Monthly Archives: Dec 2021

လက်နက်မဲ့ အရပ်သားများအပေါ် စစ်တပ်၏ အင်အားအလွန်အကျွံသုံး ဖြိုခွင်းမှု ရပ်တန့်ရေး ကုလ တောင်းဆို

မြန်မာတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များက ကားဖြင့် အတင်းဝင်ဆောင့်တိုက် ဖမ်းဆီးဖြိုခွင်းခဲ့မှုကြောင့် ဆန္ဒပြသူငါးဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ပြည်တွင်းမီဒီယာသတင်းဌာနများ၏ ဖော်ပြမှုများ ထွက်ပေါ်ခဲ့ပြီးနောက် လက်နက်မဲ့ အရပ်သားများအပေါ် အင်အားအလွန်အကျွံ အသုံးပြုသည့် မည်သူမဆို ၎င်းတို့လုပ်ရပ်အတွက် တာ ဝန်ခံရစေရေးအတွက် ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

ဆိုရှယ်မီဒီယာပေါ် တက်လာခဲ့သည့် ဓာတ်ပုံ၊ ဗီဒီယိုများအရ ရန်ကုန်တွင် ဒီဇင်ဘာ ၅ ရက်က စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူအုပ်စုတစ်စုကို အရှိန်တင်မောင်းလာသည့် စစ်ကားတစ်စီးက အတင်းဝင်တိုက်ပစ်ခဲ့သည်ကို တွေ့မြင်ရပြီး ယင်းနောက် လမ်းပေါ်တွင် လဲကျနေသူ များကို တွေ့ခဲ့ရသည်။ လူဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ရိုက်တာကို ပြောသည်။

“လက်နက်မဲ့ အရပ်သားပြည်သူတွေအပေါ် အင်အားအလွန်အကျွံ သုံးမှု၊ မမျှတတဲ့ အင်အား အသုံးပြုမှုတို့အတွက် တာဝန်ရှိသူတွေ တာဝန်ခံရမှု ရှိအောင် လုပ်ရပါလိမ့်မယ်” ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးမှ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ ရာမန်နေသန် ဘလာခရစ်ရှ်နန်က ထုတ်ပြန်ပြောဆိုသည်။

ယမန်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ဆန္ဒပြသူအုပ်စုတစ်စု စတင်ချီတက်ပြီး မိနစ်ပိုင်းအတွင်း အဆိုပါ ဖြိုခွင်းခံရမှုဖြစ်စဉ် ဖြစ်ပွားခြင်းဖြစ်ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြသည်။ ယင်းဖြစ်စဉ်တွင် လူငါးဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်ဟု ယင်းက ဖော်ပြသည်။

သို့သော် စစ်ကောင်စီ ထိန်းချုပ်သည့် Global New Light of Myanmar သတင်းစာက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားမဝင်သော ဆူပူဆန္ဒပြမှုတစ်ခုကို လူစုခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆန္ဒပြသူရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။ သုံးဦး ဒဏ်ရာရကြောင်း ယင်းက ဖော်ပြခဲ့သော်လည်း သေဆုံးမှု နှင့်ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။ ဖမ်းဆီးခံထားရသူများသည် ဥပဒေအရ အရေးယူမှုကို ရင်ဆိုင်ရမည်ဟု ယင်းက ဖော်ပြထားသည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်စောင်တွင် လုံခြုံရေးတပ်ဖွဲ့များက ငြိမ်းချမ်းစွာ ဆန္ဒပြသူအချို့ကို သေနတ်ဖြင့် ပစ်ခတ်၊ ကားဖြင့် ဝင်တိုက်၊ သတ်ဖြတ်ခဲ့သည် ဆိုသည့် သတင်းများကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း ထုတ်ဖော်ထားသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့များ၏ လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူ ၁,၃၀၀ ကျော် သေဆုံးခဲ့သော်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ ဆက်လက်ဖြစ်ပေါ်နေသည်။ mizzima

မကွေးလေတပ်စခန်းက တိုက်လေယာဥ်များ ဆက်တိုက်ပျံတက်၊ ပစ်ခတ်သံများထွက်ပေါ်

မကွေးလေတပ်စခန်းမှာ ဒီဇင်ဘာ ၆ ရက်နေ့မနက်ပိုင်းက တိုက်လေယာဥ်တွေ ဆက်တိုက် ပျံတက်ပြီး ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်မှာ ဒီကနေ့မနက် ၇ နာရီကျော်လောက်က ပစ်ခတ်သံ အချက် ၃‌ေ လောက်ကြားရပြီး တိုက်လေယာဥ်တွေလည်း ဆက်တိုက်ပျံတက်နေတယ်လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

“လေတပ်ထဲက ပစ်ခတ်သံ အချက် ၃၀ လောက်ကြားရတယ်။ ကျနော်တို့ အိမ်နဲ့က နီးနီလေးဆိုတော့ ကြောက်နေကြတာ။ လေတပ်နားက ပြည်သူလူထုတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။ အဲဒီလေတပ်က တိုက်လေယာဥ်တွေ မကြာခဏပျက်ကျလို့ ပြည်သူတွေအသက် ဆုံးရှုံးတာတွေရှိသလို အဆောက်အဦတွေ ထိခိုက်ပျက်စီးတဲ့ ဖြစ်စဥ်တွေလည်းရှိတယ်။” 

ဒီဇင်ဘာ ၅ ရက်နေ့ကလည်း တိုက်လေယာဥ်တွေ ၆ စီးလောက် ပျံတက်ပြီး မကွေးမြို့ပေါ်ကနေ ဝဲနေပြီး ၂ နာရီခြား တစ်ခါလောက် ဆက် တိုက် အတက်အဆင်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလေတပ်စခန်းကို သြဂုတ် ၈ ရက်နေ့ကလည်း ဗိဿနိုး PDF နဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး လက်နက်သိုလ်လှောင်ရုံကို ဗုံးခွဲတိုက် ခိုက်ခဲ့သလို ဧပြီ ၂၉ ရက်နေ့ကလည်း မကွေး ပြည်သူတော်လှန်ရေးအင်အားစု PRA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ DVB

နွားထိုးကြီးမြို့နယ်တွင် ပျူစောထီးခေါင်း ဆောင်နှင့် အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦး ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်ဆောင်ဆိုသူ အပါအဝင် ငါးဦး သည် ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်တွင် အစည်းအဝေးလုပ်နေစဥ် ယမန်နေ့ ည၇နာရီ ၃၀မိနစ်အချိန်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“နွားထိုးကြီးမှာ ဒီကောင်တွေက PDF အိမ်တွေလိုက်ပြတယ် ။ အဲ့ရွာမှာဆိုရင် သူတို့က ပျူစောထီးတွေဖွဲ့ပြီး သီးသန့်ကို နေနေတာ၊ စစ်ကောင် စီကနေ သေနတ်တွေသွားငှားပြီး သေနတ်တွေလည်း ယူထားတယ်။ မနေ့ညကတော့ ရန်ကုန်အတွက်ဆိုပြီး ဝင်ပစ်တာဒီကောင်တွေကို အ ချက် ၁၀၀ လောက်ပစ်လိုက်တယ်။

သုံး ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ နှစ်ယောက်က လွတ်သွားတယ်”ဟု 27 Revolution Forces အဖွဲ့၏ တာ၀န်ရှိသူက ပြောသည်။ အဆိုပါ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်တွင် ညစဥ် အစည်းအဝေးလုပ်သည်ဟု ကြားသိရသည့်အတွက် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ၎င်းကဆိုသည်။ အဆိုပါပစ်ခတ်မှုကို 27 Revolution Forces အဖွဲ့နှင့် Natogyi Regional PDF အဖွဲ့တို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ mizzima

အင်တာနက်ဖြတ်ခံထားရသည့် ဖားကန့်တွင် MPT ဖုန်းလိုင်း ထပ်မံဖြတ်တောက်

အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ သုံးလကျော်ရှိပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီကနေစပြီး MPT ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

“ဟုတ်တယ် MPT ဖုန်းတွေက ဒီမနက်မှာ MPT ဖုန်းခေါ်ကြည့်တော့ Call Field ဖြစ်နေတာ၊ မသင်္ကာလို့ ဖုန်းလိုင်းပြန်ကြည့်လိုက်မှ လိုင်းအ ကုန်ပျောက်နေတယ်၊ လုံးဝ ခေါ်မရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ယခင်က MPT၊ Telenor၊ Oredo၊ Metel  ဖုန်းလိုင်းတွေ ရရှိနေတာဖြစ်ပြီး နေရာတချို့မှာတော့ Mytel ဆင်းကတ်သုံးသူတချို့ အင်တာနက် အသုံးပြုလို့ရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲဲ့ရပြီး ဒီနေ့မနက်အစောပိုင်းမှာ MPT ဖုန်းလိုင်းတွေ ထပ်မံဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုလို MPT ဖုန်းလိုင်းတွေဖြတ်တောက်မှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့ မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဌာနကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။ DVB

MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း​၏ကျန်းမာ​ရေးအ​ခြေအ​နေအား ဆရာ ဝန်မှတစ်ဆင့်သာ သိခွင့်ရ၊ ယခုအချိန်ထိ မိ သားစုနှင့်​​ပေးမ​တွေ့

ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင် ပန်းပင်ကြီးလမ်းတွင် ယမန်​နေ့က ပြုလုပ်ခဲ့​သော ရန်ကုန်လူထုသပိတ်၌ သတင်းလိုက်ပါ ရယူရင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့​သော MPA ၏ သတင်း​ထောက် မမှူးရတနာခက်မို့မို့ထွန်း၏ လက်ရှိကျန်းမာ​ရေးအ​ခြေအ​နေကို မိသားစုဝင်များက မျက်မြင်ကိုယ်​တွေ့ မသိရှိရဘဲ ဆရာဝန်မှ တစ်ဆင့်သာ ကြားသိရ​သည်ဟု ဆိုသည်။

“မ​နေ့ညထဲက ပျံ့နေတဲ့ မမှူး​သေပြီဆိုတာ သတင်းအမှား​​တွေပါ။ ညတွင်းချင်း ရန်ကုန်ကအမျိုး​တွေ​ဆေးရုံလိုက်သွားပြီး​ တွေ့ဖို့ကြိုးစား​တော့ မနက်မှ​တွေ့ခွင့်​ပေးမယ်​ပြောတယ်။ မနက်ကလိုက်သွား​တော့ ဆရာဝန်နဲ့ပဲ​ တွေ့ခွင့်ရခဲ့တယ်။ မမှူးရဲ့ ဦး​ခေါင်းကွဲဒဏ်ရာကိုချုပ်ထားတယ်။ စီတီ စကန်-Computed tomography (ရောဂါရှာဖွေစစ်ဆေးခြင်း) ရိုက်မယ်။ ​နောက်ဆုံးသိရတာ ဒီ​လောက်ပါပဲ”ဟု သူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

သတင်း​ထောက် မမှူးရတနာခက်မို့မို့ထွန်းကို​ အမှတ် (၂) စစ်​ဆေးရုံ၌ ​ဆေးကုသမှုခံယူခွင့်ပြုထား​သော်လည်း လက်ရှိအချိန်ထိ​​ မိသားစုဝင်များနှင့် ​တွေ့ ခွင့်မ​ပေး​သေး​ကြောင်း ထပ်မံကြားသိရသည်။

MPA မှ သတင်း​ထောက်နှစ်ဦးဖြစ်သည့် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့သည် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့​သော ကြည့်မြင်တိုင်ဖြစ်စဉ်တွင် ဆန္ဒပြသပိတ်မှောက်ရာနေရာသို့ ရောက်ရှိ သတင်းရယူ တာ ဝန် ထမ်းဆောင်နေစဉ်အတွင်း စစ်​ကောင်စီတပ်သားများ၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံရရာမှ ပြင်းထန်​သော ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။ mizzima

မတ္တရာမြို့နယ် ဆင်ရွာ နှင့် သုံးဆယ်ပေးရွာကြား စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆင်ရွာ နဲ့ သုံးဆယ်ပေးရွာကြားမှာ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းကို လုံခြုံရေးယူပြီး ပြန်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက “ထိခိုက်ဒဏ်ရာရတာ တိတိကျကျမသိရဘူး။ နှစ်ရွာကြားမှာ ဖြစ်တာဆိုတော့။ စစ်ကောင်စီဘက်က နှစ်ယောက် သေတယ်ဆိုပြီးလည်း ပြောကြားတယ်။ ဘယ်သူမှတော့ မျက်မြင်တွေ့တာမရှိဘူး။ ပစ်ခတ်မှုဖြစ်တာတော့ သေချာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အလုပ်က ဆိုင်ကယ်နဲ့ ပြန်လာတဲ့ လူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ DVB

အာဆီယံအစည်းအဝေးများ၌ မြန်မာစစ်ကောင်စီကို ဖိတ်ကြားသင့်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းအနေဖြင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။ ထို့ပြင် အာဆီယံအစည်းအဝေးများသို့ အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူများကို ဖိတ်ကြားသင့်သည်ဟုလည်း ၎င်းက ပြောဆိုသွားခဲ့သည်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုတွင် အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် မြန်မာ၏ ရပ်တည်မှုသည် အများအာ ရုံစိုက်စရာ ဖြစ်ခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဘရူနိုင်းက အိမ်ရှင်အဖြစ် ကမကထပြုကျင်းပသည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ကြားခံခဲ့ရခြင်း မရှိပေ။

သို့ရာတွင် ကမ္ဘောဒီးယားအနေဖြင့် လာမည့်နှစ်အတွက် အာဆီယံအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒေသတွင်းအုပ်စု၏ အိမ်ရှင်နိုင်ငံအဖြစ် ကမကထပြုဆောင်ရွက်မည်ဖြစ်ရာ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ကိုယ်စားပြုမည်ဟု ဟွန်ဆန်က ဒီဇင်ဘာ ၆ ရက်တွင် ရိုးတိုး ရိပ်တိပ်ပြောဆိုခဲ့သည်။

“ဒါက အာဆီယံရဲ့ မိသားစုဝင်တစ်နိုင်ငံဖြစ်ပါတယ်၊ သူတို့အနေနဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့ အခွင့်အရေး ရှိရပါလိမ့်မယ်” ဟု ဟွန်ဆန်က တရုတ်ငွေကြေးထောက်ပံ့သည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုအတွက် ဖွင့်ပွဲအခမ်းအနားတစ်ခုအတွင်း ပြောခဲ့သည်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးသည် အင်္ဂါနေ့တွင် ကမ္ဘောဒီးယားသို့ လာရောက်ရန် ရှိနေသလို ဟွန်ဆန်က ၎င်းသည်လည်း မြန်မာသို့ မကြာမီ သွားရောက်နိုင်ခြေ ရှိသည်ဟု မှတ်ချက်စကားများထဲတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

“ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အတူ အလုပ်လုပ်ဖို့အတွက် သူနဲ့ တွေ့ဖို့ ကျွန်တော် နေပြည်တော်သွားဖို့နဲ့ပတ်သက်လို့ အားကောင်းတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိပါတယ်၊ တကယ်လို့ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ပိုင်းနဲ့ အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့အတူ လုပ်နိုင်မှာလဲ” ဟု ဟွန်ဆန်က ပြောခဲ့သည်။

ဟွန်ဆန်သည် အာဆီယံ၏ ကာလရှည် စွဲကိုင်ထားသည့် တစ်နိုင်ငံ၏ ပြည်တွင်းရေး ဝင်မစွက်ရေးဆိုသည့် ကွန်ဗန်းရှင်းကို ရည်ညွှန်းပြောဆိုခဲ့ပြီး “အာဆီယံ ပဋိညာဉ်အောက်မှာ ဘယ်သူကမှ အခြားအဖွဲ့ဝင်နိုင်ငံကို ထုတ်ပယ်ခွင့် မရှိပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို မင်းအောင် လှိုင် ဦးဆောင်သည့် စစ်တပ်က ဖြုတ်ချပြီး မတရားအာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံသည် အကျပ်အတည်းတွင်း ကျရောက်နေခဲ့သည်။ mizzima

နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး စစ်သား၂၃ ဦးသေဆုံး၊ ခရမ်းတွင် ရဲ ၃ ဦး မိုင်းထိ၍ သေဆုံး

မန္တလေး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် 27 Revolution Forces နှင့် Natogyi People Defence Force တို့က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရကြောင်း 27 Revolution Forces က သတင်းထုတ်ပြန်သည်။

“နွားထိုးနယ်၊ ကျောက်တန်းရွာ လမ်းဆုံမှာ စစ်ခွေးတွေကို ကျနော်တို့ ၆ လုံးမိုင်းနဲ့ ၂ ခါဆွဲပြီး တိုက်တာ” ဟု 27 Revolution Forces က ပြော ဆိုသည်။အလားတူ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ ရဲစခန်းနှင့် ပညာရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ခ ရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၅ ရက် ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် အဝေးထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

`ခရမ်းသွေးမအေးဘူး၊ သမိုင်းမရိုင်းဘူးဆိုတာ ပြတာ၊ မကြေညာဘူး တကယ်ဗျင်းတာ ခရမ်း။ ပြီးတော့ ကြည်မြင့်တိုင်အတွက်လည်း သွေးကြွေးပြန်တောင်းတာပါ´ ဟု ခရမ်း PDF တာဝန်ရှိသူတစ်ဦးက Khayan Channel သို့ ပြောဆိုသည်။khit thit

ဘန်ကောက်တွင် ၁၃ နှစ်ကြာ ကျွန်ပြုခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၁ ဦးအား ကယ်တင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိက နေအိမ်တအိမ်မှာ  ၁၃ နှစ်ကြာ အိမ်ဖော်လုပ်ခဲ့ရပြီး လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့  မြန်မာအမျိုးသမီး တယောက်ကို  အလုပ်သမားကူညီရေးအဖွဲ့နဲ့ ထိုင်းတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က သွားရောက်ကယ်ထုတ်ခဲ့ကြပါတယ်။ 

အဆိုပါအမျိုးသမီးဟာ ဘန်ကောက်၊ ဆွန်လုံနယ်မြေ၊ လမ်းသွယ် ၁၁ ဖကားမာတ့်ဆ် အိမ်ရာရှိ နေအိမ်တအိမ်မှာ  အိမ်ဖော်အဖြစ်နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး အပြင်ထွက်ခွင့်မရ၊ လစာလည်းမရကြောင်း တာဝန်သိပြည်သူတွေက LPN အလုပ်သမား အရည်အသွေးမြှင့်တင်ရေး ကွန်ယက် ဖော်ဒေးရှင်းအဖွဲ့ကို တိုင်ကြားခဲ့တာပါ။ 

အဆိုပါအဖွဲ့ကလည်း DSI အထူးမှုခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထံပြန်ဆက်သွယ်လာတာကြောင့် စုံစမ်းစစ်ဆေးပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် နေ့က လူကုန်တားရဲတပ်ဖွဲ့နဲ့အတူ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ထိုင်း DSI ညွှန်ကြားရေးမှူး နိုင်းတရိုင်းရိုတ် တိမ်းဟိဝုန်း က သတင်း ထောက်တွေကို ပြောပါတယ်။

သူတို့ရောက်သွားချိန်မှာ  အသက် ၂၆ နှစ်ခန့် အရွယ်ရှိ အမျိုးသမီးဟာ  ကြောက်ရွံ့အားငယ်တဲ့ပုံစံနဲ့ သူ့ကိုဒီကနေအမြန်ခ ခေါ်ထုတ်သွားဖို့ တောင်းဆိုနေတဲ့အကြည့်တွေနဲ့ ကြည့်နေကြောင်း၊ သူဟာ အဆိုပါအိမ်မှာ အိမ်ဖော်လုပ်နေတာ ၁၃ နှစ်ကျော်ပြီဖြစ်ကာ စရောက်တဲ့နေ့ ကိုတော့ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

အဲဒီအိမ်မှာ အလုပ်စလုပ်ကတည်းက လစာတစ်ခါမှ မရဖူးသလို ဘယ်မှလည်းသွားခွင့်မရှိကြောင်း၊ ဒါကြောင့် ဒီအမှုဟာ  လူကုန်ကူးမှု၊ အဓမ္မ လုပ်အားစေခိုင်းမှု၊ ခေတ်သစ်ကျွန်ပြုမှုတွေနဲ့ ပတ်သက်တယ်လို့ DSI တာဝန်ရှိသူက ပြောပါတယ်။ 

ဘယ်သူမဆို လူကုန်ကူးခံရ၊ မတရားခိုင်းစေခံရ၊ နှိပ်စက်ခံနေရ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေရှိရင်  ဘန်ကောက် ရတ်ဆီနယ်မြေ ထောင်းလော်ရပ်ကွက် ကျဲင့်ဝပ်ထနလမ်း အမှတ် ၁၂၈ ရှိ DSI ရုံးကိုလည်းကောင်း အရေးပေါ်ဖုန်း ၁၂၀၂ ကိုလည်းကောင်း ဆက်သွယ်အကူအ ညီတောင်းနိုင်တယ်လို့ ဆို ပါတယ်။ DVB

ခရမ်းမြို့ မြို့မရဲစခန်းနှင့် ပညာရေးမှူးရုံး မိုင်းခွဲခံရ၊ ရဲ ၃ ဦး သေဆုံးဟု ခရမ်းပြည်သူ့ကာ ကွယ်ရေးတပ်ဆို

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် မြို့မရဲစခန်းနှင့် ပညာရေးမှူးရုံးကို ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရဲသုံးဦး သေဆုံးကြောင်း ခရမ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Kayan PDF) တာဝန်ရှိသူက ပြောသည်။

“ထိခိုက်မှုက ငါးယောက်လောက် ရှိတယ်။ သေတာက သုံးယောက်ရှိတယ်။ ရဲစခန်းမှာက သုံးယောက် သေတယ်လို့ အတည်ပြုနိုင်တယ်။ ဒဏ်ရာရတဲ့ လူတွေက ခြေထောက်တွေ ဘာတွေ ထိတာလည်းရှိတယ်။ ပညာရေးမှူးရုံးမှာကလည်း ထိခိုက်မှု ရှိနိုင်တယ်။ အဲ့ဒီမှာ တပ်ဆွဲထားတာက ၁၈ ယောက်လောက် ရှိတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြနေသော လူငယ်များကို စစ်ကောင်စီ တပ်သားများက ဒီဇင်ဘာလ ၅ ရက်တွင် ကားဖြင့်တိုက်၊သေနတ်ဖြင့် ပစ်၍ အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းအတွက် ယခုဖောက်ခွဲမှုဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြော သည်။ mizzima

« Older Entries Recent Entries »