ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းတွင် PDF က ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅၀ သေဆုံးပြီး စစ်ရဟတ်ယာဉ် အသုံးပြု ပစ်ခတ်

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က ယနေ့ တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ် သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း CDF က ပြောသည်။
ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက် နေ့ နံနက်၇ နာရီ၃၀ မိနစ်မှစ၍ ၈ နာရီ ၃၀ အထိ ကန်ပက်လက်မြို့မရဲစခန်းတွင်တပ်စွဲထားသော အ ကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းစစ်ကြောင်းထိုးလာသဖြင့် CDF Kanpetlet နှင့်တိုက်ပွဲ ၁နာရီကြာဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF က ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် အောင်စည်မြေကျေးရွာအနီးတွင် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ရှိ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၃ ဘက် ၃ တန်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးကြောင်း ဒီပဲယင်း PDF သတင်းရင်းမြစ်က ပြောသည်။
“စစ်တပ်က အင်အား ၁၀၀ နဲ့ ထိုးစစ်ဆင်လာတာကို ကျနော်တို့က ၃ ဘက်ပိတ်ဆို့တိုက်တာပါ။ သူတို့ဘက်က ၅၀ နဲ့ ၆၀ ကြား သေတယ်။ အဲဒါ စစ်ရဟတ်ယာဉ်တွေနဲ့ လာပစ်လို့ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်။ ကျနော်တို့ဘက်က ၂ ဦးကျဆုံးပါတယ်” ဟု ဒီပဲယင်းသတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များ ဒီပဲယင်းတွင် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit