မအူပင်မြို့ ၌ ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား  ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ရဲ ၂ ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။  

မအူပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်နားမှာရှိတဲ့ ယာဉ်ထိန်းရဲကင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ရာကနေ နှစ်ဘက် အပြန် အလှန်ပစ်ခတ်ကြရာမှာ ကင်းပုန်းဝပ်နေတဲ့ ရဲ ၂ ယောက် ထိမှန်ပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရဲ နှစ်ယောက် ထိတယ်။ တယောက်က  ခြေထောက်ကိုထိတယ်။ အဲဒါက နယ်ထိန်း နောက်တစ်ယောက်ကတော့ ဘယ်ထိလဲ သေချာမသိရဘူး။ ပြီးတာနဲ့ လူနာတင်ယာဉ်ကို အသံရော မီးရော ပိတ်ပြီး လာတင်ခေါ်သွားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။ 

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ထိမှန်ခဲ့တဲ့ ရဲ ၂ ယောက်ဟာ မအူပင်မြို့မရဲစခန်းက အမှတ် ၇ နယ်ထိန်း ချစ်ကောင်းဆိုသူနဲ့ နောက်ရဲတပ်သားတဦးတို့ ဖြစ်ကြပါတယ်။

မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေတဲ့ နေရာကို လာပစ်တာ ပထမဆုံးဖြစ်ပြီး ပုသိမ်မြို့မှာတော့ ပြီးခဲ့တဲ့ အောက်တို ဘာလပိုင်းက ယာဉ်ထိန်းရဲကင်းကို ဝင်ပစ်ခတ်မှုကြောင့် ယာဉ်ထိန်း ရဲ ၂ ယောက် သေဆုံးခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s