ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ ကရင်၊ မန္တလေး၊ ပဲခူးတို့တွင် အုပ်ချုပ်ရေးမှူးများ၊ ကြံ့ ခိုင်ရေးပါတီဝင်၊ သတင်းပေး ဟု စွပ်စွဲခံရသူ ၁၁ ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ ၁၁ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သတ်ဖြတ်ခံရသူများတွင် သတင်းပေးဆိုသူများသည် သတင်းပေးဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပါ။

ညောင်တုန်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းသူ ပစ်သတ်ခံရ

===============================================

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ အမှတ်(၇) ရပ်ကွက် စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး မင်းသူကို ဒီဇင်ဘာလ ၄ ရက်နေ့ ည၆နာရီ ၃ဝမိနစ်တွင် အမည်မသိ သေနတ်သများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။ အဆိုပါ အုပ်ချုပ်ရေးမှူး မင်းသူသည် သေနတ်ကျည်ဆံနှလုံးကို ဖောက်ဝင်ကာ ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းသည် ညောင်တုန်းမြို့ အမှတ် ၇ရပ်ကွက်ရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ စစ်ကောင်စီကို သတင်းပေးနေသူဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဒဂုံတောင်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး သန့်ဇင်နှင့် ဇနီး ဇင်ဇင်သိုက်တို့ ပစ်ခတ်ခံရကာ ဇနီးဖြစ်သူ ပွဲချင်းပြီးသေဆုံး

==================================================================================

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရတနာပုံလမ်းထောင့်တွင် ဒီဇင်ဘာလ ၄ရက်နေ့ မွန်းလွဲ ၂နာရီ ၁ဝမိနစ်ခန့်က ဆိုင်ကယ် စီးလာသော အကြမ်းဖက် စစ်ကောင်စီခန့် ရာအိမ်မှူး သန့်ဇင်နှင့် ဇနီး ဇင်ဇင်သိုက်တို့ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ ရာအိမ်မှူး ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၃၃) ရပ်ကွက် ရာအိမ်မှူးဖြစ်ပြီး ဒဂုံအရှေ့မှ ဒဂုံတောင်သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယင်း ပစ်ခတ်မှုဖြစ်စဉ်တွင် သန့်ဇင်သည် ဝဲလက်ဖျံထိမှန်ဒဏ်ရာရရှိခဲ့ပြီး အတူစီးနင်းလာသူ ဇင်ဇင်သိုက်မှာ ဝဲဖက် ရင်အုံ ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ကြီးတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ သန်းနိုင်ဦး ပစ်သတ်ခံရ

==============================================================

ရန်ကုန် တိုက်ကြီးမြို့နယ် ဈေးရပ်ကွက် မုတ်သုန် ၁ လမ်းတွင် ဒီဇင်ဘာလ ၅ရက်နေ့ နံနက် ၁၁နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ သန်းနိုင်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သန်းနိုင်ဦးသည် သေနတ်သမား ရောက်ရှိလာသည်ကို သိရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ၎င်း၏ မိန်းမဖြစ်သူ နေထိုင်ရာ တာခွလမ်းဆင်း ပုတ္တရွာသို့ သွားရောက်နေစဉ် လမ်းတစ်နေရာ၌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ကြည့်မြင်တိုင်တွင် ဆန္ဒပြ လူငယ်များကို စစ်တပ်က ကားဖြင့် တိုက်သတ်ခဲ့သော စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး သတင်းဒလန်ဟု သတ်မှတ်ခံရသူ မင်းမင်း ပစ်သတ်ခံရ

=============================================================================================

ရန်ကုန် ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ကားနှင့် တိုက်သတ်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့်ပတ်သက်ပြီး သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ မင်းမင်းကို ဒီဇင်ဘာလ ၅ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်က အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ သေဆုံးသူ မင်းမင်းသည် ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူဖြစ်ပြီး ဓမ္မာရုံဘေးတွင် ဝိုင်းဖွဲ့ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ သေနတ်ဒဏ်ရာနှစ်ချက် ထိမှန်ခဲ့ပြီး ဦးခေါင်းပွင့်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဘုရားသုံးဆူတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မျိုးအောင် ပစ်သတ်ခံရ

======================================================

ကရင်ပြည်နယ် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူရှိ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးဇော်မျိုးအောင် ယနေ့ ဒီဇင်ဘာလ ၆ရက်နေ့ နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇော်မျိုးအောင်ကို ချောင်းဆုံကျေးရွာရှိ ၎င်းနေအိမ်ရှေ့တွင် သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်ကျည်ဆံ ၃ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ရေစကြိုတွင် စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသည့် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ ရွှေလင်း ဓားဖြင့် ထိုးခံရကာ ပွဲချင်းပြီး သေဆုံး

=============================================================================================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် စစ်ကောင်စီ သတင်း ပေးဒလန်ဟု သတ်မှတ်ခံရသူ ရွှေလင်းကို ဒီဇင်ဘာလ ၅ရက်နေ့တွင် Y. S.O NO.1 ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အဆိုပါ သေဆုံးသူ ရွှေလင်းကို Y. S.O NO.1 ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းကိုယ်တိုင် ဝန်ခံခဲ့ခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကို Y.S.O NO.1 ပြောက်ကျားတပ်၊ Phoenix-အထူးပြောက် ကျားတပ်ဖွဲ့၊ Y.L.K-ပြောက်ကျားတပ်နှင့် Y.L.K-ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Y. S.O NO.1 ပြောက် ကျားတပ်ဖွဲ့က သိရသည်။

ထီးချိုင့်တွင် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ မိုးအောင် ပစ်သတ်ခံရ

===========================================================

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံရွာတွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ မိုးအောင်ကို MTF-9 မဟူရာ ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း MTF-9 မဟူရာ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ သေဆုံးသူ မိုးအောင်သည် ထီးချိုင့်မြို့ ကြက်သွန်ခင်းအရပ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ထီးချိုင့်နယ် အတွင်းရှိ မူးယစ်ဆေးဝါး သမားများ၊ သစ်မှောင်ခို၊ နွားမှောင်ခို စသည့် တရားမဝင် မှောင်ခိုလုပ်ငန်းများထံမှ အခကြေးငွေများ ကောက်ခံနေသူဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ နီနီရွှေ ပစ်သတ်ခံရ

=========================================================================

ရန်ကုန် မြောက်ဥက္ကလာ (င)ရပ်ကွက်တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ နီနီရွှေကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ သေဆုံးသူ နီနီရွှေသည် (င) ရပ်ကွက်၊ သန္တာ ၁၃လမ်း ကန်ဘောင်အနီးတွင် သေနတ် ၅ချက်ပစ်ခတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၎င်းသည် မတ်လအတွင်းက မြောက်ဥက္ကလာ သပိတ်စစ်ကြောင်းများဖြစ်သော ကန်သာယာနှင့် နွယ်နီ သပိတ်များကို ဖြိုခွင်းရန် အကြမ်းဖက် စစ်ကောင်စီကို သတင်းပေးခဲ့သောကြောင့် ပြည်သူများက ဝိုင်းဝန်း ကတုံးတုံးခဲ့သူဖြစ်ကြောင်း သိရသည်။

ထန်းတပင် မြို့နယ် ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး လှအောင် ပစ်သတ်ခံရ

=================================================

ရန်ကုန် ထန်းတပင်မြို့နယ်တွင် ဒီဇင်ဘာလ ၄ရက်နေ့ ညနေ ၃နာရီခန့်၌ ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး လှအောင်ကို အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၄ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။သေဆုံးသူ လှအောင်သည် ရေစိုရွာနှင့် ခနောင်မော်ရွာကြား လယ်ကွင်းသွားသည့် တာပေါ်တွင် ပစ်ခံရခြင်းဖြစ်ပြီး သေဆုံးသူသည် ရေစိုကျေးရွာတွင် နေထိုင်သူဖြစ်ကာ ရွာရှိ လူငယ်များကို နိုင်ငံရေးလုပ်ဆောင်လျှင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို သတင်းပေးမည်ဆိုကာ ခြိမ်းခြောက်နေသူဖြစ်ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

ကျီစုရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ စိုးဝင်းနှင့်ဌေးမြင့်တို့ ပစ်သတ်ခံရ

===============================================================================

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ကျီစုကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသူ စိုးဝင်းနှင့် ဌေးမြင့်တို့ ဇနီးမောင်နှံကို ဒီဇင်ဘာလ ၅ရက်နေ့ ည၇နာရီ ၃ဝမိနစ်တွင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါ ဇနီးမောင်နှံသည် ကြို့ပင်ကောက်မြို့နှင့် တစ်မိုင်ခွဲအကွာ ကျီစုကျေးရွာရှိ ၎င်းတို့၏ အရက်ဆိုင်အတွင်း သေနတ်ဖြင့် ၈ချက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကို ဖမ်းမည်ဟု ကြုံးဝါးသူ ကြံ့ခိုင်ရေးပါတီ ကျော်သင်း ပစ်ခတ်ခံရ =============================================================================

မန္တလေး ၈၆လမ်း ဗိုလ်အိမ် မီးပွိုင့် အနောက်ဖက် ဒေါနခြံရပ်ကွက်တွင် မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကို ဖမ်းမည် ကြုံးဝါးသူ အကြမ်းဖက် စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသော ကျော်သင်းကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဇွဲအောင် လက်ဖက်ရည်ဆိုင်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ကျော်သင်းသည် ဦးခေါင်းကို ပစ်ခတ်ခံရခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံရယူနေကာ သေဆုံးနိုင်ချေများကြောင်း ဒေ သခံပြည်သူများက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s