကဲနေတာကြောင့် အနွေးထည်၊ စောင်နဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ 

“ကျန်းမာရေးတွေလည်းမကောင်းတော့ဘူး။ တချို့ဆိုရင် လေငန်း ဖြတ်သလိုတောင်ဖြစ်နေကြပြီ။ တအားအေးလို့။ ခက်ခဲတာကျတော့ အမျိုးစုံရှိတယ်ပေါ့။ ဒါပေမဲ့ ကျန်တာတွေတော့ အဒေါ်တို့လည်း မပြောတတ်တော့ဘူး။ ဆောင်းတွင်းလည်း ရောက်လာတော့ အအေးတွေလည်းများလာတယ်။ နောက်ပြီးတော့ ကျန်းမာရေးတွေလည်း သိပ်မကောင်းတော့ဘူး။ နှာစေးချောင်းဆိုး၊ တချို့တွေဆိုရင်လည်း အော့အန်၊ ဝမ်းတွေသွားတာလည်း တချို့ရှိတယ်။ ဒီမှာနေရတာလည်းခက်ခဲတယ်။ သွားလာရေးကလည်း ခက်ခဲတယ်။”

ကယားပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်က ပေးပို့တဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက စစ်ဆေး၊ ပိတ်ဆို့၊ သိမ်းဆည်း ဖျက်ဆီးတာတွေ ရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးရရှိဖို့နဲ့ ဆေးကုသဖို့လည်း ခက်ခဲနေကြပါတယ်။

စစ်ရှောင်မိန်းကလေးတဦးက “ဆေးတောင်မှ ဆရာမဆီသွားရင် တလုံးနှစ်လုံးပဲ ပေးတယ်ပေါ့နော်။ အဖျားလည်း သိပ်မပျောက်ဘူး။ အခုကျတော့ နှာစေး၊ ချောင်းဆိုး၊ ဝမ်းလျောတာတွေ အများအားဖြင့် ဖြစ်ကြတာများတယ်။ အဲလို လူအများ ဖျားန ကြတယ်။ တုပ်ကွေးရောဂါတို့ပေါ့နော်။ အဲကြောင့် လူတွေ ရွာမှာပြန်နေကြတယ်။ ရွာမှာ ပြန်နေတော့ စစ်ဖြစ်ပြန်တော့လည်း ပြန်ပြေးရတယ်လေ။ အဲဒါကြောင့် အဆင်မပြေဘူးပေါ့” လို့ ပြောပါတယ်။ 

ကယားပြည်နယ်အတွင်း ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့  နေအိမ် အလုံး ၁၀၀ ကျော်ကိုလည်း  အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒါ့အပြင် တပ်စခန်းကနေ လူနေရပ်ကွက်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၆ လုံး၊ လူနေအိမ် ၂၀၀ ကျော်လည်း ကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ နယ်မြေစိုးမိုးနိုင်ရေးအတွက် အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချတာ၊ ခရီးသွားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် အလောင်း‌ဖျောက်တာတွေလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဒါ့ကြောင့် အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတာ ရပ်တန့်ပေးဖို့ စစ်ရှောင်တွေက တိုက်တွန်း တောင်းဆိုပါတယ်။

ဒေသခံစစ်ဘေးရှောင် အမျိုးသမီးတဦးက “နယ်ချဲ့တာတွေ မလုပ်တော့ပါနဲ့လို့။ မင်းတို့ခေါင်းဆောင် မကောင်းတာတွေနဲ့ လိုက်မတုတော့ပါနဲ့။ အကုန်လုံးပြည်သူလူထုပါ။ သူတို့လည်း ပြည်သူလူထုရဲ့သားသမီးပဲလေ။  ပြည်သူကို ငဲ့ညာပါဦးလို့ တအားလည်းဒုက္ခရောက်နေပြီ၊ ပြည်သူတွေက လယ်တွေလည်းမလုပ်ရ၊ တောင်ယာတွေလည်းမလုပ်ရ၊ အခုဆို အကူအညီထောက်ပံ့ရလို့သာ စားနေရတာ။ လယ်တွေဆိုရင်လည်း မလုပ်ရတော့ဘူး။ တောင်ယာတွေဆိုရင်လည်း မလုပ်ရတော့ဘူး။ ဒီကြားထဲ ကလေးတွေအသက်တွေလည်း အားလုံးဆုံးရှုံးရပြီ။ ဘဝအပျက်ခံရတဲ့သူတွေလည်း ပျက်ရပြီ” လို့ ပြောပါတယ်။ 

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူ ၈၀၀၀၀ ကျော်ဟာ တောတောင်တွေကြား စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ DVB

ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို ဖြိုခွဲမှု သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇ ဝတ်မှုများကို စစ်ကောင်စီက ထပ်မံကျူးလွန်ခြင်းဟု ရှု့မြင်ကြောင်း GSC မှထုတ်ပြန်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် လူထုဆန္ဒပြ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်မှ လူမဆန်စွာ ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများသည် လူသတ်အကြမ်းဖက်၊ တိုက်ခိုက်မှုလုပ်ရပ်ကို ကျူးလွန်ခြင်းဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနှင့်စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်နေသည်ဟု အခိုင်အမာ ရှု့မြင်ကြောင်း စစ်အာဏာရှင်စနစ်ဆန့်ကျင် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee-(GSC)မှ ယနေ့ဒီဇင်ဘာလ ၆ ရက်တွင် သဘောထားထုတ်ပြန်သည်။

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း(ပန်းနီလမ်း)တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသောရန်ကုန်လူထု သပိတ်စစ်ကြောင်းအား စစ်ကောင်စီမှကားဖြင့် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့ရာ သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ယခင်ကျူးလွန်ခဲ့သလိုပင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှု(Crimes Against Humanity)၊ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) နှင့် စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်လိုက်သည့် လုပ်ရပ်တစ်ခုဖြစ်ကာ နိုင်ငံအနှံ့တွင် အကြမ်းဖက်၊လူသတ်၊မီးရှို့၊လုယက်မှုများကျူးလွန်နေခြင်းကိုလည်း ပြင်းထန်စွာရှုတ်ချကြောင်း GSC ကဆိုထားသည်။

ထိုသို့သော အကြမ်းဖက် စရိုက်လက္ခဏာများအပြည့်ရှိနေသည့် စစ်ကောင်စီတပ်သည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် လုံး ၀မရှိသင့်တော့သည့် အကြမ်းဖက်အုပ်စုဖြစ်ပြီး ရည်ရွယ်ချက်တူ အင်အားစုများနှင့် အတူတကွပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်ဟူသမျှကို အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းလုပ် ဆောင်သွားမည်ကိုသံဓိဌာန်ပြုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ”ရန်ကုန်လူထုသပိတ်”မှ လူငယ်များကို ကားဖြင့်ကြိတ်၍ သတ်ဖြတ်ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်း ပင်ကြီးလမ်းအား နီရဲသည့် သူရဲကောင်းများအတွက် ပန်းပင်နီလမ်းအဖြစ်ခေါ်တွင်ရန် စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအထွေထွေသ ပိတ်ကော်မတီ( GSC)က ကမ်ပိန်းပြုလုပ်သတ်မှတ်လိုက်ကြောင်း ကြေညာထားသည်။ mizzima

ကြည့်မြင်တိုင်ဖြစ်စဉ် ကမ္ဘာကို သက်သေထင် ရှားပြသလိုက်သည့် စစ်ကောင်စီ၏ အကြမ်း ဖက် လုပ်ရပ်ဖြစ်

ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  စစ်တပ်က ကားနဲ့ဝင်တိုက် ၊ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဟာ လူ့အ ခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာ ရာဇဝတ်မှုဖြစ်ရုံသာမက ကမ္ဘာကို သက်သေထင်ရှား ပြသလိုက်တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ 

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ကားနဲ့အရှိန်နဲ့ ဝင်တိုက်တယ်။ ပစ်ခတ်မှုတွေလည်း ဖြစ်တယ်ဆိုတာ ဒါ လူ့အခွင့်အရေးချိုးဖောက်ရုံတွေ မဟုတ်ဘူး။ ဒါ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ စစ်ကောင်စီက ပြောပြောနေတဲ့ စွပ်စွဲနေတဲ့ အကြမ်းဖက်လုပ် ရပ်တွေဟာ သူတို့ကိုယ်တိုင် လုပ်တယ်ဆိုတာ ကမ္ဘာကိုလည်း သက်သေထင်ရှား ပြလိုက်တဲ့ဖြစ်ရပ်ပဲလို့ ကျနော်ကတော့ ဒီလိုပဲ မှတ်ချက်ချပါတယ်ဗျာ”လို့ ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ကြည့်မြင်တိုင်ဖြစ်စဉ်ဟာ နိုင်ငံတကာ ရာဇဝတ်မှုမြောက်ပြီး  ကျူးလွန်မှုအတွက် ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ ပြောပါတယ်။ 

“ကြည့်မြင်တိုင် ဆန္ဒပြမှုရဲ့ ဖြစ်ပျက်မှုတွေက တကယ်ကို လူသားမဆန်တဲ့ လုပ်ရပ်တွေ လုပ်တယ်။ ကျမတို့ ခေါ်တဲ့ အကြမ်းဖက်သမားတွေရဲ့ အလုပ်ဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို ကျမတို့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရသလို ဒါ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ နိုင်ငံတကာဥပဒေကို ကျူးလွန်တာဖြစ်တဲ့အတွက်ကြောင့် ဒီသက်သေအထောက်အထားတွေကို နိုင်ငံတကာက မြင်စေချင်တယ်။ ဒါဟာတွေ ရာဇဝတ်မှု ကျူးလွန်ပါတယ်လို့လည်း လက်ခံစေချင်တယ်။ ပြီးလို့ရှိရင် ထိထိရောက်ရောက် နိုင်ငံတကာအနေနဲ့ အရေးယူမှုတွေလည်း လုပ်စေချင်ပါတယ်။ ”

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကလည်း  ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကိုကားနဲ့ ဝင်တိုက်ခိုက်ပြီး တိုက်ပွဲဝင်လက်နက်တွေနဲ့ လူမဆန်စွာ ပစ်ခတ်ဖြိုခွင်းတာဟာ လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့  ဆန့်ကျင်နေတဲ့အပြင် ကိုယ်တိုင်ရေးဆွဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်မြေပြင်မှာ ရန်သူကို ဖြိုခွင်းသလို ပြုမူနေတာဟာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတယ်ဆိုတဲ့  ဘယ်လို စံနှုန်းစံတန်းဖိုးနဲ့မှ  လုံးဝ ကိုက်ညီမှု မရှိတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့လည်း UNA ကထုတ်ပြန်ထားပါတယ်။ 

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို  ကားနဲ့တိုက်ပြီး အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုဟာ အကျည်းတန်တဲ့ စက်ဆုပ်ဖွယ်ဖြစ်ရပ်ဖြစ်ပြီး ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်ကိုင် အနိုင်ကျင့်လိုတဲ့ ဖုံးဖိမရတဲ့ အမူအကျင့်၊ အပြစ်မဲ့ ပြည်သူမှန်သမျှကို ကြိုက်သလို သတ်ဖြတ်နိုင်တယ်လို့ ခံယူထားတဲ့  စစ်တပ်ရဲ့ အင်မတန်နိမ့်ကျ၊ လူ့ကျင့်ဝတ်မဲ့မှုရဲ့  ပြယုဂ်တစ်ခုဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဟာ သတ္တိကြောင်ပြီး ယုတ်မာရိုင်းစိုင်းတဲ့ ပြစ်မှုမျိုးကို အရင်ကလည်း ကျူးလွန်ခဲ့ပြီး အခုတကြိမ် ငြိမ်းချမ်းစွာ ဆန္ဒပြတွေကို  ကားနဲ့တိုက်  သတ်ဖြတ်၊ ဖမ်းဆီးတာဟာ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့်  ပြင်းထန်စွာရှုတ်ချတယ်လို့လည်း NGU က ဆိုပါတယ်။ 

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ မနေ့ မနက်က  စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ကားတစ်စီးနဲ့ အရှိန်ပြင်းပြင်းဝင်တိုက်၊ သေနတ်နဲ့  ပစ်ခတ်အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ ကြည့်မြင်တိုင်ဖြစ်စဉ်မှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား ၂ ဦးက မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာစိုးရိမ်ရတာကြောင့် တပ်မတော်ဆေးရုံမှာ ကုသပေးထားတယ်လို့ ဖော်ပြထားပါတယ်။ DVB

မကွေးလေတပ်စခန်းတွင် မိနစ် ၃၀ ခန့်ကြာ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ဟုဆို

မကွေးတိုင်း၊ မကွေးမြို့ရှိ မကွေးလေတပ်စခန်းအတွင်း ယနေ့ ဒီဇင်ဘာလ ၆ရက် နံနက် ၈ နာရီဝန်းကျင်က မိနစ် ၃၀ခန့်ကြာသည်အထိ သေ နတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု လေတပ်စခန်းအနီးနေထိုင်သည့် ဒေသခံက မဇ္ဈိမကို ပြောသည်။ သို့သော်လည်း လေတပ်စခန်းအတွင်း မည်သည့်အတွက်ကြောင့် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ကို မသိရကြောင်း ထိုဒေသခံက ပြောသည်။

“သေနတ်သံတော့ ကြားရတယ်ဗျ။ များတော့များတယ်။ သူ့တို့ဟာသူတို့ ဖောက်နေတာလားမသိဘူး။ အရင်တုန်းကလည်း သူတို့အစမ်း လေ့ ကျင့်တာလိုလို ဘာလိုလိုနဲ့ တပ်ထဲမှာ ပစ်တာခတ်တာရှိတယ်” ဟု ယင်းလေတပ်စခန်းအနီးရှိ မကွေးမြို့ခံတစ်ဦးက ပြောသည်။ ယနေ့နံနက်ပိုင်း သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သော မကွေးလေတပ်စခန်းနှင့် ကပ်လျက်တည်ရှိသည့် မကွေးထောက်ပို့တပ်စခန်းမှလည်း ပြီးခဲ့သည်လထဲတွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သေးသည်။

“အရင်တစ်ခါတုန်းကတော့ မကွေးစုဆောင်းရေးတပ်ကပေါ့။ တပ်တွင်းထဲမှာပဲ ပစ်ပြီးတော့ စမ်းကြတယ်။ အဲလိုမျိုးတော့ရှိတယ်” ဟု မကွေးမြို့ခံက ပြောသည်။ လက်ရှိ မကွေးမြို့ပေါ်တွင် လမ်းသွားလမ်းလာ ပုံမှန်ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မကွေးလေတပ်စခန်းက စစ်သည် ၃၆ ဦးသည် လက်နက်များ ယူဆောင်၍ CDM ပြုလုပ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်လာခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်၏ အဖွဲ့ဝင်တစ်ဦး ပြောကြားချက်ကို ကိုးကားပြီး သတင်းနှင့် မီဒီယာကွန်ရက်က ဩဂုတ်လတွင် ရေးသားထားသည်။

မကွေးလေတပ်စခန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက် နံနက်ပိုင်းကလည်း ရှော့တိုက်ဒုံးနှင့် တစ်ကြိမ် ပစ်ခတ်ခံရပြီးနောက် ဩဂုတ်လ ၈ ရက်နေ့ကလည်း လေတပ်စခန်းထဲတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီးပျက်စီးခဲ့သည်။ mizzima

မအူပင်မြို့ ၌ ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား  ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ရဲ ၂ ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  

မအူပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်နားမှာရှိတဲ့ ယာဉ်ထိန်းရဲကင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ရာကနေ နှစ်ဘက် အပြန် အလှန်ပစ်ခတ်ကြရာမှာ ကင်းပုန်းဝပ်နေတဲ့ ရဲ ၂ ယောက် ထိမှန်ပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရဲ နှစ်ယောက် ထိတယ်။ တယောက်က  ခြေထောက်ကိုထိတယ်။ အဲဒါက နယ်ထိန်း နောက်တစ်ယောက်ကတော့ ဘယ်ထိလဲ သေချာမသိရဘူး။ ပြီးတာနဲ့ လူနာတင်ယာဉ်ကို အသံရော မီးရော ပိတ်ပြီး လာတင်ခေါ်သွားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။ 

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ထိမှန်ခဲ့တဲ့ ရဲ ၂ ယောက်ဟာ မအူပင်မြို့မရဲစခန်းက အမှတ် ၇ နယ်ထိန်း ချစ်ကောင်းဆိုသူနဲ့ နောက်ရဲတပ်သားတဦးတို့ ဖြစ်ကြပါတယ်။

မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေတဲ့ နေရာကို လာပစ်တာ ပထမဆုံးဖြစ်ပြီး ပုသိမ်မြို့မှာတော့ ပြီးခဲ့တဲ့ အောက်တို ဘာလပိုင်းက ယာဉ်ထိန်းရဲကင်းကို ဝင်ပစ်ခတ်မှုကြောင့် ယာဉ်ထိန်း ရဲ ၂ ယောက် သေဆုံးခဲ့ပါတယ်။ DVB

ကျီစုကျေးရွာက ဒလန်ဆိုသူ လင်မယားကို ပစ်သတ်ခဲ့ကြောင်း ကြို့ပင်ကောက် PDF ထုတ်ပြန်

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ကျီစုကျေးရွာက ဒလန်ဆိုသူ လင်မယားကို ပစ်သတ်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ယမန်နေ့ည ၇ နာရီခွဲတွင် ကြို့ပင်ကောက်မြို့နှင့် တစ်မိုင်ခွဲအကွာ ကျီစုကျေးရွာရှိ စစ်ကောင်စီ သတင်းပေး စိုးဝင်း(ခ)ဘိုစိုးကိုနှင့် ဇနီးဖြစ်သူ မဌေးမြင့် တို့ကို ၎င်းတို့၏ အရက်ဆိုင်အတွင်း သေနတ်ဖြင့် ရှစ်ချက်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကြို့ပင်ကောက် PDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ရပ်ကျေး ဥက္ကဌဟောင်းကို သူတို့ကိုယ်တိုင် ဖမ်းဆီးပေးဖူးပါတယ်။ စစ်ကောင်စီကို ခေါ်လာပြီး အရက်တိုက် ကျွေးမွေးတာ ရပ်ကျေးမှာ သေ နတ်ပစ် ခြောက်လှန့်တာတွေ ရှိပါတယ်။ ပထမ တစ်ခါလည်း သတိပေးတဲ့နေနဲ့ ဗုံးပစ်ခဲ့ပါတယ်။ ရွာထဲ ဆဲဆိုကြိမ်းမောင်းတာတွေက အစ အ ရမ်းဆိုးဝါးနေလို့ ရှင်းလင်းခဲ့တာပါ” ဟု ကြို့ပင်ကောက်မြို့နယ် PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကြို့ပင်ကောက်မြို့နယ် PDF အနေဖြင့် မတရား အာဏာသိမ်းထားသော စစ်ကောင်စီ၏ အကြမ်းဖက် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ၏ ထောက်တိုင်များအား အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်သူ့ခုခံစစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ၊ ဗုံးပေါက်ကွဲသည့် နေရာများသို့ သွားရောက်စပ်စု ကြည့်ရှူခြင်းများ၊ စစ်ကောင်စီ လက်ပါးစေတပ်များနှင့် နီးကပ်စွာ နေထိုင်ခြင်းများအား အထူးဂရုပြု ရှောင်ကြဉ်ကြပါရန် ကြို့ပင်ကောက်မြို့နယ် PDF က မေတ္တာရပ်ခံ ထားသည်။ mizzima

ကန့်ဘလူမြို့နယ်က တိုင်း/လွှတ်တော်ကိုယ် စားလှယ်တစ်ဦး နေအိမ် ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ် ရဲ့နေအိမ်ကို ဒီဇင်ဘာလ ၄ ရက် နေ့လယ်ပိုင်းမှာ အင်အား ၁၀ ဦး ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေက ဗီနိုင်းဆွဲ ချိတ်ပိတ်သွားတယ်လို့ အဆိုပါကိုယ်စားလှယ်က အတည်ပြုပြောပါတယ်။

“ကျနော့်အိမ် ချိပ်ပိတ်သွားတယ်ဆိုတာ ရွာခံတွေပြောလို့ သိရပါတယ်။ ‌ဒီလိုဖြစ်လာမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်လို့ ဘာမှတော့ စိုး ရိမ်စိတ်မရှိပါဘူး။ မိသားစုကိုလည်း ဘေးလွတ်ရာ ရှောင်ခိုင်းထားပြီးသားပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

ဦးနေဇင်လတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ အမှတ် ၂ မဲဆန္ဒနယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး၊ PDF တပ်ဖွဲ့နဲ့ ပတ်သက်ဆက်သွယ်တယ်လို့ဆိုကာ စစ်ကောင်စီက နေအိမ်ကို ချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။ 

နိုဝင်ဘာလလယ်ပိုင်းကလည်း ‌ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန်ရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးကာလအတွင်း ကန့်ဘလူမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူ ၆ ဦးအထိ ပစ်ခတ်သတ်ဖြတ်ထားသလို ၅၀ ကျော်ကိုလည်း ဖမ်း ဆီး ထားတယ်လို့  သိရပါတယ်။ DVB

« Older Entries